ယင်းမာပင်မြို့သည် အိမ်ခြေအားဖြင့် ၁၀၀၀ပင် မပြည့်သော်လည်း အစိုးရသစ်တက်လာပြီး မကြာခင်ကာလတွင်ပင် ခရိုင်မြို့အဖြစ်သတ်မှတ်ခံရခြင်း၊ ၂၄ နာရီ ဗို့အားပြည့် မီးရရှိသော မြို့နယ်ရောက်ရှိခဲ့သကဲ့သို့ လမ်းပုခုံးများချဲ့ခြင်း၊ လမ်းသားကတ္တရာထပ်ပိုးလွှာခင်းခြင်းများဖြင့် ဆက်သွယ်ရေး လည်း ကောင်းမွန်လျက်ရှိပါကြောင်း၊ ယင်းမာပင်မြို့နယ်၏ ထူးခြားချက်နှစ်ခုသည် ယင်းမာပင် မြို့နယ်၏ ၅ မိုင်ပတ်လည်အတွင်း အဝီစိတွင်း၊ မြေအောက်ရေတွင်း တူးမည်ဆိုပါက မည်သည့်နေရာမှာတွင်ဖြစ်စေ အလိုအလျောက်ပန်း ထွက်သော ရေတွင်း များ ရရှိနိုင်မည်ဖြစ်သည့်အတွက် ရေသည်လည်း ထူးခြား တစ်ချက်ဖြစ် ပါကြောင်း၊ အခြားတစ်ချက်မှာ ယင်းမာပင်မြို့နယ်သည် သမိုင်းအရ ပန်းချီတိုက်နယ်တွင် ပါဝင်သည့်အတွက် ပန်းချီတိုက်နယ်၏ နတ်ကိုးကွယ်မှု အယူအဆ အရ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ ဆားလင်း ကြီးမြို့နယ်များတွင် အာဆီတိုက်တည်ဆောက်ပါက ဘေးအန္တရာယ်ရှိသည်ဆိုသော အယူအဆသည် ယနေ့တိုင် စွဲလမ်းလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယင်းမာပင်မြို့နယ်၏ အိမ်ခြေ ၁၀၀၀အနက် နှစ်ထပ်တိုက် တစ်လုံးသာ အာစီတိုက် အဖြစ်ရှိပါကြောင်း၊ ထိုကဲ့သို့ အိမ်ခြေ ၁၀၀၀ ခန့်သာရှိသည့် မြို့နယ်ကို နိုင်ငံတော် အစိုးရက ခရိုင်အဆင့်သတ်မှတ်သည့်အခါ ခရိုင်အဆင့်နှင့်လျာညီတဲ့ ခရိုင်ရုံးများ၊ ဖွင့်လှစ်လာပြီး ခရိုင်ရုံးဝန်ထမ်းများအနေနှင့် နေထိုင်ရေးအတွက် အိမ်ငှားရန်အခက်အခဲ ရှိလာမည် ဖြစ်ပါကြောင်း၊ ယင်းမာပင်မြို့ရှိ မြို့နယ်ရုံးများ၊ ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်မှု ဝန်ထမ်းအဆင့် အသီးသီးတို့၏ နေအိမ် အခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ ဝန်ထမ်းစုပေါင်း အိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ကို ၂၀၁၄-၂၀၁၅ ဘတ်ဂျက်တွင် ထည့်သွင်းလျာထား စီမံ ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေ သကြီး ရန်ပုံငွေကျပ် ၁၆၀.၈ သန်းဖြင့် အိမ်ရာစခန်း ၃ ခုဖြစ်သော မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို အိမ်ရာ စခန်းများတွင် မုံရွာအိမ်ရာ စခန်း၌ လေးခန်း တွဲ လေးထပ် လေးလုံး စစ်ကိုင်း အိမ်ရာစခန်း၌ လေးခန်း တွဲလေး ထပ် နှစ်လုံးနှင့် ရွှေဘိုအိမ်ရာ စခန်း၌ လေးခန်းတွဲ လေးထပ် ၂ လုံး၊ စုစုပေါင်း ၈ လုံးကို နေရေးအခက်အခဲရှိသော ဝန်ထမ်းများအတွက် ဆောက် လုပ်ရန် ရသုံးမှန်းခြေငွေစာရင်းမှာ ထည့်သွင်း လျာထားခဲ့ပြီး နှင့်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ယင်းမာပင်မြို့နယ်တွင် ဝန်ထမ်း စုပေါင်း အိမ်ရာများ ဆောက်လုပ်ရန် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာ ထားခြင်းမရှိသေးသော်လည်း ဝန်ထမ်း စုပေါင်း အိမ်ရာ များဆောက် လုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မ စတင်ကာ ဝန်ထမ်းစုပေါင်းအိမ်ရာများကို နှစ်အလိုက်လျာထား ဆောက်လုပ်ရေး ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
