စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ခ)-မြဝတီနယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

 မြဝတီမြို့ဟာ တစ်ဖက်နိုင်ငံနှင့်ထိစပ်နေတဲ့ နယ်စပ်မြို့တစ်မြို့ ဖြစ်ပါတယ်။ မြဝတီခရိုင် မြဝတီမြို့နယ်တစ်ခုလုံးရဲ့ ပြည်သူအများစုဟာ နယ်စပ်ကုန်သွယ်ရေးနဲ့အခြေခံပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြသူများ ဖြစ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ မှစပြီးတော့ ရပ်စဲခဲ့ပါတယ်။ ယခုဆိုရင် တစ်နှစ်ကျော်ကြာခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်မှာ ကုန်သွယ်လုပ

(ဈ)-ထန်တလန်မြို့အား နယ်စပ်ကုန်သွယ်ရေးမြို့အဖြစ် သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ချင်းပြည်နယ်သည် အိန္ဒိယနဲ့တစ်ဆက်တည်းသော ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဤကဲ့သို့ နယ်စပ်ပြည်နယ်ဖြစ်သည့်အားလျော်စွာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍသည် ဆင်းရဲ နွမ်းပါးသော ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော အဓိကအချက် ဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ ချင်းတိုင်းရင်းသားတို့သည်  ဒေသထွက်သယံဇာတ ပစ္စည်းများမရှိသည့်အတွက် ချင်းတိုင်းရင်းသားတို့သည် နယ်စပ်ကုန်သွယ်ရေးကိုပဲအားကိုးပြီး စောင့်မျှော်န

(ဂ)-ယခင်နှစ်ပိုလျှံစပါးများကို ရောင်းချနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

မိုင်းယောင်းမြို့နယ်မှာ လူဦးရေ ၁၀၆၀၀၀ ‌ကျော်ရှိပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သမားများဖြစ်ကြပါတယ်။ စပါးစိုက်ဧက ၅၀၀၀၀ ကျော်ရှိပြီး နှစ်စဉ်စပါးတင်းပေါင်း ၄၃ သိန်းခန့်ထွက်ရှိပါတယ်။ မြို့နယ်အတွက် စားသုံးမှုအတွက် ချန်လှပ်ပြီးရင် ကျွန်တော်တို့ တင်းပေါင်း ၂၅ သိန်းခန့် ပိုလျှံလျက်ရှိပါတယ်။ အဲဒီပိုလျှံတဲ့စပါးကို ယခု ထက်တိုင် ကျွန်တော်တို့ ဈေးကွက်ကို လွတ်လပ်စွာရောင်းချခွင့် မရှိသေးပါ။ သက်ဆိုင်ရာများကနေ ပိတ်ဆို့ဟန့်တား တားဆီးနေတယ်လို

(င)-နယ်စပ်ကုန်သွယ်ရေးစခန်းမှရရှိသောအခွန်အခနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ အစိုးရအသီးသီးတို့သည် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလမှစပြီး မိမိပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွေရဲ့ ရသုံးငွေကို မိမိဘာသာရှာဖွေစီမံခန့်ခွဲရတော့မယ်လို့သိရှိရပါတယ်။ ထိုအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဥပဒေပြုခွင့်ဇယား ၂ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်းတဲ့ ဥပဒေပြုခွင့် ဘဏ္ဍာငွေရှာဖွေခွင့်ရရှိလာမယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးတို့အတွက် ရသုံးခန့်မှန်းငွေ၊ ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာမှာ လိုငွေများစွာရှိနေကြောင်း ကြာ

(ဃ)-စက်ပစ္စည်းများတင်သွင်းခွင့်နှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံခြားစက်ပစ္စည်းများတင်သွင်းရာမှာ လက်ရှိစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အသစ်စက်စက် (Brand New)ကိုသာ တင်သွင်းရမည်ဟုမူဝါဒချမှတ်ထား ပါတယ်။ Usedသုံးလက်စ စက်အဟောင်းများကို လုံးဝတင်သွင်းခွင့်မပြုပါဘူး။ ပြန်လည်ပြုပြင်ထားတဲ့ Reconditioned စက်များကို လုပ်ငန်းရှင်မှတ်ပုံတင်ရှိထားသူများကိုသာ ကန့်သတ်ကာ ထောက်ခံစာ များ၊ တင်ပြဝန်ခံချက်များ လက်မှတ်ရေးထိုးပြီး တင်သွင်းခွင့်လျှောက်ထားနိုင်ကြပါတယ်။ လုပ်ငန်းသစ် လုပ်ကိုင်မယ့်သူများအတွက် ခွင့်ပြုချက်မရှိပါဘူး။ အသစ်

(ခ)-မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခွင့်နှင့် စပ်လျဉ်းသည့်မေးခွန်း

ယနေ့မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေ အရ ဒေါ်လာငွေဈေးနှုန်း ကျဆင်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ၊ ကုန်ထုတ်လုပ်သူများ စီးပွားရေး ကျဆင်းပြီး လုပ်ငန်းရပ်တန့်နိုင်တဲ့အခြေအနေအထိ ရောက်ရှိခဲ့ပါတယ်။ ၎င်းအခြေအနေမှ ကျော်လွှား နိုင်ရန် ကုန်ထုတ်လုပ်မှုစရိတ်ကိုလျှော့ချရန် အရေးကြီးအကြောင်းတစ်ရပ်အဖြစ် ဖြစ်ပေါ်လာရာ သယ်ယူပို့ဆောင်မှုစရိတ် ကြီးမြင့်မှုလျှော့ချရေးဟာ လွန်စွာအရေးပါပါတယ်။ လက်ရှိမော်တော်ယာဉ် တင်သွင်းမှုပုံစံဟာ အလွန်ကျပ်တည်းလွန်းနေပါသဖြင့် လုပ်ထုံးလုပ်နည်းများကို ခေတ်

(က)-လယ်ယာစိုက်ပျိုးရေးအထောက်အကူပြု စက်ယန္တရားများတင်သွင်းခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပုဒ်မ ၂၉ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်းအစရှိသည် တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနေသည်ဟု ပြဋ္ဌာန်းထားပါတယ်။ ယခုအခါ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းပါအတိုင်း လယ်ယာကဏ္ဍ စီးပွားရေးမြင့်မားစေရန် အစပြုဆောင်ရွက်နေပြီလည်း ဖြစ်ပါ တယ်။ ထို့ကြောင့် တောင်သူလယ်သမားတို့အား အောက်ပါလယ်ယာသွင်းအားစုများကို နိုင်ငံတော် အနေဖြင့် ဖြည့်ဆည်းပေးစေလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌ

(ဂ)-ကုန်လှောင်ရုံသီးနှံများကိုအာမခံထား၍ချေးငွေရရှိရေးနှင့်စပ်လျဉ်းသည်‌့မေးခွန်း

သီးနှံကုန်သွယ်မှု လုပ်တဲ့လုပ်ငန်းမှာ သီးနှံများကိုဝယ်ယူခြင်း၊ သန့်စင်ခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းလုပ်တဲ့နေရာမှာ ငွေကြေးအမြောက်အများ စိုက်ထုတ်သုံးစွဲကြရတယ်လို့ သိရှိရပါတယ်။ အဲဒီလို ငွေကြေးအမြောက်အမြား စိုက်ထုတ်သုံးစွဲသိုလှောင်ထားပြီးတဲ့နောက်ပိုင်းမှာ တင်ပို့ဖို့စရိတ်နဲ့ နောက်ထပ်သီးနှံတွေ ထပ်မံဝယ်ယူဖို့အတွက် ငွေကြေးလိုအပ်ချက်များ အချို့ရှိကြတာကိုသိရှိရပါ တယ်။ အဆိုပါငွေကြေးလိုအပ်ချက်ကို ဝယ်ယူသိုလှောင်ထားတဲ့သီးနှံကို အာမခံထားရှိပြီးတော့မှ ချေးငွေအစီအစဉ်များ လ

(င)-နိုင်ငံခြား‌သ‌င်္ဘေ‌ာသားများ မော်တော်ကားတင်သွင်းခွင့်ပါမစ်နှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံခြားသ‌င်္ဘောသားများသည် မော်တော်ကားတင်သွင်းခွင့်ပါမစ်ရရှိခဲ့ပြီး၊ ၎င်းတို့ရရှိသော လစာမှ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့အခွန်ငွေအဖြစ်ဒေါ်လာဖြင့် အပြည့်အဝပေးသွင်းခဲ့ရ သော်လည်း မော်တော်ကားတင်သွင်းခွင့်ပါမစ်လုံးဝမရရှိခဲ့တော့ပါ။ ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ်ကြောင့် နိုင်ငံခြားသ‌င်္ဘောသားများအဖြစ်လုပ်ကိုင်နေသော အလုပ်သမားများကို အဘယ်ကြောင့်ပိတ်ပင်ထားခဲ့ပါသနည်း။ မသိပါက စိစစ်ပြီးယခင်ခံစားမှုအတိုင်း ရရှိခံစားနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးပါမည်