လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(က)-နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးအမည်ရေးသွင်းမှုနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုအခါမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကနေဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖြေလျော့ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြပါတယ်။ အခုလို ဆောင်ရွက်ပေးလျက်ရှိရာမှာ တိုင်းရင်းသားလူမျိုးအမည်စာရင်းရေးသွင်းတဲ့နေရာမှာ မျိုးနွယ်စုတစ်မျိုးချင်းရဲ့ နေထိုင်ရာနယ်မြေ ဒေသစကားပြောသံ၊ လေယူလေသိမ်းနဲ့ ရိုးရာဓလေ့ခံယူကျင့်သုံးမှုများ အနည်းငယ်ကွဲပြားမှုစသည် တို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စုတစ
(ဂ)-ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး လုပ်ငန်းနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိသည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုသမဂ္ဂသဘောတူ စာချုပ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် ကလေးသူငယ်အခွင့်အရေးတစ်ရပ်ဖြစ်သည့် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စွမ်းအားမြှင့်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ အချက်သုံးချက်ကိုအခြေခံ၍ ကျွန်မ၏မေးခွန်းကို မေးမြန်းပါ့မယ်ရှင်။
(ခ)-မြန်မာအမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (UNCEDAW)ကို လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် လူမှု ကာကွယ်စောင့်ရှောက်မှုနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှု နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCEDAW) ကိုလက်မှတ်ရေးထိုးပြီး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ အမျိုးသမီးများအတွက် ရပိုင်ခွင့်များအကာအကွယ် ပေးရေးနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး UN အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကျွန်မတို့မြန်မာနိုင်ငံဟာ Women Friendly Space များ ထူထောင် ခြင်းနှင့်အတူ Counseling Centre များကိုဖွင့်လှစ်ပြီး အမျိုးသမီးများရဲ့ဘဝကိုမြှင့်တင်ပေး လျက်ရှိတာကိုအကြမ်းဖျင်းအားဖြင့် ကျွန်မသိရှိရပါတယ်။ ဒါက
(က)-မီးသတ်စခန်းတစ်ခု ထပ်မံချပေး နိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်
ပျော်ဘွယ်မြို့နယ်ဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဒေသမှာတည်ရှိပြီးတော့ မကြာခဏ နွေရာသီမှာဆိုရင် မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ၄-၆-၂၀၁၂ ရက်နေ့ကလည်း ပျော်ဘွယ်ဈေးရဲ့ လေးပုံတစ်ပုံခန့်ဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။ မိဘပြည်သူတွေအနေနဲ့ မီးဘေးကို လွန်စွာစိုးရိမ်ကြောင့်ကြနေပါတယ်။ ယခုနှစ် ၂လပိုင်းမှာလည်း စက်မှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာမှာလည်း မီးလောင်တာရှိပါတယ်။ ဒါကြောင့် ယခုလက်ရှိမှာလည်း ပျော်ဘွယ်မြို့အနေနဲ့ မီးသတ်စခန်းဟာ ၃ယူနစ်စခန်း ဖြစ်ပြီးတော့ ဝန်ထမ်းအင်အားဟာ သုံးပုံနှစ်ပုံသာခန့်ထားတာရှိပါတယ်။ ပျော်ဘွယ်မြို့ဟာ ယခုအချိန်အခါမှာ အိမ်ခြေထူထပ်ပြီးတော့ နိုင်ငံပိုင်စက်မှု
(ခ)-သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ခန့်အပ်နိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း
မိုင်းပြင်း မြို့နယ်မှာ ပြည်သူလူထုကနေပူးပေါင်းပြီး မီးသတ်မော်တော်ယာဉ်တစ်စီးကိုဝယ်ယူထားရှိပြီးဖြစ်တဲ့ အပြင် မီးသတ်ရုံးနှင့် မီးသတ်မြေနေရာ၊ ယာဉ်မောင်းရဲ့လစာစတဲ့ ကိစ္စအဝဝကို မိုင်းပြင်းမြို့ ပြည်သူလူထုက အကုန်ကျခံဆောင်ရွက်လာသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ပါတယ်။ နှစ်စဉ်မိုင်းပြင်း မြို့နယ်မှာ မီးလောင်မှုတွေဖြစ်ပွားပါတယ်။ နေအိမ်ထူထပ်ကျဉ်းမြောင်းတဲ့အတွက်၊ တစ်အိမ်နဲ့ တစ်အိမ်နီးကပ်တဲ့အတွက် သဘာဝမီးဘေးအန္တရာယ်ကိုစိုးရိမ်ရပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ အရန် မီးသတ်တပ်ဖွဲ့ဝင်များကလည်း သူ့အနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနိုင်သော်လည်း အချိန်ပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတဲ့အတွက်
(က)-မြို့နယ်များတွင် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမြို့နယ်ခွဲ ရုံးများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတစ်ဝန်းတွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ သည် နေ့ကလေး ထိန်းကျောင်းများ၊ ဘိုးဘွားရိပ်သားများ၊ လူကုန်ကူးမှု အနေအထားတားဆီးရေး၊ ပျက်စီးနေသော အမျိုးသမီးများ ကယ်ဆယ်ရေး စသည့် လူမှုရေးလုပ်ငန်းများ အပေါ် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လူမှုလုံခြုံရေးအဖွဲ့ ရုံးခွဲများကို မြို့နယ်များ ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်ပါက တိရိစ္ဆာန်များ အသေအပျောက်၊ လယ်ယာမြေ၊ နေအိမ်၊ အဆောက်အဦ စသည် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ခြင်းကြောင့် မြို့နယ်များတွင် လည်း ဌာနဆိုင်ရာအဆောက်အဦ၊ ပုဂ္ဂလိကအဆောက်အဦ၊ စက်ရုံမ
Pagination
- Previous page
- Page 4
- Next page
