ပြည်ထဲရေးဝန်ကြီးဌာန
ကျွဲနွားနှင့်ဆိတ်တို့အားတရားမဝင်ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းကိုတားမြစ်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်၏ နယ်စပ်အသီးသီးဖြစ်ကြသော အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ်နိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နယ်စပ်များမှ တစ်ဖက်နိုင်ငံများသို့ တရားဝင်တစ်မျိုး၊ မှောင်ခိုနည်းဖြင့်တစ်ဖုံ ခိုင်းနွားများ၊ ခိုင်းကျွဲများနှင့်ဆိတ်များကို တရားမဝင် ရောင်းဝယ် ဖောက်ကားနေကြသည့်အတွက် မြန်မာနိုင်ငံအတွင်း နွား၊ ကျွဲနှင့် ဆိတ်ဈေးနှုန်းများ တစ်နေ့တစ်ခြား မြင့်တက် လျက် ပြည်သူများ အသားစားသုံးမှုတွင် အခက်အခဲရှိနေ ပါကြောင်း၊ မြန်မာနိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကြိုးစားပြောင်းလဲနေသော အချိန်ဖြစ်သော် လည်း ရာခိုင်နှုန်းအနည်းငယ်သာ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ပြီး ကျန်ရာ ခိုင်နှုန်းများစွာသော တော
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်သိမ်းဆည်းခဲ့သော နိုင်ငံ အဝှမ်းလိုင်စင်ဖြင့်ကိုင်ဆောင်ခဲ့သောသေနတ် များအား မူလပိုင်ရှင်များ သို့မဟုတ်အမွေ ဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခင်အစိုးရလက်ထက်တွင် နိုင်ငံအဝှမ်းရှိ လိုင်စင်အပြည့်ကိုင်ဆောင် ခဲ့သော သေနတ်များအား ခေတ္တ သိမ်းဆည်းသည်ဟုဆိုကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ သိမ်းဆည်းသွားခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ် အတွင်းရှိ ပြည်သူများထံက စုစုပေါင်းသေနတ် ၂၀ ခန့်ပါဝင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆တွင် နိုင်ငံတော် သည်နိုင်ငံ သားများ တရားဝင်ရရှိပိုင် ဆိုင် ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သောပစ္စည်းများနှင့် စပ်လျဉ်းပြီးဥပဒေအရ ကာကွယ်ပေး ရမည် ဟု ပြဋ္ဌာန်းပါရှိသည့်အတွက် ယခင်အစိုးရ လက်ထက်တွင် သိမ်းဆည်း ခဲ့သော နိုင်ငံအဝှမ်းလိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သောသေနတ်များကို
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း အား ဦးကျော်နီနိုင် (လောက်ကိုင် မဲဆန္ဒနယ်) ကိုယ်စား ဦးခင်မောင်သီ လွိုင်လင်မဲဆန္ဒနယ် မှမေးမြန်းရာတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုးကန့်ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ခန့်ထားခြင်းဖြင့် ဒေသန္တာရ လိုအပ်ချက်အရ ဘာသာစကား ကျွမ်းကျင်မှုဖြင့် နယ်မြေကို စည်းရုံးဆောင်ရွက်နိုင်ပြီး ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို များစွာအကောင်အထည်ဖေါ် အထောက်အကူပြုပေးနိုင်မှုတို့တွင် များစွာ အရေး ပါခြင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးလုံခြုံအေးချမ်းမှုကို ပီပီပြင်ပြင်ဆောင်ရွက်
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံ ဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲ၍ အတည်ပြု ပြဋ္ဌာန်း နိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင် ရွက်နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြည်ထောင်စု အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲ၍ အတည်ပြုပြဋ္ဌာန်းနိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်းအား အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးမေးမြန်းရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်
(င)-နိုင်ငံတော်ပြန်တမ်းအဖြစ်ထုတ်ပြန်ကြေညာပြီးပေး အပ်ချီးမြှင့်ထားသည့်ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်နှင့် လစဉ်ချီးမြှင့်ငွေအား ခေတ်နှင့်လျော်ညီစွာတိုးမြှင့် ချီးမြှောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကာလတွင် နိုင်ငံတော်ရဲ့အကျိုးအတွက် သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ကို ဆောင်ရွက်မှုအလိုက် နိုင်ငံ့ ဂုဏ်ရည် ဘွဲ့တံဆိပ်နှင့် လစဉ် ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြောင်းလဲနေ
(ဂ)မြို့နယ်ကို အခြေခံခြင်းထက် ဝန်ထမ်းများ ခက်ခဲ ကြမ်းတမ်းစွာတာဝန်ထမ်းဆောင်နေ ကြရသော ကျေးရွာများကိုဝေးလံခေါင်သီဒေသ အဖြစ်သတ်မှတ်ပြီးလစာ(၂)ဆခံစားခွင့်ရှိဒေသ အဖြစ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီးနောက် အစိုးရသစ်လက်ထက် ၂ နှစ်တာ ကာလအတွင်း ဝန်ထမ်းများ၏ လစာနှင့်
ထောက်ပံ့ကြေး ၅၀၀၀၀ ကျပ်စီ တိုးမြှင့်ပေးခဲ့မှုနှင့် ဝေးလံခေါင်သီမြို့နယ်များမှ ဝန်ထမ်းများအားလစာ ၂
(ခ)-အုပ်ချုပ်ရေးမြို့တော်၊နေပြည်တော်တွင်ဆိုင်ကယ် စီးသူများအနေဖြင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း များအားတိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့်စပ်လျဉ်း သည့် မေးခွန်း
နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အသီးသီးတွင် မော်တော်ဆိုင်ကယ်များကို တွင်တွင်ကျယ်ကျယ် စီးနင်းအသုံးပြုလျက် ရှိနေကြသဖြင့် အချိန်ကုန်သက်သာပြီး သွားလာရေး အဆင်ပြေလျက် ရှိကြပါကြောင်း၊ သို့သော် စီးနင်းသူအချို့၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ခံစားနေကြရပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်များသာမက အုပ်ချုပ်ရေး မြို့တော်ဖြစ်သော နေပြည်တော်တွင်လည်း မီးပွိုင့်မီးနီနေစဉ် ဖြတ်သန်းမောင်းနှင်ခြင်း၊ ဆိုင်ကယ်တစ်စီးတွင် သုံးယောက်ထက်မက စီးနင်းခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ နံပါတ်ပြား၊ နောက်ကြည့်ဘက်
(ဂ)-လက်ပံတန်းမြို့နယ်၊မန်ကျည်းကွင်းကျေးရွာမြေ (၁၆၃.၆၂)ဧကကျယ်ဝန်းသောစားကျက်မြေအားပြည် ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စားကျက်မြေ အဖြစ်မှပယ်ဖျက်ခြင်းသည်ကျေးရွာမီးလင်းရေးနှင့် မည်သို့ဆက်စပ်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာတွင်ရှိသော ကွင်းအမှတ်-၁၁၅၉ ဦးပိုင်အမှတ်(55-N) မြေ(၁၆၃.၆၂)ဧကကျယ်ဝန်းသည့် မန်ကျည်းကွင်း စားကျက်မြေကို ပဲခူးမြို့အထွေထ
Pagination
- Previous page
- Page 16
- Next page
