ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း အား ဦးကျော်နီနိုင် (လောက်ကိုင် မဲဆန္ဒနယ်) ကိုယ်စား ဦးခင်မောင်သီ လွိုင်လင်မဲဆန္ဒနယ် မှမေးမြန်းရာတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုးကန့်ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ခန့်ထားခြင်းဖြင့် ဒေသန္တာရ လိုအပ်ချက်အရ ဘာသာစကား ကျွမ်းကျင်မှုဖြင့် နယ်မြေကို စည်းရုံးဆောင်ရွက်နိုင်ပြီး ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို များစွာအကောင်အထည်ဖေါ် အထောက်အကူပြုပေးနိုင်မှုတို့တွင် များစွာ အရေး ပါခြင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးလုံခြုံအေးချမ်းမှုကို ပီပီပြင်ပြင်ဆောင်ရွက် နိုင်ရန်နှင့် ဒေသခံ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များ စီမံကွပ်ကဲမှုကို အထောက်အကူပြုပေးနိုင်ပါရန်၊ ကိုးကန့် ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးအား ၎င်းတို့၏ ဒေသနှင့် ကိုက်ညီသင့်လျော်သည့် အရည်အချင်း လုပ်သက်များအရ ထိုက်သင့်သည့်ရာထူးများ ထပ်မံတိုးမြှင့်ခန့်အပ်ပေးရန် လိုအပ်နေပါသဖြင့် ကိုးကန့်ဒေသခံ ရဲ ၂၅၀ ဦးရှိရာ ၅၀ ဦးကို ဒုရဲအုပ် ၁ ဦးခန့်ထားပေးမှသာလျှင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့အောင်မြင်နိုင်မည် ဖြစ်ပါ၍ ခန့်ထားပေးနိုင်မှုရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
