နိုင်ငံတစ်ဝန်းတွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ သည် နေ့ကလေး ထိန်းကျောင်းများ၊ ဘိုးဘွားရိပ်သားများ၊ လူကုန်ကူးမှု အနေအထားတားဆီးရေး၊ ပျက်စီးနေသော အမျိုးသမီးများ ကယ်ဆယ်ရေး စသည့် လူမှုရေးလုပ်ငန်းများ အပေါ် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လူမှုလုံခြုံရေးအဖွဲ့ ရုံးခွဲများကို မြို့နယ်များ ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်ပါက တိရိစ္ဆာန်များ အသေအပျောက်၊ လယ်ယာမြေ၊ နေအိမ်၊ အဆောက်အဦ စသည် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ခြင်းကြောင့် မြို့နယ်များတွင် လည်း ဌာနဆိုင်ရာအဆောက်အဦ၊ ပုဂ္ဂလိကအဆောက်အဦ၊ စက်ရုံများပျက်စီးမှု စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် မြို့နယ်များအားလုံးတွင် လူမှုဖူလုံရေးရုံး၊ အဖွဲ့ခွဲရုံးများ ဖွင့်လှစ်ထားရှိသကဲ့သို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးခွဲများ ဖွင့်လှစ်၍ ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များနှင့် မြို့ကြီးများတွင် ရုံးဖွင့်လှစ်ထားရှိသကဲ့သို့ မြို့နယ်များတွင်လည်း ရုံးဖွင့်လှစ်ခွင့်ပေးမည့် အစီအစဉ်များ ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ဦးစီးဌာန(၂)ခုဖြင့် ဖွဲ့စည်းထားရှိရာ လူမှုဝန်ထမ်း ဦးစီးဌာနသည် လူမှုရေး ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကိုလည်းကောင်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် သဘာဝဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးထောက်ပံ့မှု လုပ်ငန်း များကို လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန သည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ လူမှု ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာစေရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများအား တိုးမြှင့်ပြင်ဆင်ဖွင့်လှစ်ခွင့်၊ ခရိုင် လူမှုဝန်ထမ်းရုံး ၆၄ ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းရုံး ၃၃၀ ရုံးတို့အား အသစ်ဖွင့်လှစ်ခွင့်၊ ခရိုင်လူမှုဝန်ထမ်းရုံး (၈) ရုံးကို တိုးမြှင့် ဖွင့်လှစ်ခွင့်၊ ဌာနငယ်/သင်တန်းကျောင်း (၅၀) ကျောင်းကို တိုးမြှင့်ဖွင့်လှစ်ခွင့်နှင့် ဌာနငယ်/သင်တန်းကျောင်း(၁၁) ကျောင်းကို အသစ်ဖွင့်လှစ်ခွင့် ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးဖြစ်စဉ် များတွင် ထောက်ပံ့မှုလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေး စီမံခန့်ခွဲရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများအား တိုးမြှင့် ပြင်ဆင်ဖွင့်လှစ်ခွင့်၊ နေပြည်တော်ကောင်စီဦးစီးမှူးရုံး ၁ ရုံး၊ ခရိုင်ဦးစီးမှူးရုံး ၃၁ ရုံး၊ မြို့နယ်ဦးစီးမှူးရုံး ၃၃၀ ရုံး၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန ၁ ခု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ၁ ကျောင်း အသစ်ဖွင့်လှစ်ခွင့်နှင့် ခရိုင်ဦးစီးမှူးရုံး ၄၁ ရုံးအား တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန ၂ ခုသည် ခရိုင်၊ မြို့နယ်ရုံးများ ဖွင့်လှစ်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ ပြင်ဆင်ကာ အသစ်ဖွင့်လှစ်ခွင့် ကို နိုင်ငံတော် သမ္မတ ရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာတို့၏ သဘောထားအကြံပြုချက်များ ရယူရေးဆွဲ၍ စီမံကိန်းနှင့် ဖွဲ့စည်း ပုံစိစစ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ထားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
