ပြည်ထဲရေးဝန်ကြီးဌာန

(က)-ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့်နှင့် လက်ခံမှု ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပြည့်စုံရမည့်အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့်၊ တင်မြှောက်ပိုင်ခွင့် ရှိ၊ မရှိ သိရှိလိုပါတယ်ရှင့်။ အကျိုးအကြောင်းဖော်ပြချက်အရ ကရင်ပြည်နယ်မှာရှိတဲ့ ကျေးရွာဒေသ အချို့မှာ ကျေးရွာလူကြီးအဖြစ်ထားရှိရာမှာ ပြဿနာကို သိမ်မွေ့ညင်သာစွာ ဖြေရှင်းတတ်သော၊ ပို၍ ပြောဆိုဆက်ဆံတတ်သော အမျိုးသမီးများကိုသာ ရွာလူကြီးအဖြစ် ထားရှိကြပါတယ်ရှင့်။ သို့ဖြစ်ပါ၍ ကျေးရွာအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပြည့်စုံရမည့်အရည်အချင်းနှင့် ကိုက်ညီ

(ခ)-အလယ်ချောင်းကျွန်းရှိ အလယ်ချောင်း ကျေးရွာတွင် ရဲကင်းစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျွန်းဟာ အလယ်ချောင်း ကျေးရွာအပါအဝင် ကျေးရွာရှစ်ရွာ တစ်ဆက်တစ်စပ်တည်းတည်ရှိပြီး အလယ်ချောင်းကျေးရွာဟာ အဓိကကျေးရွာကြီးဖြစ်ပါတယ်။ အိမ်ခြေပေါင်း ၃၉၅ နှင့် လူဦးရေပေါင်း ၂၃၅၅ ရှိပါတယ်။ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ သင်ပုန်းတန်း၊ ကံပြင်၊ ကုလားဘား၊ မကျည်းချောင်း၊ ကျွဲချက်အစရှိတဲ့ ကျေးရွာတွေမှာ စုစုပေါင်းအိမ်ခြေ ၁၆၂၀၊ လူဦးရေပေါင်း ၈၃၂၆ ဦး၊ စုစုပေါင်းကျွန်းမှာ အိမ်ခြေ ၂၀၁၆ အိမ်နဲ့ လူဦးရေပေါင်း ၁၀၆၈၁ ဦးနေထိုင်ကြပါတယ်။ အလယ်ချောင်းကျေးရွာမှာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းပေါင်း ၁၀၀ ခန့်လည်း‌ ကျ

(က)-လောင်းကစားမှုများ ပပျောက် နိုင်စေရေးအတွက် မည်သို့မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲ ကျင်းပပြီးသည့်နောက်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချဲထီ၊နှစ်လုံး၊ တစ်လုံးအပါအဝင် လောင်းကစားမှုများ ပြန်လည်ဦးမော့လာနေကြောင်း ကြားသိရပါတယ်။ လောင်းကစားမှုများ ပြန်လည် ဦးမော့လာခြင်းကြောင့် နိုင်ငံတော်ျမှ ဆောင်ရွက်လျက်ရှိသော ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိခိုက်မှာကိုလည်း ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် စိုးရိမ်နေမိ ပါတယ်။ အထူးသဖြင့် နိုင်ငံတော်မှ ထုတ်ပေးထားသော ချေးငွေများ ပြန်လည်မပေးဆပ်နိုင်ကြမှာ ကိုလည်း တွေးမိတိုင်းရင်လေးနေရပါတယ်။ သ

(ဃ)-လိုင်စင်မဲ့ မော်တော်ယာဉ် များကို ထိန်းချုပ် ဟန့် တားနိုင်မည့် ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

လိုင်စင်မဲ့ မော်တော်ယာဉ်များကို ထိန်းချုပ်ဟန့်တားနိုင်မည်‌့ ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် တစ်နှစ်အာမခံလိုင်စင်(ဝှီးတက်) များသည် မည်သူတို့ထံမှ ထွက်ရှိအသုံးပြုနေသည်၊ ဖမ်းဆီးအရေးယူမှုမည်မျှရှိ၍ မည်ကဲ့သို့ ထိရောက်စွာအရေးယူဆောင်ရွက်သည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ဦးသိန်းထွန်းဦး (အမရပူရ)

(ဂ)-အရေးပေါ်စီမံမှုဥပဒေတွင်ပြစ်ဒဏ်များတိုးထားခြင်း အားပြန်လည် လျှော့ပေါ့ရန် နှင့်ဝိသမ လောဘ စီးပွားရေးသမားများကိုနှိမ်နင်းမှုများ၌သုံးစွဲနေခြင်း များအားဖယ်ရှားရန်အစီအစဉ်ရှိ၊မရှိတို့နှင့်စပ်လျဉ်း သည့် မေးခွန်း

အရေးပေါ်စီမံမှုဥပဒေ အမိန့် ကြော်ငြာစာများအနက် ပြစ်ဒဏ်များကို တိုးမြှင့်ထားသော ဥပဒေများ။ ဥပမာအားဖြင့် ၁၀ (က)၊ (ခ) ပုဒ်မ ၅ ပုဒ်မခွဲ(ည) အစရှိသော ဥပဒေများကို ပြန်လည်လျော့ပေါ့ရန် အစီစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ပြင် အရေးပေါ်စီမံမှုဥပဒေပါ ပုဒ်မများကို ရပ်ကွက်ထဲ အလစ်သုတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ဖမ်းဆီးခြင်း၊ စီးပွားရေးဝိသမ သောင်းကျန်းမှု ကိစ္စများတွင် သုံးစွဲနေသည့် ကိစ္စများရပ်ကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း။

(စ)-အမျိုးသားညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် အပ်နှင်းရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည် နှင့် စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်သည် ပြည်သူ့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ရှေးရှု၍ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ပေါ်ပေါက်နိုင်ရေး အတွက်အမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့ရာ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို စတင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရပ်ဆိုင်ထားခဲ့ ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံအား ပြန်လည်ခေါ်ယူကျင်းပဆောင်ရွက်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကြီးအောင်မြင်စွာပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပေါ်ပေါက်ခဲ့ခြင်းကြောင့် လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးမဏ္ဍိုင်များအပြန် အလှန် ထိန်းကျောင်း ညှိနှိုင်းမှုများ ပွင့်

(င)-၁၉၄၉ခုနှစ်ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပြန် လည်ပြင်ဆင်ရေးဆွဲရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ပြည့်တန်ဆာဆိုသည်မှ ဗုဒ္ဓခေတ်ကတည်းကရှိခဲ့ပြီး၊ ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံအသီးသီးတွင် ပြည့်တန်ဆာများ ရှိနေပါကြောင်း၊ ဘာသာရေး အထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနှင့် မဖွံ့ဖြိုးတဲ့နိုင်ငံသာလျှင် ကွာခြားလျှက် ရှိရာ ပြည့်တန်ဆာများနှင့် ပတ်သက်သော ဥပဒေတွေများကိုလည်း ကမ္ဘာနိုင်ငံအများစုတွင် ပြဋ္ဌာန်းထားကြပါကြောင်း၊ အာရှဒေသတွင် ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတွင် ယင်းလုပ်ငန်းများကို တရားဝင်ဈေးကွက် အဖြစ်ကို သတ်မှတ်ပေးထားပါကြောင်း၊ ဤကိစ္စရပ်များမှာ မလွန်ဆန်နိုင်သော လူတန်းစားများအတွက် သီးခြား သတ်မှတ်ပေးထားခြင်းလည်းဖြစ်ပါကြောင

(ဆ)-တရားမဝင် ငွေတိုးချေးစား သူများအား ထိရောက်စွာ အရေး ယူနိုင်ရန် တည်ဆဲ ဥပဒေများ ကို ပြန်လည် သုံးသပ်ပြီး ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ယခင်အစည်းဝေးများတွင် “တရားမဝင် မှတ်ပုံတင်မရှိဘဲ စာချုပ်အလွတ်ယူပြီး ငွေချေးငှားမှု များကြောင့် ဆင်းရဲသည့်လူများ လိမ်လည် တရားစွဲခံနေရသည့်ကိစ္စ” ကို သာကေတ  မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက မေးမြန်းခဲ့ရာဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းစိန် က ယင်းကိစ္စများနှင့် ပတ်သက်ပြီး တည်ဆဲ ဥပဒေများအရ the Money-Lenders Act (၁၉၄၅)၊ အသေးစားငွေချေးလုပ်ငန်းဥပဒေ များနှင့် အရေးယူမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားထားခဲ့သော်လည်း ယခုမိမိထံ ရောက်ရှိ နေသော စာများအရ အောက်ပါ မေးခွန်းများကို ကျွန်တော်မေးမြန်းလိုပါကြောင်း၊