ပြည်ထဲရေးဝန်ကြီးဌာန

(ဇ)-ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ ခရီးသည်တင် မော်တော်ယာဉ်များအား ညပိုင်းတွင် မှောင်ရိပ်ခိုကာ ခဲများဖြင့် ပစ်ပေါက်သည့် ဖြစ်စဉ်များ မကြာခဏ ကြုံတွေ့နေရသဖြင့် လုံခြုံရေးအတွက် သက်ဆိုင်ရာက မည်သို့ဆောင် ရွက်ပေးမည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၃၂ မိုင်နားနှင့် အချို့သော နေရာများတွင် မော်တော်ယာဉ်များ အထူးသဖြင့် ခရီးသည်တင် Express ကားများအား ညပိုင်းတွင် မှောင်ရိပ်ခိုကာ ခဲများဖြင့် ပစ်ပေါက် သည့်ဖြစ်စဉ်များ ကြုံတွေ့နေရကြောင်း သတင်းများ ကြားသိရှိရပါတယ်။ အဆိုပါ ခဲပေါက်သူများမှာ ခဲပေါက်ပြီးသည်နှင့် ထွက်ပြေးမသွားဘဲ ထိုနေရာတွင် ရပ်စောင့်၍ ကားရပ်သွားလျှင် တစ်ခုခု လုပ်ရန်စောင့်ဆိုင်းနေကြောင်းနှင့် ပစ်ပေါက်ခံရသောကားများမှာ မိမိတို့ကား ဘာဖြစ်လဲဆိုတာကို ရှေ့သို့ ၃၊ ၄ မိုင်

(ည)-ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ကိုးကန့်ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များခန့်ထားခြင်းဖြင့် ဒေသန္တရလိုအပ်ချက်အရ ဘာသာစကားကျွမ်းကျင်မှ နယ်မြေကို စည်းရုံးဆောင်ရွက်နိုင်ပြီး ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို များစွာအကောင်အထည်ဖော်၊ အထောက်အကူပြုပေးနိုင်မှုတို့တွင် များစွာအရေးပါခြင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးလုံခြုံအေးချမ်းမှုကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များ စီမံကွပ်ကဲမှုကို အထောက်အကူပြုပေးနိုင်ပါရန် ကိုးက

(ဈ)-လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံ ဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲ၍ အတည်ပြု ပြဋ္ဌာန်း နိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်ဟု ဖော်ပြပြဋ္ဌာန်း

(ဃ)-ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက် ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုလွှတ်တော်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို    ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ တွင် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ထုတ်ပြန်အာဏာတည်စေခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေမှာ ခေတ်နှင့်အညီ ပြည်သူတို့မှ ဆန္ဒအရှိဆုံးဖြစ်၍ ပြည်သူများအတွက် ခွင့်ပြုနိုင်စေရန် ဥပဒေပြုအာဏာအဖွဲ့ကြီးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီးမှ ဥပဒေအမှတ် ၁ ဖြင့် ပထမဆုံးပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းမွန်သန့်ရှင်းသောအစိုးရ Good Governance and Clean Government ဖြစ်စေရန် တစ်စိတ်တပိုင်း အကောင်အထည်ဖော်မှုဖြစ်စေရေးနှင့် ထိုဥပဒေ၏နိဒါန်း

(ဂ)-မြို့နယ်ရဲစခန်းများအလိုက် အထွေထွေ ကုန်ကျစရိတ်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့ ခွင့်ပြုထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

မြို့နယ်ရဲစခန်းများ၏အခက်အခဲများပြေလည်စေရန်နှင့် မြို့နယ်တိုင်းလောင်းကစား  မှုအပါအဝင် ဒုစရိုက်လုပ်ငန်းများ ထိထိရောက်ရောက်ဖမ်းဆီးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍       ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင်‌့ပတ်သက်၍ မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက် လေးရပ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းများထားရှိဆောင်ရွက်လျက်ရှိပြီး မြို့နယ်အလိုက်ထား ရှိသော ရဲစခန

(ခ)-အာဝါဒေး(Our Days) ကဲ့သို့သော လောင်းကစားမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော်တို့ ဒေသအပါအဝင် တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ အာဝါဒေးခေါ်တဲ့ အမည်သစ်တစ်ခုနဲ့ လောင်းကစားပွဲ တွေပေါ်ပေါက်နေပါတယ်။ ဒေသက ရိုးရာယဉ်ကျေးမှုပွဲတွေ၊ ဘာသာရေးပွဲတွေကို အမှီပြုပြီး အာဝါဒေးလောင်းကစားပွဲကို ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ လောင်းကစားပွဲမှာ အနီတောင်၊ လေးကောင်ဂျင်၊ ဖဲဝိုင်းအစရှိသော ကစားမျိုးပေါင်း များစွာပါဝင်ပါတယ်။ ပွဲမဖြစ်ခင်တစ်လ ဒါမှမဟုတ် နှစ်လအထိ ကြိုတင်ပြီး လောင်းကစားပွဲကို ပြုလုပ်သလို ပွဲပြီးသော်လည်း တစ်လ၊ နှစ်လတိုင်သည် ဆက်လက်ပြုလုပ်ထားတာ တ

(ဃ)-ဖွဲ့စည်းဖြစ်ပေါ်လာမည့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)  အုပ်ချုပ်ရေးကဏ္ဍမှာ ပုဒ်မ ၂၈၉ အရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ၊သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ အုပ်ချုပ်ရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများရဲ့ ဆောင်ရွက်ချက်များဟာ နေ့တစ်ဓူ၀ လူထုနဲ့ ထိစပ်ဆောင်ရွက်ရတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်

(င)-ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးပုဂ္ဂိုလ်ခန့်အပ်တာဝန်ပေးရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)  အုပ်ချုပ်ရေးကဏ္ဍမှာ ပုဒ်မ ၂၈၉ အရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ၊သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ အုပ်ချုပ်ရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများရဲ့ ဆောင်ရွက်ချက်များဟာ နေ့တစ်ဓူ၀ လူထုနဲ့ ထိစပ်ဆောင်ရွက်ရတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကောင်းခြင်း မကောင်းခြင်းဟာ နိုင်ငံတော်အစိုးရရဲ့ ဂုဏ်သိက္ခာ အတက်အကျကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၂၈၉ အရ ရပ်ရွာက ကြည