ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်သည် လူဦးရေ ၁၂၆၂၄၈ ဦး၊ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ ကျေးရွာခွဲပေါင်း ၂၂၂ ရွာရှိပါကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ရာတွင် ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါကြောင်း၊ ထန်းတပင်မြို့နယ်တွင် အရန် မီးသတ်တပ်ဖွဲ့၏ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသောကြောင့် သန္ဓေမီးသတ်ဦးစီးဌာနတစ်ခု မြို့တော်အင်္ဂါရပ်နှင့်အညီ လိုအပ်လျက်ရှိပြီး သန္ဓေမီးသတ်ပေါ်ပေါက်ပါက ပတ်ဝန်းကျင် မြို့နယ်များရှိ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်များသို့ သွားရောက်ကူညီနိုင်ကြောင်း၊ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် သန္ဓေမီးသတ် ဦးစီးဌာနဖွင့်လှစ်ရန်အစီအစဉ်ရှိ/မရှိ၊ သန္ဓေမီးသတ်ဦးစီးဌာနနှင့်အတူ မီးသတ်ကားများပေးရန် အစီအစဉ် ရှိ/မရှိနှင့် သန္ဓေမီးသတ်ဦးစီးဌာနအား မည်သည့်အချိန်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။

