ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

ဆာ မဲဆန္ဒနယ်၏ ဆင်ပေါင်ဝဲမြို့နယ်ရှိ ယိုယွင်းပျက်စီးနေသော ပြည်သူ့ဆေးရုံအဆောက် အဦးကိုအသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ရန်ကုန်-ပြည်-မကွေး ပြည်ထောင်စု လမ်းမကြီးနှင့် ၁၇ မိုင်ခန့်အကွာ အတွင်းဘက်တွင် တည်ရှိပြီး လူဦးရေ ၁၅၀၀၀၀နှင့် ကျေးရွာပေါင်း ၁၃၈ ရွာရှိသော်လည်း ချောင်ကျခြင်း၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းတို့သည် ခေတ် အဆက်ဆက် ပြောင်းလဲ ခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပါကြောင်း၊  ထို့ပြင် ဆင်ပေါင်ဝဲမြို့နယ် ၏ ပြည်သူ့ဆေးရုံကြီးကို တည်ဆောက်ပြီးစီးခဲ့ သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ သဖြင့် များစွာဟောင်းနွမ်းပျက်စီးလျက်ရှိကြောင်း၊  မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူး၏ ခရီးစဉ်တွင် မြို့နယ်ဆရာဝန်ကြီးသို့ လမ်းညွှန်ချက်မ

(က)-တရုတ်ပြည်မှတင်သွင်းလာသော ပဲပုတ်ဖတ် များတွင်မယ်လမင်းကဲ့သို့ဓာတုအဆိပ်အတောက် ဓာတ်များပါဝင်နေ၍ကျန်းမာရေးဆိုးကျိုးမဖြစ်အောင် ကာကွယ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

၁၇-၈-၂၀၁၃ ခုနှစ်ထုတ် Daily Eleven သတင်းစာတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော တိရစ္ဆာန် အစားအစာဖြစ်သည့် ပဲပုတ်ဖတ်များတွင် မယ်လမင်း ဓာတ်များ ပါဝင်နေသည်ဟု ဖတ်ရှုရသဖြင့် စားသုံးသူများကို ကျန်းမာရေးဆိုးကျိုး မဖြစ်စေရန် ကာကွယ်နိုင်ရေးအတွက် မေးမြန်းရပါကြောင်း၊ မြန်မာနိုင်ငံတွင် ပဲဆီ၊ နှမ်းဆီ၊ ပဲပုတ်ဆီများကို ပြည်တွင်း-ပြည်ပမှတင်သွင်းသော စားအုန်း ဆီဈေးနှုန်းနှင့်ယှဉ်၍ မရောင်းနိုင်သည့်အတွက် ဆီစက်များ၏ ၆၀၊ ၇၀ % ရပ်ဆိုင်းနေ ရခြင်းကြောင့် ပြည်တွင်း၌ ကြိတ်ဝါးထုတ်လုပ်သော တိရစ္ဆာန် အစားအစာဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုတ်ဖတ်များ ရှားပါး လာ၍ ဈေးတက်လာ သည်ကို တွေ့ရှိရ ပါကြောင်း၊ သား၊ ငါး၊ ပုစွန်မွေးမြူသူများသည်

-နေပြည်တော်ရှိအားကစားကွင်း/ရုံ (Sports Complex)များအားမည့်သို့ဆက်လက်အသုံးချ သွားမည်နှင့်ကျောင်းသားအားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပသွားရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် အားကစားဆိုင်ရာမေးခွန်းနှစ်ခုမေးမြန်းသွားမှာဖြစ်ပါကြောင်း၊ ပထမမေးခွန်းမှာ မြန်မာ့ အားကစားတိုးတက်မြင့်မားလာရေး အတွက် နေပြည်တော်မှရှိ အားကစားကွင်း၊ အားကစားရုံ (Sport Complex) များကို အကျိုးရှိရှိ မည်ကဲ့သို့ ဆက်လက်အသုံးချသွားမည်နည်းနှင့် ဒုတိယမေးခွန်းမှာ အမျိုးသားအားကစား ပြိုင်ပွဲများနှင့် ကျောင်းသားအားကစား ပြိုင်ပွဲများကို နိုင်ငံတော်တွင် ဆက်လက်ကျင်းပသွားရန် အစီအစဉ်ရှိ/မရှိ ဆိုတဲ့မေးခွန်းများဖြစ်ပါကြောင်း။

ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကိုယ့်အား ကိုယ်ကိုး ကျေးလက်ဆေးပေးခန်း(ခွဲ)များ၏ အဆောက်အဦကို ပြင်ဆင်ပေးနိုင်ခြင်း(သို့) ပံ့ပိုးပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်မှ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျေးလက် ကျန်းမာရေးဆေးပေးခန်းများ၏ လက်အောက်တွင် ရှိသော ကျေးလက် ကျန်းမာရေးခွဲများကို ကျေးလက်နေပြည်သူလူထုက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ကြပါကြောင်း၊ ကျေးလက်နေဒေသခံပြည်သူများ၏ အားဖြင့် စတင်ဆောင်ရွက် အခြေပြုပြီး ကျန်းမာရေးစောင့်ရှောက်မှု များကို လည်း ဆောင်ရွက်လျက် ရှိရာ ယင်းဆေးပေးခန်းခွဲများ ၏ အဆောက်အဦ ပျက်စီးယိုယွင်းလာပါက ပြင်ဆင်ရမည်ဖြစ်ပါသောကြောင့် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ကျေးလက်ဆေးပေးခန်းခွဲများ၏ အဆောက်အဦများကို ကျန်းမာရေးဌာနအနေဖြင့်ပြင်ဆင်ခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းအစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပ

ဆော့လော်မြို့ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကိုဆေးရုံ အဆောက်အဦအသစ် တည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဆော့လော်မြို့နယ်ရှိ ၁၆ ခုတင်ဆံ့ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ထားပြီးဖြစ်သော်လည်း ဆေးရုံအဆောက်အအုံသည် နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီးဖြစ်ပါသဖြင့် ရာသီဥတုဒဏ်ကြောင့်ပြိုကျပျက်စီးလျက်ရှိရာ ထိုသို့ ဟောင်းနွမ်းပျက်စီးနေခြင်းကြောင့် ဆေးရုံဝန်ထမ်းများ လာရောက်နေ ထိုင်မှုတွင် အခက်အခဲရှိခြင်း၊ လူနာများ ဆေးရုံသို့ဆေးဝါးလာရောက် ကုသစဉ် နေရာထိုင်ခင်းအခက်အခဲများနှင့် ရာသီဥတုဒဏ်ကိုပါ ခံစားကြရခြင်း။ ယခုအချိန်တွင် ဆေးရုံ၌ တာဝန်ကျဆရာဆရာမများလာရောက်နေထိုင်၍ ဆေးဝါး ကုသပေးခြင်းများမရှိတော့သည့် အတွက်ကြောင့် ဆေးရုံအဆောက်အအုံအသစ် တည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်

ယင်းမာပင်မြို့နယ်ဆေးရုံအားခရိုင်အဆင့်ဆေးရုံသို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနှင့် ကနီမြို့နယ်များကို စုစည်းကာ ယင်းမာပင်ခရိုင်အဖြစ် သတ်မှတ်အတည်ပြုပြီး ခရိုင်ရုံးစိုက်ရာ ယင်းမာပင်မြို့သည် လက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံ အဆင့်သာရှိ ပါ သည်။ ဆေးရုံဖွဲ့စည်းပုံ ပြည့်စုံစွာရှိပြီး ဝန်ထမ်းများနှင့်ဆေးရုံအုပ်တို့၏ ကြိုးစားမှုကြောင့်လည်းကောင်း၊ အခမဲ့ ကုသပေးနိုင်မှုကြောင့်လည်းကောင်း ပြည်သူများက အားကိုးလာကြပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပိုမိုပေးနိုင် သည်ကိုတွေ့ရှိရသည်အတွက် မုံရွာမြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသော်လည်း ခရိုင် အဆင့်နှင့်လျော်ညီသော ဆေးရုံ တစ်ရုံကို      အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မ

ကလေးခရိုင်၊ ခုတင် (၂၀၀)ဆေးရုံကြီးတွင် သမားတော်ကြီး (ဖျားနာ)၊ လ/ထ ဆရာဝန် (ဖျားနာ) (၂) ဦးနှင့် မျက်စိအထူးကု ဆရာဝန်ကြီး၊ ဓာတ်မှန်ဆရာဝန်တစ်ဦး ထပ်မံခန့်ထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ကလေးမြို့နယ်သည် လူဦးရေ ၃၀၀၀၀၀ ကျော် နေထိုင်သော မြို့နယ်ဖြစ် ပြီး နိုင်ငံတော် အလိုက် ဖွင့်လှစ်ပေးထားသော ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးသည် ကလေးမြို့နယ်မှ ဒေသခံများအပြင် ကလေးဝ၊ မင်းကင်း၊ တမူးမြို့နယ်များ မှ ပြည်သူများ၏ အားထားရာလည်းဖြစ်ပါကြောင်း၊ ယခုအခါ အရေးကြီး အထူးကု ဆရာဝန်ကြီးများရှိကြသော်လည်း အောက်ပါအထူးကု ဆရာဝန်ကြီးများ လစ်လပ်နေသည့်အတွက် အမြန်ဆုံးခန့်ထားပေးရန် နှင့် အစားထိုးခန့်ထားပေးရန် သိရှိလို၍ မေးမြန်းရခြင်းဖြစ်ပါသည်။လစ်လပ်လျက်ရှိသောသမားတော်ကြီး (ဖျားနာ)နှင့်လက်ထောက် သမားတော်(ဖျားနာ) နှစ်ဦးကို ခန့်ထားပေးရန်၊ မျက်စိအထူးကုဆရာဝန်ကြီးသည် နေပြည်တော်(မျက်ခမ်းစပ်)ကို ပြောင်းရွှေ့ သွားသည့်အတွက် မျက်

ထောက်ကြန့်မြို့တွင် ခုတင် ၂၀၀ ဆံ့ဆေးရုံကြီး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည်‌့ ကာလတွင် စတင် ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့သည် ရန်ကုန်-မန္တလေး အမှတ်(၁)လမ်းမကြီး၊ ရန်ကုန်-ပြည် လမ်းမကြီး ဆုံရာ မြို့တစ်မြို့ဖြစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ် ၅ မြို့မှာလည်း တစ်မြို့နယ်စီတွင် လူဦးရေ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင် အထိ နေထိုင်ပြီး စုစုပေါင်း တစ်သန်းနီးပါးမျှ ပြည်သူများနေထိုင်သော မြို့နယ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန်၊ အရေးပေါ်လူနာများကို အချိန်တိုအတွင်းကုသနိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ၊် ထောက်ကြန့်မြို့ လမ်းဆုံရာမြို့တွင် ခုတင် ၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးပါရန်၊ ထိုကဲ့သို့ ဆောက်လုပ်ရန်အတွက်လည်း ရန်ကုန်တိုင်းဒ

(ခ)- မောက်မယ်မြို့၊ကဒူးကြီး(ဈေးတန်း)ရွာ၊ နားဟီးကျေးရွာနှင့်ဗန်းမက်ကျေးရွာတို့၌ ကျေးလက် ကျန်းမားရေးဌာနခွဲများ ခွဲဝေခန့်ထား၍ကျေးလက် လူထု ကျန်းမာရေး ကဏ္ဍ မြှင့်တင်ပေးနိုင်မည့်အစီ အစဉ်များကိုသိလိုသည်နှင့်စပ်လျဉ်းသည့် မေးခွန်း

မောက်မယ်မြို့နယ်သည် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ကဒူးကြီးအုပ်စု သည် ဝေးလံ ခေါင်သီ၍ ခြေလျင်တောင်တက် ခရီးဖြင့်သာ ဆက်သွယ်သွားလာနိုင်သော ရှမ်း၊ ကယားနယ်စပ်ဒေသ တစ်ခုဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်နှင့် အလှမ်းကွာဝေးသဖြင့် အရှေ့ဘက် လင်းခေးမြို့နယ် ဝမ်ဆလောင်းဒေသနှင့်လည်းကောင်း၊ အနောက်ဘက် ဆီဆိုင်မြို့နယ်နှင့်လည်းကောင်း ကျေးရွာလူထုမှ ဆက်သွယ်သွားလာ၍ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စများကို မိမိတို့ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းလာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပါကြောင်း၊ ကဒူးကြီးဒေသတွင် ကဒူးကြီး၊ နားဟီး၊ ဗန်းမက်ဟူ၍ အုပ်စုငယ် သုံးနေရာထပ်မံခွဲခြားထားပြီး ရှမ်း၊ ပအိ

(ဃ)-ထားဝယ်ပြည်သူ့ဆေးရုံကြီးကို လက်ရှိခုတင် (၂၀၀) အဆင့်မှ ခုတင် (၅၀၀) အဆင့်ရှိ ဆေးရုံအဖြစ် တိုးချဲ့ ခွင့်ပြု ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းဆံ့မှ

တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိပါကြောင်း၊ လူဦးရေအားဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၁၃၄၁၀၇၄ ဦးရှိပါကြောင်း၊ ခရိုင် သုံးခု၊ ခရိုင်လူဦးရေ လေးသိန်းကျော်ရှိသည့်အတွက် ထားဝယ်မြို့နယ်တစ်ခုတည်းတွင် ၁၂၆၀၀၀ ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးမြို့တော်သည် ထားဝယ်ဖြစ်ပြီး‌ တိုင်းအစိုးရရုံးစိုက်ရာမြို့လည်းဖြစ်ပါကြောင်း၊