မတူပီမြို့နယ်၊ ဆဘောင်သဲကျေးရွာသည် မတူပီမြို့မှ မိုင် ၁၀၀ ခန့်ကွာဝေးပြီး အိန္ဒိယနယ်စပ် နယ်နမိတ်ကျောက်တိုင်နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နယ်စပ်ကျေးရွာ တစ်ရွာဖြစ်ပါကြောင်း၊ ဆဘောင်သဲကျေးရွာတွင် အထက်တန်းကျောင်းရဲစခန်းနှင့် တပ်စခန်းများရှိသော်လည်း ကျန်းမာရေးဌာနခွဲအဆင့်သာ ရှိသည့်အတွက် ကျောင်းသားပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို လုံလောက်စွာမပေးနိုင်ပါကြောင်း၊ ကျန်းမာရေးဌာနအဆောက်အဦမှာလည်း ဟောင်းနွမ်းယိုယွင်း နေပြီဖြစ်သည့်အတွက် အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် အုပ်ချုပ်ရေးမှူး နေအိမ်ကိုသာ ဆေးခန်းလုပ်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာန ဝန်ထမ်းများအတွက်၊ ဝန်ထမ်းအိမ်ရာခြင်းကြောင့် ဝန်ထမ်းများကလည်း အမြဲနေထိုင်လေ့မရှိဘဲ တစ်လတစ်ခေါက်သာ သွားရောက်ပြီး ၂ ရက်၊ ၃ ရက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် တည်းခိုနေရပြီး ပြန်သွားလေ့ရှိသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်မပေးနိုင်ခဲ့ပါကြောင်း၊ ဆဘောင်သဲကျေးရွာနှင့် ၁၀ မိုင် ခန့်ကွာဝေးသော ဆဘောင်သဲကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနရှိသော်လည်း ချင်းပြည်နယ်၏ ရာသီဥတုအရ မိုးကာလတွင် သွားလာရေးအင်မတန် ခက်ခဲသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အခက်အခဲများစွာ ရှိနေရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ဆုပ်ကိုင်ထားခြင်းမရှိဘဲ မြေပြင်အခက်အခဲအလိုက် မူဝါဒများကို ဖြေလျှော့ပေးပြီးမှ လက်တွေ့အခက်အခဲနှင့် အခြေအနေမှန်အရ လိုအပ်ချက်များကို အခြေခံပြီး ဆဘောင်သဲကျေးရွာ ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနဌာနအဖြစ် တိုးမြှင့်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်၊ မတူပီဘက်တွင် တိုက်နယ်ကျန်းမာရေးဌာနနှစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀ ခုနှင့် ဌာနခွဲ ၄၀ နှင့် မိခင်နှင့်ကလေးဌာနခွဲ တစ်ခုရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးအတွက် ဝန်ထမ်းအင်အားအနေဖြင့် မြို့နယ်အဆင့် သူနာပြုတစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၆ ဦး၊ ပြည်သူ့ကြီးကြပ် (၁) လေးဦး၊ ကျန်းမာရေးဆရာမ ၁၁ ဦး၊ သားဖွားဆရာမ ၄၈ ဦး၊ ကြီးကြပ် (၂) ၅၆ ဦးတို့နှင့်လူဦးရေ ၆၀၀၀၀ နီးပါးတို့ကို ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း၊
၎င်းကျေးလက်ကျန်းမာရေး ဌာနဆိုတာက ကျေးလက်ကျန်းမာရေးဌာန တစ်ခုရှိလျှင် ၎င်းအောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုရှိပါကြောင်း၊ တချို့နေရာတွင် ခြောက်ခုရှိပါကြောင်း၊ ဆဘောင်သဲကိုကြည့်သည့်အခါတွင်လည်း နယ်စပ်ဘက်ကို ရောက်ရှိနေပါကြောင်း၊ တစ်ဘက်က အိန္ဒိယနိုင်ငံ ဖြစ်သည့်အခါ ရွာကမြို့အစွန်ရောက်နေပါကြောင်း၊ မတူပီမြို့နယ် ထိပ်ဖျားရောက်နေသည့်အခါ ပေး၍မရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန အဆင့်ဆိုလျှင် ခုနကပြောသည့်လေးခုကို ထပ်မံဖွင့်၍မရပါကြောင်း၊
ချင်းပြည်နယ် ပြည်နယ်တွေများကို ဦးစားပေးပြီး ဖြစ်နိုင်လျှင် Criteria List အားလုံးကို အကုန်လျော့ပါကြောင်း၊ ပြည်နယ်ဦးစီးမှူးမှ မလိုအပ်ပါက သဘောထားချက်လည်း ထပ်ပေးပါကြောင်း၊ နောက်တစ်ချက် ပြည်နယ်ဦးစီးမှူးက မလိုသော်လည်း ပေး၍ရနိုင်ခြင်းရှိ/မရှိ ဆိုတာက အချက်ငါးချက်ရှိပါကြောင်း၊ ကျန်းမာရေးဌာနခွဲ RSC လုပ်မည်ဆိုလျှင် အချက်ငါးချက် ရှိပါကြောင်း၊ ၎င်းအချက်ငါးချက်မှာ သုံးချက်က မမိဘူးဖြစ်နေပါကြောင်း၊ မမိသည့်သုံးချက်က ၎င်း ကျေးရွာတစ်ရွာကို ကျန်းမာရေးဌာန RHC၊ Rual Heal Centre ပေးမည်ဆိုလျှင် သူ့အောက်မှာ ကျေးရွာအုပ်စု ၁၀ ခု ၁၅ ခုရှိရမည်ဖြစ်ပြီး သွားလာလုပ်ကိုင်နိုင်သော နေရာဖြစ်ရမည်၊ ကျေးလက်ကျန်းမာရေး ဌာနလုပ်မည်ဆိုလျှင် လူဦးရေ ၁၀၀၀၀ နှင့် ၁၅၀၀၀ ရှိရမည်၊ သူ့အောက်တွင် လူဦးရေက ၁၆၄၈ ယောက်၊ ဆေးမရှိဘူးဟု ပြောသည့်အခါတွင်လည်း ဆေးရှိ/မရှိကို ပြန်လည်သုံးသပ်ပြီး အမြန်ဆုံးပေးရမည်ဖြစ်ပါကြောင်း၊ မတူပီမြို့နယ်၏ အခြေအနေကို ပြန်သုံးသပ်သည့်အခါ ပြည်သူ့ကျန်းမာရေးတွင် သားဖွားဆရာမ ၄ ဦးလစ်လပ်လျက်ရှိပါကြောင်း၊ နောက် ဆဘောင်သဲကျေးလက်ကျန်းမာရေးဌာနတွင် RHC တွင် နှစ်ဦး၊ သူ့အောက်တွင်ရှိသည့် Sub Center နှစ်ခု၏ တီဆီးနှင့်ပင်သီယာတွင်လည်း တစ်ဦးစီ ကိုလည်းမိမိတို့ ခန့်မည်ဖြစ်ပါကြောင်း၊ သားဖွားဆရာမ ၁၀၄၆ ဦးခန့်ရန်လည်း Cabinet က ရပါပြီ။ ဒီလ ၂၈ ရက်နေ့တွင် လျှောက်လွှာပိတ်မည် ဖြစ်ပါကြောင်း၊ မတ်လ ၃ ရက်နေ့ နှုတ်ဖြေစာမေးပွဲဖြေပြီး ရသည့်အခါ ချင်းပြည်နယ်ကို ပို့ပေးပါမည်။ ချင်းပြည်နယ်တွင် တိုင်း/ပြည်နယ်ဦးစီးမှူးနှင့် တိုင်ပင်ပြီး တာဝန်ချထား ၍ရပါကြောင်း၊
ပြည်နယ်/တိုင်းများအား ဆေးဝါးကို အကုန်လုံးတစ်ပြည်လုံး အတိုင်းအတာနှင့် သန်းပေါင်း ၁၉၅၀၀ ဖိုးချပေးပါကြောင်း၊ ချင်းပြည်နယ်၊ မတူပီအတွက်ကို မိမိတို့က သန်းပေါင်း ၁၈၀ သန်း ခန့်ချထားပေးပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကဝယ်၍ မလောက်ပါက ဗဟိုကနေ ဝယ်ထားသည့် ဆေးပေါင်း ၃၀ ဘီလီယံရှိပါကြောင်း၊ ၃၀ ဘီလီယံ ဖြင့်အလောက်ပါက ထပ်မံပေးပါကြောင်း၊ ၂၀၁၈-၁၉ တွင် Sub Center ၏ အဆောက်အဦကို ပြင်ဆင်ပေးမည် ဆိုသည်ကို ရှင်းလင်းဖြေကြားပါသည်။
