ပြည်ထဲရေးဝန်ကြီးဌာန

(ခ)-ကျေးရွာများတွင် နေထိုင်သော ပြည်သူများ၏ ခြံမြေများကို ဂရန်မြေများအဖြစ် ဖော်ထုတ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

အိမ်ခြံမြေသည် ဥပဒေအရ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း တွင်ပါဝင်ပါကြောင်း၊ ၎င်းမရွှေ့မပြောင်းနိုင် သည့်ပစ္စည်းများကို ရောင်း/ဝယ်/ ပေးကမ်းခြင်း အခြားနည်းတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးမည် ဆိုပါက ၎င်းပစ္စည်းများကို ပစ္စည်းလွှဲပြောင်းရေးဥပဒေ ပုဒ်မ ၅၃ ပုဒ်မခွဲ (က)အရလည်းကောင်း၊ တံဆိပ်ခေါင်းခွန် ဥပဒေပုဒ်မ ၁၇(၁)နှင့် ယခုနှစ်တွင် ပြဋ္ဌာန်း လိုက်သည့် စာချုပ်စာတမ်းဥပဒေ ၁၆ (က)မှ (ဆ)အထိ ပြဋ္ဌာန်းထားသည့်အချက်များနှင့်

(က)-အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် နယ်မြေမီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကွင်းကောက်ဒေသသည် ပတ်ဝန်းကျင်ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုနှင့် ဝန်းရံထားပြီး အနီးဆုံး မီးသတ်စခန်းများဖြစ်သည့် အင်္ဂပူစခန်းနှင့် ၁၅ မိုင်၊ ဟင်္သာတစခန်းနှင့် ၃၂ မိုင်၊ ငါးသိုင်းချောင်း စခန်းနှင့် ၃၅ မိုင်ခန့်ကွာဝေးပြီး ပုသိမ်- မုံရွာကားလမ်းကြီး၏ဘေးတွင် တည်ရှိပါကြောင်း၊ အိမ်ခြေ ပေါင်း ၁၇၀၆၁ အိမ်၊ ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုရှိပြီး ပတ်ဝန်းကျင်ကျေးရွာအုပ်စု ၄ အုပ်စုနှင့်ပေါင်းလျှ

(ခ)-ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ကြား မြေနေရာတွင် မီးသတ်စခန်းခွဲ (၁) ခု၊ စက်မှုဇုန် (၁)၊ (၂)၊ (၃) အတွင်းရှိ မြေနေရာတွင် မီးသတ်စခန်းခွဲ (၁) ခု ချထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ကြား မြေနေရာတွင် မီးသတ် စခန်းခွဲ(၁)ခု၊ စက်မှုဇုန်(၁)၊ (၂)၊ (၃) အတွင်းရှိ သင့်လျော်သောမြေနေရာတွင် မီးသတ်စခန်းခွဲ(၁)ခု ခွင့်ပြုချထားပေးရန်နှင့် မြို့နယ်မီးသတ်စခန်းအတွင်းရှိ ဟောင်းနွမ်းနေသော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

(ဂ)-ရဲနယ်မြေ (၅) ခု အနက် စေတီပြင်နယ်မြေနှင့် လောင်ချောင်းနယ်မြေကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တာဝန်ယူ စေပြီးမြို့မနယ်မြေ၊ ကူတောင်နယ်ခြား စောင့်နယ်မြေ၊ ကျောက်တန်းနယ်ခြားစောင့်နယ်မြေတို့ကို မြို့နယ်ရဲတပ်ဖွဲ့ အား တာဝန်ယူဆောင်ရွက်စေရန် အစီအစဉ်ရှိ/မရှိ မေးခွန်း

ရသေ့တောင်မြို့နယ်ရှိ ရဲနယ်မြေငါးခုအနက် မေယူမြစ်အနောက်ဘက်ခြမ်းတွင်ရှိသော စေတီပြင် နယ်မြေနှင့် လောင်ချောင်းနယ်မြေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ယူစေပြီး မေယုမြစ်အရှေ့ဘက် ခြမ်းတွင် မြို့မရဲစခန်းအပိုင်နယ်မြေနှင့် တစ်ဆက်တစ်စပ်တည်းရှိသော မြို့မနယ်မြေ၊ ကူတောင် နယ်ခြားစောင့်နယ်မြေ၊ ကျောက်တန်းနယ်ခြားစောင့်နယ်မြေတို့ကို မြို့နယ်ရဲတပ်ဖွဲ့အား တာဝန်ယူ ဆောင်ရွက်စေရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မ

(စ)ကျွဲနွားနှင့်ဆိတ်တို့အားတရားမဝင်ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းကိုတားမြစ်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်၏ နယ်စပ်အသီးသီးဖြစ်ကြသော အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ်နိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ ဦးတင်မောင် (ချမ်းမြသာစည်)နယ်စပ်များမှ တစ်ဖက်နိုင်ငံများသို့ တရားဝင်တစ်မျိုး၊ မှောင်ခိ

(င)နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်သိမ်းဆည်းခဲ့သော နိုင်ငံ အဝှမ်းလိုင်စင်ဖြင့်ကိုင်ဆောင်ခဲ့သောသေနတ် များအား မူလပိုင်ရှင်များ သို့မဟုတ်အမွေ ဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးသိန်းထွန်းဦး (အမရပူရ)ယခင်အစိုးရလက်ထက်တွင် နိုင်ငံအဝှမ်းရှိ လိုင်စင်အပြည့်ကိုင်ဆောင် ခဲ့သော သေနတ်များအား ခေတ္တ သိမ်းဆည်းသည်ဟုဆိုကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ သိမ်းဆည်းသွားခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊ အမရ

(ဃ)လွိုင်လင်၊ပင်လုံ၊မိုင်းပွန်၊နမ့်စမ်ဒေသများသို့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်နှင့် နမ့်စန်ဒေသများမှာ နေထိုင်ကြသော တိုင်းရင်းသား မိဘပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်လည်းကောင်း၊ ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာစေရန်လည်းကောင်း၊ သဘာဝတောတောင် ရှုခင်းများကို အခြေခံလျက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။