ဆောက်လုပ်ရေးဝန်ကြီးဌာန

(စ)-ကျောက်တော်မြို့နယ် အထက်ပိုင်း၊ ကုလားတန်အရှေ့ဘက် ကမ်းခြေဒေသဖြစ်သည့် ကျောက်တော်မှမီးဝအထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကျောက်တော်မြို့နယ်အထက်ပိုင်း၊ ကုလားတန်အနောက်ဘက်ကမ်းခြေသည် မိသားစု ၃၀၀၀ ကျော်၊ လူပေါင်း ၂၀၀၀၀ ကျော်နေထိုင်ပြီး အဓိကကျသည့် ကမ်းခြေတစ်ခုဖြစ်ပါကြောင်း၊ ၎င်းဒေသ၏ လမ်းပန်းဆက်သွယ်မှုအခြေအနေဆိုးရွားကြောင်း မိမိအား တင်ပြသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အထက်ပိုင်း ကုလားတန် အနောက်ဘက်ကမ်းခြေဒေသဖြစ်သည့် ကျောက်တော်မှ မီးဝအထိ ရွာချင်းဆက်လမ်းများ ဖောက်လုပ်

(င)-၂၀၁၆-၁၇ ဘတ်ဂျက်နှစ်တွင် သနပ်ပင်-မင်းရွာကျောင်းစု ကျောက်ချောလမ်း (၅.၆)မိုင်မှာ ပျက်စီးနေပြီဖြစ်သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် တည်ဆောက်ခဲ့သော ကုမ္ပဏီအားအရေးယူ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

သနပ်ပင်-မင်းရွာ ကျောင်းစုလမ်းကို ၁၉၉၅-၉၆ ခုနှစ်ကစပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများက ကိုယ်ထူကိုယ်ထ သံဃာတော်များ၊ ရပ်မိရပ်ဖများက ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်း လမ်းကို ၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ပထမအကြိမ်တွင် မေးမြန်းခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်နှင့် ၂၀၁၄-၁၅ ဘတ်ဂျက်များတွင် သိန်းပေါင်း ၆၀၀၀ ခန့် အကုန်အကျခံပြီး ကျောက်ချောလမ်း ၉.၁  မိုင် အဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်း

(ဃ)-မြစ်ကြီးနား- ရွှေဘို- မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်တွင်း လမ်းပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းပိုင်းတို့အား B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှု အခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မြစ်ကြီးနား-ရွှေဘို-မန္တလေးပြည်ထောင်စုလမ်းမကြီးသည် မဲဆန္ဒနယ်ထဲတွင် ၄၆ မိုင်ပါဝင်ပြီး မြို့နယ်တစ်ခုလုံး အဓိကအားထားအသုံးပြုနေရသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ အဲဒီလမ်းမကြီးသည် ၂၀၁၇ ခုနှစ် တစ်နှစ်လုံး ပြုပြင်ထိန်းသိမ်းခြင်း မရှိခဲ့သည့်အတွက် ကတ္တရာလမ်းများ ပေါက်ပြဲပျက်စီးလျက်ရှိပါကြောင်း၊ လမ်းဦးစီးကို ပြုပြင်ရန်အတွက် မေးမြန်းရာတွင် B.O.T ပေးရန်ရှိခြင်းကြောင့် ပြင်/ထိန်းအတွက်တင်သည့် ဘတ်ဂျက်ကို ခွင့်မပြုသည့်အတွက

(ခ)-မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းများအား (၂၀၁၈-၁၉) ဘဏ္ဍာနှစ်တွင် မည်သည့် လမ်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင်‌့ ဆက်သွယ်ထားသော ဟိုနမ့်-ထီဟန်းခြွီး ရွာချင်းဆက်လမ်း၊ ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်း-ထီပျဉ်ရွာချင်းဆက်လမ်း၊ စဉ်‌့ဝင်ကျေးရွာအုပ်စုရှိ ရွာသစ်-နောင်ခမ်းရွာချင်းဆက်လမ်းတို့ကို (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် မည်သည်‌့လမ်းအဆင်‌့ထိ တိုးမြှင်‌့ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင်‌့ စပ်လျဉ်းတဲ့မေးခွန်း

(ခ)-တောင်တွင်းကြီး မြို့နယ်ရှိ ဗိဿနိုးယဉ်ကျေးမှုနယ်မြေ မြို့ပတ်လမ်းဖြစ်သော အုန္နဲတန်း-ကြက်ဖြူတော ကျေးရွာချင်းဆက်လမ်းကို မြေနီကျောက်ချောလမ်း ခင်းပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းဖြစ်ပြီး ဗိဿနိုးမြို့၏မြို့ပတ်လမ်း တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အုန္နဲတန်း-ကြက်ဖြူတောကျေးရွာချင်းဆက် မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ ပျူမြို့ဟောင်း ဗိဿမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့အဖြစ် ၂၀၁၄ ခုနှစ်တွင် ယူနက်စကိုအဖွဲ့အစည်းမှ အသိအမှတ်ပြုလိုက်ပြီး သည်နှင့်တစ်ပြိုင်နက် ကမ

(င)-တမူးမြို့နှင့် ဟုမ္မလင်းမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီးအား ရာသီမရွေးသွားလာနိုင်ရန် နန့်အယားချောင်းကူးတံတားအား မည်သို့စီမံဆောင်ရွက် ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

တမူးနှင့် ဟုမ္မလင်းကိုဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးတွင် မိမိတို့ အောင်ဇေယျ ကျေးရွာနှင့် ဟုမ္မလင်းအနီးက ကက်သာ-အောင်ဇေယျလမ်းပိုင်းသည် ၃၈ မိုင် ၁ ဖာလုံ ရှိပါကြောင်း၊ အဆိုပါကားလမ်းမကြီးပေါ်တွင် RC တံတားသုံးစင်း၊ ဘေလီတံတားသုံးစင်းနှင့် ရေကျော် တစ်နေရာရှိပါကြောင်း၊ နန့်အယားချောင်းကို မိမိတို့လက်ရှိတွင် ရေကျော်တည်ဆောက် ထားပြီး မိုင်တိုင်အမှတ် ၃၇/၅ နှင့် ၃၇/၆ ကြားတွင် တည်ရှိပါကြေ

(ဃ)-ဖြူးမြို့နှင့် စစ်တောင်းမြစ်ကမ်းပါးရှိ ဘန်းလောင်ရွာသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ကတ္တရာခင်းခြင်း လုပ်ငန်းအား ဆက်လက်ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဖြူးမြို့နယ်သည် တောင်မြောက်အလျားမိုင် ၂၀ ခန့်ရှိပြီး အရှေ့အနောက် ကန့်လန့်ဖြတ်က ၁၆ မိုင် ခန့် ကျယ်ဝန်းပါကြောင်း၊ မြို့၏အနောက်ခြမ်း ရိုးမနှင့် ၃ မိုင်ခန့်ရှိပြီး အရှေ့ဘက်အခြမ်း စစ်တောင်းမြစ်အထိ ၁၃ မိုင်ခန့် ကျယ်ဝန်းပါကြောင်း၊ ရန်ကုန်-မန္တလေးလမ်းကို အဓိကထားပြီး ကြည့်မည်ဆိုပါက ဇေယျဝတီမြို့မှ စစ်တောင်းမြစ်အထိ လမ်းမကြီးကတစ်လမ်း၊ ဖြူးမြို့မမှ အုတ်ဖြတ်၊ စစ်တောင်းမြစ်အထိ လမ်းမကြီးကတစ်လမ်း၊ ဖြူးမြို့မမှ ဘန်းလောင

(ဂ)-မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ- ဝေးလူမှ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကျေးရွာကိုဖြတ်၍ မတူပီမြို့နှင့် ကန်ပက်လက်မြို့ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ-ဝေလူးလမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တစ်‌ကြောင်းထိုးလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ ဝေလူးကျေးရွာဟာ မတူပီမြို့နယ်အဆုံးဖြစ်ပြီး ထိန်းခေါင်ကျေးရွာနှင့် လုံတူးကျေးရွာတို့သည် ပလက်ဝမြို့နယ် ဖြစ်ပါကြောင်း၊ သို့သော် ပလက်ဝမြို့ကို သွားသည့်အခါ လေးမြို့မြစ်ကိုဆုံဆင်းပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့တို့ကို ဖြတ်ပြီးမှ ပလက်ဝမြိ

(စ)-ညောင်တုန်းမြို့နယ်အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်နိမိတ် များကို မူလလမ်းနှင့်သတ်မှတ်ချက် ပေ ၃၀၀ မှ ပေ ၁၅၀ လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာသော မြေလွတ်မြေလပ်များအား မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်နိမိတ်များကို ယခင် အကျယ် ပေ ၃၀၀ သတ်မှတ်ထားရှိရာမှ ယခုအခါ လမ်းနယ်နိမိတ်အား အကျယ် ၁၅၀ အထိ လျှော့ချခဲ့သည့်အတွက် တစ်ဖက်တွင် ၇၅ ပေ အကျယ် ကျန်ရှိနေပြီး မည်သည့်စီမံခန့်ခွဲမှုအောက်တွင် ရှိသည်ကို မသိရပါကြောင်း၊ လွတ်နေသည့်မြေအား ဝင်ရောက်နေရာယူလာသူ အများအပြားရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း တချို့မူလပိုင်ရှင်များက ပြန်လည် တောင

(ဃ)ယင်းမာပင်မြို့နယ်ရုံးနှင့် ခရိုင်ရုံးများတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဝန်ထမ်း စုပေါင်းအိမ်ရာများကို၂၀၁၄-၂၀၁၅ဘတ်ဂျက် တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးသောင်းဟန် (ယင်းမာပင်)ယင်းမာပင်မြို့သည် အိမ်ခြေအားဖြင့် ၁၀၀၀ပင် မပြည့်သော်လည်း  အစိုးရသစ်တက်လာပြီး  မကြာခင်ကာလတွင်ပင် ခရိုင်မြို့အဖြစ်သတ်မှတ်ခံရခြင်း၊  ၂၄ နာရီ ဗို့အားပြည့် မီးရရှိသော မြို့နယ်ရောက်ရှ