ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

(စ)-ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စု၊ ရင်ပေါင်တိုင်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကျန်းမာရေးဌာနသည် မုံရွာ-ယင်းမာပင်-လည်ငေါက်-အလောင်းတော်ကဿဖလမ်း ဓမ္မချောင်း၏ မြောက်ဘက်တွင် တည်ရှိပါ ကြောင်း၊ ရင်ပေါင်တိုင် ကျေးလက်ကျန်းမာရေးဌာန၏ အရှေ့ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် အနောက် ဘက်တွင် ပုလဲမြို့နယ်၊ မြောက်ဘက်တွင် ဆင်စွယ်ကျေးလက်ကျန်းမာရေးဌာနခွဲတို့ရှိပါကြောင်း၊ ရင်ပေါင် တိုင်ကျေးလက် ကျန်းမာရေးဌာန သည် (အလျား ၁၅ မိုင် x အနံ ၇ မိုင်)ရှိပြီး ၁၀၅ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး ကျေးလက်ကျန်းမာ

(ဃ)-မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ အန္တရာယ်ရှိအဆောက်အဦအား ဖျက်သိမ်း၍ အဆောက်အဦသစ် ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်အောင်မြို့နယ်တွင်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေး ကုဌာနမြန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက် ဘလင်ကျောင်းကြီးလမ်းနှင့် ဇေယျာသီရိ ဘုရားလမ်းဆုံရာ အမှတ် (၁) အ.ထ.က ကျောင်းနှင်‌့ရှေးဟောင်းသမိုင်းဝင် မင်းကံကြီးရေကန် အနီးတွင် ဆက်စပ်တည်ရှိနေပါကြောင်း၊ အဆောက်အဦတွင် (အလျား ၃၀ ပေ x အနံ ၃၀ ပေ x အမြင့် ၃၀ ပေ) ရှိသော သစ်သားအုပ်ညှပ်တစ်ထပ် အမျိုးအစားအဆောက်အဦ ဖြစ်ပါက

(င)-ပြည်ထောင်စုအစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုများတွင် ပြည်သူလူထု ပိုမိုအားထားလာသော မျက်စိအထူးကုဆေးရုံကြီး (YANGON EYE HOSPITAL) အား ဆေးရုံအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်လမ်းမှာတည်ရှိ မျက်စိအထူးကုဆေးရုံကြီး (YANGON EYE HOSPITAL) က ဗဟိုအဆင့်မြင့်ပင်မ ဆေးရုံကြီးတစ်ခုဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ် ကလာရောက်ပြီး မျက်စိရောဂါအမျိုးမျိုး ကုသပြသကြသည့် သူများသည် တစ်နှစ်ထက် တစ်နှစ်အတွင်း လူနာဌာန၊ အပြင်လူနာဌာနတွင် ပိုမိုများပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ အပြင်လူနာဌာနတွင် လာရောက်ပြသကြသည့် လူနာများသည် နှစ်အလိုက်ကုသမှု များပြားလာခြင်းဖြစ်ပြ

(ဂ)-လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ယခင်အောင်မြေသာယာ ဘောလုံးကွင်းအား မြို့နယ်အဆင့် ဘောလုံးအားကစားကွင်းအဖြစ် သတ်မှတ်ပေးပြီး အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

လှိုင်သာယာမြို့နယ်မှာ လူဦးရေရှစ်သိန်းကျော်ခန့်နေထိုင်ပြီး လူနေထူထပ်သော မြို့နယ်တစ်ခု ဖြစ်သောကြောင့် လူငယ်လူရွယ်များ စာရိတ္တမြင့်မားရေး၊ ကိုယ်ကာယကြံ့ခိုင်ရေး ကျန်းမာသန်စွမ်း စေပြီး မူးယစ်ဆေးဝါးအန္တရာယ် ဒုစရိုက်လောကမှ ကင်းဝေးနိုင်စေရန်နှင့် အားကစား စိတ်ဓာတ် မြင့်မားလာစေပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်စေရန်အတွက် အဆင့်မီအားကစားကွင်း လိုအပ်လျက် ရှိနေပါသဖြင့် ပြည်သူများက အဆင့်မီအာ

(က)-ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ်တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသည် ဒေသခံရပ်မိရပ်ဖပြည်သူများက ၁၉၈၆ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးဖြင့် စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ခြင်း ဖြစ်သည့်အတွက် စံကိုက် ဆေးရုံအဖြစ် မပြည်‌့စုံသော်လည်း ဒေသခံပြည်သူများက အားကိုးအားထားရသော

(ခ)-လယ်ဝေးမြို့နယ်ပိုင် အားကစားကွင်းသစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် အပြီးသတ်တည်ဆောက် ပေးမည်နှင့် အားကစားဝန်ကြီးဌာနပိုင် လေ့ကျင့်ရေးကွင်းတွင် အခမဲ့ကစားခွင့်ပြု/မပြု သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန်အတွက်ဆိုလျှင် ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ်လူငယ်များ၏အပေါ် များစွာမူတည် နေပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးများတွင် တိုးတက်လာအောင် ကြိုးစားဖို့လိုသကဲ့သို့ ကိုယ်ကာယနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက်လည်း အားကစားပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြို့တိုင်း၊

(ဂ)-လေရှီးမြို့နယ်အတွင်းရှိ လေယုံ၊ငကျန်၊ဂျီလာ၊ ရန်ပိုမိုနွေး၊မော်နွမ်း၊ထဝိုင်၊နမိယူပီ၊ဆပ်ပြာ၊ချယ်ရာ၊ ခိုလာ၊ဝမ်းဘဲနှင့်မိုဒွန်ရွာမကျေးရွာများတွင်၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးပေးခန်း အဆောက် အဦ ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့်မေးခွန်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်သည် ရပ်ကွက်/ကျေးရွာအုပ်စု ၂၆ ခု၊ ကျေးရွာပေါင်း ၇၇ဦးကျော်ဌေး (လေရှီး) ရွာရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၃ ခု ရှိသည့်အနက် ဆေးပေးခန်း အဆောက်အဦ ဆောက်လုပ်ပြီးသား ကျေးရွာ ၁၁ ရွာရှိပြီး ကျန်ရှိသည့် ၁၂