(ဃ)-ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများအကျုံး ဝင်သည် (သို့) အကျုံးမဝင်သည်၊ ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်မှ ခံစားခွင့်(သို့) ကင်းလွတ်ခွင့် ရှိသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၉.၇.၂၀၁၃)

ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ) နိုင်ငံတော်သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်နိုင်ရန် လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးခဲ့သော် လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်သည့်အခါ ပြစ်မှုဆိုင်ရာ ကျင်‌့ထုံး ဥပဒေပုဒ်မ ၄၀၁ အပိုဒ်(၁)အရ ပြစ်ဒဏ်ကြွေးကျန်ထားရှိပြီး လွှတ်ပေးသည် ကိုတွေ့ရကြောင်း၊ ၎င်းပုဒ်မသည် ပြစ်ဒဏ်ကျအကျဉ်းသား တစ်ယောက်ကို ပြစ်ဒဏ် သက်တမ်း မစေ့ခင် သက်သာခွင့်ပေး ရန်၊ ပြစ်ဒဏ်မှ လျှော့ပေါ့ ရန်အတွက် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ကိုကျင်‌့သုံးပြီး  ခွင့်ပြုသည့်ဥပဒေဖြစ်ကာ နိုင်ငံရေးအကျဉ်းသား များ၊ နိုင်ငံရေးဆောင်ရွက်မှု တစ်စုံတစ်ရာကြောင့် ဖမ်းဆီးခံရသော အကျဉ်းသားများအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်ထားသည့်ဥပဒေ မဟုတ်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ အဆိုပါဥပဒေသည် နိုင်ငံကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့်အခါ အမျိုးသားပြန်လည်သင်‌့မြတ်ရေးနှင့် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ်ဖြစ်ပေါ်ရန် အတွက် ပြစ်ဒဏ် ကျခံရသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း ဖြစ်သည်ဟု နားလည်ပါကြောင်း၊ သို့သော် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများသည် လွတ်မြောက် သော်လည်း မငြိမ်းနိုင်သည့် အခြေအနေများနှင့် ရင်ဆိုင် နေရသည့်အပြင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် လုပ်ဆောင်ပေးမည့် ၎င်းတို့၏ အခန်းကဏ္ဍတွေကိုလည်း ခြိမ်းခြောက်ရာ ကျနေပါကြောင်း၊ အဆိုပါဥပဒေသည် ပြစ်ဒဏ်ကျအကျဉ်းသားများကို ပြစ်ဒဏ်ကာလမပြည့်ခင် လူမှုရေး၊ ကျန်းမာရေး၊ ထောက်ထား ငဲ့ညှာမှု များဖြင့် လွှတ်နိုင်သလို နိုင်ငံရေးအရ အရေးပါသော အမျိုးသား ပြန်လည်သင်‌့မြတ်ရေးအတွက် လွှတ်နိုင်သည့်ကိစ္စဖြစ်သည့်အတွက် တရားဥပဒေရှု့ထောင့်ကသော်လည်းကောင်း၊  လူမှုရေးနိုင်ငံရေး ရှု့ထောင့်ကသော် လည်းကောင်း  ရှိသင်‌့ရှိ အပ်သည့် ဥပဒေဖြစ်ကြောင်း၊ သို့သော် ပုဒ်မ ၄၀၁ အပိုဒ် ၁ ကို နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံရသူများ လွတ်မြောက်ရေးအတွက် ကျင်‌့သုံးသည့်အခါ ပြစ်ဒဏ်ကြွေးကျန်ခြင်းရှိ၊ မရှိ ဆိုသည့် ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်နေပြီး ပြစ်ဒဏ်မှလွတ်မြောက်လာပြီးသော နိုင်ငံရေးအကျဉ်းသားများကို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ် ၁ အရ ပြစ်ဒဏ် ကြွေးကျန်ကို ပြန်လည်ကျခံရန် တရားရုံးများက ပြစ်ဒဏ်ချမှတ်သည်ကို အကျဉ်းထောင်တွေမှာ မကြာခဏကြုံတွေ့ နေရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများသည် အတိတ်ကဖြစ်ပျက်သမျှတွေကို မေ့ပျောက်၍ လက်ရှိနိုင်ငံတော်အစိုးရနှင့် အမျိုးသားပြန်လည်သင်‌့မြတ်ရေးကို ဦးတည်ပြီး လက်တွဲဆောင် ရွက်နေပြီဖြစ်သောကြောင့် နိုင်ငံတော်အုပ်ချုပ်ရေး အပိုင်းအနေနှင့်အတိတ်က ဖြစ်ပျက်ခဲ့သမျှတွေကို အခွင့်အခါသင့်လျှင် ပြန်လည်အရေးယူ ဆောင်ရွက်ခြင်းမျိုးဖြင့် နောက်ပြန်မလှည့်သင့်တော့ပါကြောင်း၊ ထို့ကြောင့်  ပုဒ်မ ၄၀၁ အပိုဒ် ၁ နှင့် မည်ကဲ့သို့သော အကျဉ်းသားများသည် အကျုံးဝင်၍  မည်ကဲ့သို့သော အကျဉ်းသားများသည် အကျုံးမဝင်ဘူးဆိုသည်ကို သိရှိလိုပြီး မည်ကဲ့သို့သောပြစ်မှုကို ကျူးလွန်လျှင် ၎င်းပြစ်ဒဏ်ကို ဆက်လက်ခံစားစေပြီး၊ မည်ကဲ့သို့သော ပြစ်မှုမျိုးကတော့ ၎င်းပြစ်ဒဏ်မှ ခံစားခွင့်၊ ကင်းလွတ်ခွင့်ရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်