စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ခ)-ပင်လယ်သဲများကို စင်္ကာပူနိုင်ငံသို့ ရောင်းချနေခြင်းကြောင့် ရေနေသတ္တဝါ သားငါးများ ရှားပါးလာသည့်အတွက် ပင်လယ်သဲများ မရောင်းချရန် တင်ပြ ထားသည်ကို ရောင်း/မရောင်း သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

တနင်္သာရီတိုင်းဒေသကြီးမှာ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ပင်လယ်သဲများကို စင်ကာပူနိုင်ငံကဝယ်ယူနေကြပါတယ်။ စင်ကာပူနိုင်ငံကဝယ်ယူနေတဲ့ သဲများကို နိုင်ငံတော်ကနေပြီးတော့ ပင်လယ်ရေကြောင်းမှာ ရေကြောင်းတွေတိမ်ကောလာလို့လည်းကောင်း၊ ပင်လယ်ခရီးသွားလာကြတဲ့လှေသင်္ဘောများ အန္တရာယ်ကင်းစေရေးအတွက်လည်းကောင်း နိုင်ငံတော် အတွက်ခွင့်ပြုချက်ရထားတဲ့ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ စင်ကာပူနိုင်ငံကိုရောင်းချနေတယ် ဆိုတာသိရှိရပါတယ်။ အဲ့ဒီရောင်းချတဲ့တန်ဖိုးကတော့ ကျွန်တော်တို့သဲတစ်တန်ကို မြိတ် FOB ၃ ဒေါ်လာနဲ့လည်းကောင်း၊ ကော့သောင်း FOB တစ်တန်ကို ၄.၅ ဒေါ်လာနဲ့လည်းကောင်းရောင်းချလျက် ရှိတယ်ဆိုတာကိုသိရပါတ

(စ)-ပိတ်ဆို့တားဆီးမှုများ အပေါ်မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

မန္တလေးမှ တရုတ်ပြည်နယ်စပ် မူဆယ်မြို့သို့ သွားသောလမ်းမကြီးတွင် စစ်ဆေးရေး     ဂိတ်ကြီး  ၃ ခု ရှိသည့်အနက် မန္တလေးနှင့် ပြင်ဦးလွင်အကြားရှိ ၁၆ မိုင်ယာဉ် စစ်ဆေးရေးဂိတ်သည် တရုတ်ပြည်နယ်စပ်သို့ တင်ပို့မည့် ကုန်စည်တင်ကားများကို သာမက၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သာသွားရောက်မည့် ကုန်စည်တင်ကားများကိုလည်း ဆန်၊ ပဲ၊ ဂျုံ၊ ဆီ စသည့် ကုန်စည်များကို သယ်ဆောင်မသွားနိုင်စေရန် တားဆီးပိတ်ဆို့မှုများရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာရှမ်းပြည်နယ်

(က)-လူမှုရေးအသင်းများအား လုပ်ငန်းသုံးယာဉ်များကို အခွန်ကင်းလွတ်တင်သွင်းခွင့်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

၂၃-၄-၂၀၁၂ နေ့ကတည်းက  မေးမြန်းထားတဲ့မေးခွန်း ဖြစ်ပါတယ်ခင်ဗျား။ ယခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းမှာ လူမှုကူညီရေးအသင်းများ ပေါ်ပေါက်လာပြီးတော့ ပြည်သူလူထုရဲ့ နာရေးကိစ္စများကို ယာဉ်ကားများနဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်ထိခိုက်မှုများရှိလို့ရှိရင် ယာဉ်ကားများနှင့် ကူညီဆောင်ရွက် ပေးခြင်းများ ရှိပါတယ်။ ဒီလိုကူညီဆောင်ရွက်ပေးတဲ့အတွက်ကြောင့်လည်း ပြည်သူလူထုက အားကိုး အားထား ပြုနေရတာရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ လူမှုရေးအသင်းများအား အသင်းရဲ့လုပ်ငန်းအကြီးအသေး၊ အဆင့်မီလုပ်ငန်းသုံး နာရေးယာဉ်၊ လူနာတင်ယာဉ်များကို အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သ

(ဃ)-အရန်ဆန်ဝယ်ယူသိုလှောင် ထားခြင်း၏ ရည်ရွယ်ချက် နှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်က အရန် ဆန်ဝယ်ယူသိုလှောင်စဉ်တုန်းက ဈေးအနေနဲ့ တင်း ၁၀၀ ကို ၂၈၀၀၀၀ လောက်အမြင့်ဆုံးရှိပါတယ်။ ဒီကနေ့ စပါးပေါက်ဈေးက တင်း ၁၀၀ ကို ၄၀၀၀၀၀ လောက်ရှိပါတယ်။ ဒီလိုအချိန်၊ ဒီလိုကာလ ရောက်တဲ့အခါမှာ တောင်သူလယ်သမားလက်ထဲမှာလည်း စပါးလုံလုံလောက်လောက် နောက်ထပ် ရောင်းဖို့မရှိတော့ဘူးဆိုတာမျိုး အသံလည်းထွက်ပါတယ်။ တစ်ဖက်ကနေပြီးတော့ တောင်သူ လယ်သမားတွေမှာ ကြွေးကိုမဆပ်နိုင်လို့ နိုင်ငံတော်သမ္မတကြီးဆီကို သဝဏ်လွှာပေးပို့တာမျိုး၊ အသနားခံစာပေးပို့တာမျိုးတွေလည်း ကြားရပါတယ်။ ဂျာနယ်တို့မှာလည်းဖော်ပြီးတော့ ထုတ်ဖော် ပြောကြားမှုမျိုးကိုလည်း ကျွန်တော်ကြားပါတယ်။ အဲဒီတော့ကာ ကျွန်တော်က ဒီအချိန်မှ

ဌာနဆိုင်ရာ အဆင့်ဆင့်တွင် မည်သို့သော အကြောင်းကြောင့် ဝန်ထမ်း ဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် ခန့်ထားခြင်း မရှိသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဝန်ကြီးဌာနများတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့်၊ ဗဟိုအဆင်‌့များတွင် ဝန်ထမ်းဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် မခန့်ထားနိုင်သည့် အတွက် ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ တချို့ ဌာနများတွင် သုံးပုံနှစ်ပုံ ၇၀ ရာခိုင်နှုန်း စသဖြင့် မရှိကြောင်း လည်း ပြောဆိုသံများ ကြားနေရရာ ဌာနတိုင်းတွင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်  ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေပါကြောင်း၊ အလုပ်ကို မျှော်လင့်စောင့်စားနေကြသော ဘွဲ့ရ ကျောင်းသားကျောင်းသူ များလည်း ရှိနေကြပါကြောင်း၊ ထို့ပြင် တစ်မြို့နယ်မှာတွင် ဆရာဝန် တစ်ယောက်စ နှစ်ယောက်စ၊ ကျောင်းတစ်ကျောင်းမှတွင် ဆရာ တစ်ယောက်

ဟိုပန်မြို့တွင် ခရိုင်နှင့်မြို့နယ် စီမံကိန်းဦးစီးရုံးများ ကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့သည် ယခင်က မြို့နယ်အဆင့်ရှိ မြို့ တစ်မြို့သာဖြစ်သော်လည်း ယခုအခါ ခရိုင်မြို့အဖြစ် အဆင်‌့တိုးမြှင့်လာခဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ ရုံးစိုက်ရာမြို့တော်လည်း ဖြစ်လာပါကြောင်း၊ ထို့ကြောင့် ဟိုပန်မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးအသီးသီးကို တိုင်းမြို့တော်၏ အင်္ဂါရပ်နှင့်အညီ ရုံးမြေနေရာသတ်သတ် မှတ်မှတ်ထားရှိ၍ ရုံးအဆောက် အဦများကိုလည်း အဆင်‌့မြှင့်တိုးချဲ့ ဆောက်လုပ်လျက် ရှိပါကြောင်း၊  သို့သော် ဟိုပန်မြို့နယ် စီမံကိန်းဦးစီးရုံးသည် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးချုပ်၏ ၁၅-၁၀-၂၀၀၆ ရက်စွဲပါစာအမှတ်၊ စ-၂၆/၀၀၁(၆၂၉၃)၏ ရည်ညွှန်းပါစာအရ ၃၀-၁၀-၂၀၀၆ ရက