စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(စ)-ကနီမြို့နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နေရာ လမ်းကြောင်းများ သတ်မှတ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကနီမြို့နယ် တွင် တရားဝင်စာရင်းများအရ လယ်ယာမြေဧကစုစုပေါင်း ၁၇၅၀၀၀ ကျော်ရှိပြီး အပူပိုင်း မိုးနည်း ဒေသဖြစ်သည့်အတွက်  စိုက်ပျိုးရေးအတွက် မိုးရေကိုသာ အားထားနေရပါကြောင်း၊ လယ်မြေ ယာမြေများသည် မိုးရေကိုသာ မှီခိုနေရသည့်အတွက်  နှစ်စဉ်ပျက်စီးဆုံးရှုံးမှုများစွာ ရှိနေပါကြောင်း၊ ယခု မိုးရာသီအချိန်တွင် တချို့ဒေသများမိုးများပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်

(င)-ဓားမဦးချလယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်းနယ်မြေများကိုပါ ငါးကန်အဖြစ် တူးဖော်ပြီးလုပ်စားနေသူနှင့် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

ဓားမဦးချ ပြေစာ ပေါက်လယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်း နယ်မြေများကိုပါ ရေနက်ကွင်း၊ ရေမြုပ်ငါးကန်အဖြစ် တူးဖော်ပြီး ငါးရိုင်းများ သွင်း၍ လုပ်စားနေသူနှင့် လေလံအောင် အင်းသမားတို့ အငြင်းပွားနေမှုတွင် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပ

(က)-လေရှီးမြို့နယ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင်များအား ပိုးမွှားများနှင့်ရာသီဥတု ပြောင်းလဲမှုကြောင့် ပျက်စီးခြင်းမှကာကွယ်ပေးနိုင်ရန် အသိပညာပေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

လေရှီးမြို့နယ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံဖြစ်သော လိမ္မော်ပင်နှင့် အခြားနှစ်ရှည်ပင်များအား ပိုးမွှားများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ရန် အသိပညာပေးလုပ်ငန်း နှင့် နည်းပညာကျွမ်းကျင်သူများစေလွှတ်၍ သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-အခြေခံပညာကျောင်းများတွင် School Milk Program ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်းလုပ်ငန်း(School Milk Program) ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက် ကူညီပံ့ပိုးပေးမည်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း