(က)-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ အနေဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေးရမည့်ကျေးရွာ အုပ်စုများသို့နိုင်ငံတော်ခရီးစရိတ်အသုံးပြု၍ဆောင် ရွက်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံအတွင်း ကျေးရွာအုပ်စုပေါင်း ၆၃၀၀၀ ကျော်ရှိပြီး ကျေးလက်နေပြည်သူ အများဆုံးမှာ တောင်သူလယ်သမားများဖြစ်ကာ နိုင်ငံတော်အတွက် စားသုံးဆန် ဖူလုံရေး၊ ဆီထွက်သီးနှံဖူလုံရေး၊ အထည်များဝတ်ဆင်နိုင်ရန်အတွက် စပါး၊ နှမ်း၊ မြေပဲ၊ ဝါမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း ထိုသို့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ် ထုတ်ချေးလျက်လည်း ရှိပါကြောင်း၊ သို့သော်လည်း အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရာတွင် တောင်သူများအနေဖြင့် မြို့ပေါ်ရှိ မြန်မာ့စီးပွားရေး၊ မြ
