ပြည်ထဲရေးဝန်ကြီးဌာန

(စ)-ကျွဲနွားများအား လက်မှုလယ်ယာ ဘဝပိုင် ဆိုင်သောလယ်သမားအကျိုးပြု“နွားဈေး” ရှိရာသို့ သယ်ဆောင်ရောင်းဝယ်မှုအား ခွင့်ပြုပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးစိုးသိမ်း (ကလေးဝ) မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးမှ စက်မှုနိုင်ငံသို့ကူးပြောင်းနေသည်ဆိုသော် လည်း တချို့ကျေးလက်တောရွာများတွင် ကျွဲနွားကိုသာ အားကိုးပြီး လုပ်ကိုင်နေရသော လယ်ယာမြေမာက်များစွာရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း နွားပွဲ ဟုခေါ်သော

(ဇ)-နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်သိမ်းဆည်းခဲ့သည့်လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ်များအား မူလပိုင်ရှင် သို့မဟုတ်အမွေဆက်ခံခွင့်ရှိသူအားပြန်လည်ပေး အပ်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဦးသိန်းထွန်းဦး (အမရပူရ)မိမိသည် ၂၁-၁၀-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ်များ သိမ်းဆည်းခဲ့ခြင်းနှင့် ပတ်သက်သည့်မေးခွန်းကို မေ

(ဂ)-လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ နယ်မြေ အုပ်ချုပ်ရေး အာဏာပိုင်များ ပူးပေါင်း ဆောင်ရွက်မှုမရှိသည့် ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားကို သိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

(င)-ထန်းတပင်မြို့နယ်တွင် သန္ဓေ မီးသတ်ဦးစီးဌာန ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဦးသိန်းရီ (ထန်းတပင်) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်သည် လူဦးရေ ၁၂၆၂၄၈ ဦး၊ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ ကျေးရွာခွဲပေါင်း ၂၂၂ ရွာရှိပါကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ရာတွင် ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖ

(ဃ)-ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများအကျုံး ဝင်သည် (သို့) အကျုံးမဝင်သည်၊ ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်မှ ခံစားခွင့်(သို့) ကင်းလွတ်ခွင့် ရှိသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ) နိုင်ငံတော်သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်နိုင်ရန် လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးခဲ့သော် လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်သည့်အခါ ပြစ်မှုဆိုင်ရာ က

(င)-မိုးညှင်းမြို့နယ်တွင် လိုအပ်လျက်ရှိသော မက်သဒုန်းတိုက်ကျွေးရေးဌာနကို တိုးချဲ့ဖွင့်လှစ် ပေးရန်နှင့် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိတို့ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကွန်ဗင်းရှင်းသုံးခု၏ ပြဋ္ဌာန်းချက်များကို သဘောတူလက်မှတ်ရေးထိုးထားခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ များ၊ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများအရ ဖမ်းဆီးအရေးယူခြင်းများကို ထိရောက်စွာဆောင်ရွက် နေသည်ဟုဆိုသော်လည်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတားဆီးရေးရုံး၏ ၂၀၁၆ ခုနှစ် တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြန

(စ)-ညောင်လေးပင် မြို့နယ်တွင်မီးသတ် တပ်ဖွဲ့စခန်း (ခွဲ) တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ညောင်လေးပင်မြို့က ရန်ကုန်-မန္တလေး ကားလမ်းမတစ်လျှောက် မိုင်တိုင် ၉၇ ကနေ မိုင်တိုင် ၁၀၀ ကြားတွင်တည်ရှိပြီး မြို့မရပ်ကွက် ငါးခုရှိပါကြောင်း၊ ရန်ကုန်-မန္တလေး မီးရထားလမ်းက မြို့လယ်လောက်က ဖြတ်သန်းပြီး မော်တော်ကားလမ်းကို ကန့်လန့်ဖြတ်သွားနေသည့်အတွက် မြို့သည်ရထားလမ်း အရှေ့ခြမ်းနှင့်အနောက်ခြမ်းဆိုပြီး ခွဲခြားထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ရထားလမ်း၏ အရှေ့ခြမ်းမြို့မ (၁) (၂) (၃) ရပ်ကွက်သုံးခုသည် အိမ်ထောင်စုပေါင်း ၃၃

(က)-ကျောင်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံးအပါအဝင် ရဲစခန်းများ၊ ရဲကင်းများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံး၊ ကျောင်းကုန်းမြို့မစခန်း၊ ဒေါင့်ကြီးနယ်မြေစခန်း၊ လှည်းဆိပ်ရဲကင်း၊ မင်းမနိုင်ရဲကင်းများရှိ အဆောက်အဦများသည် ဥပဓိရုပ်မကောင်းခြင်း၊ လုံခြုံရေးအရမကောင်းခြင်း၊ အန္တရာယ်ရှိ အဆောင်များအဖြစ် စိုးရိမ်ရသည့် အခြေအနေများအဖြစ် တည်ရှိနေပါကြောင်း၊ မြို့မရဲစခန်းမှလွဲ၍ ကျန်အဆောက်အဦများသည် ကိုယ့်အားကိုယ်ကိုး အဆောက်အဦများဖြင့် ဆောက်လုပ်န

(ခ)-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့် အမှုများတွင် အထက်အဆင့်ဆင့်က ကြပ်မတ်ပေးရန်နှင့် ခေတ်နှင့်လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

တရားစီရင်ရေးမဏ္ဍိုင်တောင့်တင်းခိုင်မာရန် တရားသူကြီးများတွင် အဓိကတာဝန်ရှိသော်လည်း ဆက်စပ်အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများတွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် တရားလိုနှင့် တရားလိုပြ သက်သေများ က သက်သေခံမလာရောက်ခြင်းကြောင့် အမှုများကြန့်ကြာခြင်းသည် မှန်မှန်နှင့် မြန်မြန်ဆန်ဆန် တရားစီရင်ရေးကို ထိခိုက်စေနိုင်ပြီး

(ဂ)-နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် အမျိုးအစား (၇) မျိုးခွဲခြား၍ တိုကင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်နှင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယား မှန်ကန်ပါက ရုံးတွင်းဝင်ရောက်ရာတွင် နေရာအခက်အခဲမရှိ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဗဟန်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် အမျိုးအစား(၇)မျိုးခွဲခြား၍ တိုကင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်၊ လာရောက်ဆောင်ရွက်သူများအား မှတ်ပုံတင် မူရင်း၊ အိမ်‌ထောင်စုဇယား မှန်ကန်ပါက ရုံးတွင်းဝင်ရောက်ဆောင်ရွက်ရာတွင် နေရာအခက်အခဲမရှိဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း