(င)-ဖလမ်းမြို့နယ်၊ ရမ်တလိုရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန(Rural Health Center)အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှုကို ထိရောက်စွာ လွှမ်းခြုံနိုင်စေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းမြို့ခုတင် (၂၀၀) ဆံ့ဆေးရုံတစ်ရုံ၊ ဖလမ်းမြို့သူနာပြု သင်တန်းကျောင်း တစ်ကျောင်း၊ တိုက်နယ်ဆေးရုံသုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာနရှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၆ ခုဖွင့်လှစ်လျက်ရှိပါကြောင်း၊ အဆိုပါကျေးလက်ကျန်းမာရေး ဌာနခွဲမ
