(င)-မွေးမြူရေး လုပ်ငန်းရှင်များ၊ တောင်သူဦးကြီးများအား အသိပညာပေးရန်နှင့် မွေးမြူထားသော ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်များအား ထိရောက်စွာ ကုသပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကျေးလက်နေ ၇၀ ရာခိုင်နှုန်းသော တောင်သူဦးကြီးများက စိုက်ပျိုးရေးကိုအဓိကထား အသက်မွေးဝမ်းကျောင်း ပြုနေရပါကြောင်း၊ လက်ရှိလက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆဲကာလ ဖြစ်သော်လည်း အများစုမှာ လက်မှုလယ်ယာအဆင့်သာ ရှိပါသေးကြောင်း၊ တောင်သူဦးကြီးများအတွက် စိုက်ပျိုးထွန်ယက်ရာတွင် ကျွဲ/နွားများကို မရှိမဖြစ် အားကိုးအားထားပြုပြီး စိုက်ပျိုး
