(ဂ)မြို့နယ်ကို အခြေခံခြင်းထက် ဝန်ထမ်းများ ခက်ခဲ ကြမ်းတမ်းစွာတာဝန်ထမ်းဆောင်နေ ကြရသော ကျေးရွာများကိုဝေးလံခေါင်သီဒေသ အဖြစ်သတ်မှတ်ပြီးလစာ(၂)ဆခံစားခွင့်ရှိဒေသ အဖြစ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁.၁၀.၂၀၁၃)

လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီးနောက် အစိုးရသစ်လက်ထက် ၂ နှစ်တာ ကာလအတွင်း ဝန်ထမ်းများ၏ လစာနှင့်ဦးစိုးပိုင် (ဝန်းသို) ထောက်ပံ့ကြေး ၅၀၀၀၀ ကျပ်စီ တိုးမြှင့်ပေးခဲ့မှုနှင့်  ဝေးလံခေါင်သီမြို့နယ်များမှ ဝန်ထမ်းများအားလစာ ၂ ဆ တိုးမြှင့် ပေးခဲ့မှုများကို များစွာကြိုဆိုထောက်ခံပါကြောင်း၊ သို့သော် မိမိအနေဖြင့် မည်သည့်အခြေအနေ အခက်အခဲ မျိုးရှိသည့်မြို့နယ်များကို ဝေးလံခေါင် သီမြို့နယ်များ အဖြစ် သတ်မှတ်ပြီး လစာ ၂ ဆခံစားခွင့်ရရှိသည်ကို သိလို ပါကြောင်း၊ လမ်းပန်းဆက်သွယ်မှု အခက်အခဲ၊ ၂၄ နာရီမီးရရှိမှု/ မရရှိမှု၊ တယ်လီဖုန်းဆက်သွယ်ရေးစနစ်၊ တစ်ဦးချင်း ဝင်ငွေ သတ်မှတ်ချက် စသည်တို့တွင် မည်သည့် အချက်များအပေါ် မူတည်သည်ကိုလည်းကောင်း၊ ပုံမှန်လစာရသော မြို့နယ်များနှင့် ဝေးလံခေါင်သီသော မြို့နယ်အဖြစ် သတ်မှတ်ခံရပြီး လစာ ၂ ဆရရှိသောမြို့နယ်များသည် မည်ကဲ့သို့ ကွာခြား ချက်ရှိသည်ကို လည်းကောင်းသိရှိလိုပါသည်။ မိမိတို့ဝန်းသိုမြို့နယ်၏ ဝန်ထမ်းများ သည် ပုံမှန်လစာသာ ခံစားခွင့် ရှိသော မြို့နယ်ဖြစ်သော်လည်း ဝေးလံခေါင်သီမြို့နယ်များအဖြစ် သတ်မှတ်ခံရသည့် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူး မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့်အပြင် ၂၄ နာရီမီးလင်းမှု၊ ဆက်သွယ်ရေးအခြေအနေ၊ တစ်ဦးချင်းဝင်ငွေ စသည့်အချက်များလည်း တူညီမူရှိပါသည်။

မိမိတို့မြို့နယ်မှ ဝန်ထမ်းများသည် ပုံမှန်လစာသာရပြီး ဝေးလံခေါင်သီမြို့နယ်အဖြစ် သတ်မှတ်ခံရသော မြို့နယ်၏ ဝန်ထမ်းများထက် တောင်ပေါ်ဒေသ၊ ကျေးလက်ရွာများတွင်လည်းကောင်း၊ မြို့နှင့်ဝေးကွာလှသည့် ရွာလေးများတွင် နယ်နိမိတ်ချင်းဆက်စပ်နေသည့် လစာ ၂ ဆရသည့် မြို့နယ်များနည်းတူ ချောင်း၊ မြောင်းနှင့် လယ်ကွက်ကလေးများ သာခြားပြီး ခံစားခွင့်မတူညီစွာဖြင့် တာဝန်ထမ်ဆောင်နေကြပါသည်။ ထို့ကြောင့် မြို့နယ်ကိုအခြေခံခြင်းထက် မြို့နယ်အလိုက် ခက်ခဲသည့်ကျေးရွာများကို ဝေးလံခေါင်သီဒေသအဖြစ် သတ်မှတ်ပြီး လစာ ၂ ဆ ခံစားခွင့် ရှိသော ဒေသအဖြစ်၊ သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းငံတော်က ဝေးလံခေါင်သီခက်ခဲသောဒေသအဖြစ် သတ်မှတ်ရာတွင် မြို့နယ်၊ မြို့နယ် ခွဲကိုအခြေခံပြီး လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အခြေအနေအခက်အခဲများပေါ် ခြုံငုံသုံးသပ်ပြီး သတ်မှတ်ပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းတွင်ရှိသော အချို့မြို့နယ်၊ မြို့နယ်ခွဲများသည် လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ ဒေသဖွံ့ဖြိုးမှု နည်းပါးခြင်း၊ နိုင်ငံတော်၏ အရေးပါသော ဒေသထွက်ကုန် မရှိခြင်းတို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအခက်အခဲများ ရှိသည့်အတွက် ၎င်းဒေသ များရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ စားဝတ်နေရေးတို့ အဆင်ပြေစေရန် လစဉ်အပို ထောက်ပံ့ကြေး ၃၀၀၀၀ လစာနှင့် ညီမျှသော ငွေကို ပါ ဒေသ စရိတ်အဖြစ် ခံစားခွင့်ပေးခဲ့ပါသည်။

ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော မြို့နယ်/မြို့နယ်ခွဲ ၈၇ ခုတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကို ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၂)ဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လစာ ၂ ဆ ခံစားခွင့်ပြုခဲ့ရာ အဆိုပါအမိန့်ကြော်ငြာစာအရ စစ်ကိုင်း တိုင်းဒေသကြီးတွင် လေရှီး၊ လဟယ်၊ နန်းယွန်၊ ပင်လယ်ဘူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့နယ် များနှင့် မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်ခွဲ၊ စသည့် ဒေသ ၁၁ ခုပါဝင်သည်ကို စိစစ်တွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသများမှ ဝန်ထမ်းများ ကျန်ရှိခြင်း မရှိစေရန် ထပ်မံစိစစ်တင်ပြစေရာတွင် စစ်ကိုင်းတိုင်းဒေသကြီးက ဗန်းမောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်ခွဲ ၂ ခု အပါအဝင် စုစုပေါင်းဒေသ ၂၂ ခုကို ဝေးလံခေါင်သီသော ဒေသအဖြစ် ထပ်မံသတ်မှတ်သင့်ကြောင်း တင်ပြခဲ့သည့်အတွက် စုစုပေါင်းဒေသ ၁၀၉ ခုမှာတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ဒေသစရိတ် ခံစားခွင့်များကို ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ခံစားခွင့်ပြုကြောင်း ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၈၆/၂၀၁၃) ဖြင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ ပင်လယ်ဘူးမြို့နယ်သည် ဝန်းသိုမြို့နယ်၏ အနောက်ဘက် ၃၉ မိုင် ၄ ဖာလုံခန့်၊ ဗန်းမောက်မြို့နယ်သည် အင်းတော်မြို့နယ်၏ အနောက်ဘက်မိုင် ၄၀ ခန့်အကွာတွင် တည်ရှိပြီး သွားလာရေး ခက်ခဲခြင်းကြောင့် ဝေးလံခေါင်သီသော မြို့နယ်များအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဝန်းသိုမြို့နယ်နှင့် မြို့နယ်အတွင်းမှာရှိသော ကျေးရွာများကိုလည်း ဝေးလံခေါင်သီ ဒေသအဖြစ် သတ်မှတ်ပြီး လစာ ၂ ဆခံစားခွင့်ရှိသည့် ဒေသ/ကျေးရွာများအဖြစ် သတ်မှတ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်အရ မြို့နယ်အလိုက် ခက်ခဲသည့်ကျေးရွာများကို လည်း ဝေးလံခေါင်သီဒေသအဖြစ်သတ်မှတ်ပြီး လစာ ၂ ဆ ခံစားခွင့် ရှိသော ဒေသ/ ကျေးရွာအဖြစ် သတ်မှတ်ပေး ရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။