ပြည်ထဲရေးဝန်ကြီးဌာန

(ဂ)-မြန်မာနိုင်ငံ၊အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏အုပ် ချုပ်ရေးနယ်မြေ နယ်နိမိတ်များစနစ်တကျပြန်လည် စိစစ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်နိမိတ်များဖြစ်သော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ နယ်နိမိတ်နှင့် ပတ်သက်ပြီး နေရာဒေသအချို့တွင် အငြင်းပွားဖွယ်ရာ တွေ့ရှိနေရပါကြောင်း၊ မြေစီမံခန့်ခွဲရေးနှင့် မြေအသုံးချခွင့် အတွက် စီမံဆောင်ရွက်ရာတွင်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်အတွက် စီမံဆောင်ရွက်ရာတွင်

(ခ)-မျိုးဆက်သစ်လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်း မပြု နိုင်ရန်အတွက် မူးယစ်ဆေးဝါးများ တရားမဝင် သယ်ဆောင်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းများပပျောက်စေ ရန်နှင့်ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ခြင်းကိုတိတိ ကျကျ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဘိန်းအပါအဝင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးများကို သုံးစွဲပါက လူသားအားလုံး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးပြီး လူသားအရင်းအမြစ်များကို ပျက်စီးစေနိုင်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က ဘိန်းနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် ၁၉၉၉-၂၀၀၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၁၄ ထိ ၅ နှစ်စီမံကိန်း ၃ ကြိမ်သတ်မှတ်ပြီး ၁၅ နှစ်စီမံကိန်းဖြင့် ရှမ်း(မြောက်)၊ ဝနယ

(ဂ)-ဘားအံမြို့နယ်အတွင်း ရွေးချယ်တင်မြှောက်ရန် လိုအပ်နေသေးသော ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ခန့်အပ်ရန်လိုအပ်သောစာရေးဝန်ထမ်းများကို၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီ ဦးစားပေး ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမအကြိမ်ပုံမှန်အစည်းအဝေးအပြီး လွှတ်တော်ရပ်နားချိန်က မိမိ အနေဖြင့် ကျေးရွာများသို့ ရောက်ရှိသည့်အခါ ကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူးအသစ်များ ယနေ့ထက်တိုင် ရွေး ချယ်မြောက်တင်မြောက်ထားခြင်း မရှိသေးပါကြောင်း၊ ထို့အတူ ကျေးရွာအလိုက် လိုအပ်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကူညီရန်အတွက် ရယကစာရေးဝန်ထမ်းများလည်း တချို့နေရာများတွင် လုံးဝမရှိသ

(ခ)-အရွယ်မရောက်သူများအားအဓမ္မစေခိုင်းမှု၊စွန့် ပစ်ခံရမှု၊ ရောင်းစားမှုများ ပပျောက်စေရန်နှင့် စစ်မှု ထမ်းရန်တရားဝင်ငြင်းပယ်ခြင်း၊တပ်သားစုဆောင်း ရာတွင်အုပ်ထိန်းသူမပါဘဲခွင့်မပြု ခြင်းကိုစည်းကမ်း သတ်မှတ် ဆောင်ရွက်ပေးနိုင်ရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

ဦးခိုင်မောင်ရည် (အလုံ)အရွယ်မရောက်သေးသော ကလေးသူငယ်များကို လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင် များတွင် တွေ့ရှိရခြင်း၊ အဓိမ္မစေခိုင်းမှုများနှင့် စက်ရုံတချို့၏ အန္တရာယ်ရှိသောလုပ်ငန်းများတွင် ခိုင်းစေထားခ

(ဃ)-ကောလင်းမြို့အောင်မင်္ဂလာရပ်ရှိဒေါ်ဌေးဌေးဝင်း တရားဝင်ဝယ်ယူခဲ့သောသုဝဏ္ဏရပ်၊အကွက်အမှတ် (၂၉)ဦးပိုင်အမှတ်(၃၂၀က)နှင့်ဦးပိုင်အမှတ်(၃၂၀ခ) တို့ကိုအငှားဂရန်ပယ်ဖျက်ရန်နှင့်စပ်လျဉ်းသည့်မေး ခွန်း

ဦးတင်ဝင်း (ကောလင်း)ကောလင်းမြို့၊ သုဝဏ္ဏရပ်ကွက်၊ အကွက်အမှတ်(၂၉)၊ ဦးပိုင်အမှတ် (၃၂၀-က)၊ ဦးပိုင်အမှတ် (၃၂၀-ခ)တို့နှင့် ပတ်သက်၍ လူနေအိမ်ရာဖော်ထုတ်စဉ် မြို့နေရာတိုးချဲ့ချထားရေးကော်မတီက အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကေ

(ဂ)-စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်၊အမှတ်(၂၄)ပြည် သူပိုင်လမ်းမကြီးကိုမြေပေးမိန့်အတုဖြင့်ခြံခတ်ပြီးကျပ် သိန်း(၇၀)ဖြင့် ရောင်းစားသည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးခင်မောင်သိန်း (စစ်ကိုင်း) စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပြည်သူပိုင်လမ်းမကြီးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းအနေဖြင့် ပထမအကြိမ် မေးမြန်းခဲ့ရာ ဖြေရှင်းဆော

(စ)-ဦးအောင်ချီ၏(၇)နှစ်ကျော်ခဲ့ပြီဖြစ်သည့်တရားမ မှုနှင့်စပ်လျဉ်း၍အပြင်သို့ရောက်ရှိသွားသောစသုံးလုံး ရုံးစာအတွက်မည်သူ့တွင်တာဝန်ရှိသည်နှင့်ရန်ကုန် တိုင်းဒေသကြီးတရားရုံးနှင့်တရားလွှတ်တော်ချုပ်တို့၏ စီရင်ချက်များမျှတမှန်ကန်မှုရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

(က)-မင်းကင်းမြို့နယ်၏စီးပွားရေး၊လူမှုရေး၊လမ်းပန်း ဆက်သွယ်ရေးအပေါ်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏သဘောထားမှတ်ချက် နှင့်မင်းကင်းမြို့နယ် ရှိနိုင်ငံ့ဝန်ထမ်းများအားလစာနှစ်ဆတိုးပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒေါ်ခင်မွှေးလွင် (မင်းကင်း) ဧရိယာ ၁၅၂၇ စတုရန်းမိုင်ရှိသော မင်းကင်းမြို့နယ်သည် တော၊ တောင်၊ လျှိုမြောင်၊ မြစ်၊ ချောင်းများ ပေါများပြီး လူဦးရေတစ်သိန်းကျော်၏ ၈၀ ရာခိုင်နှုန်းသော တောင်သူများအတွက် စိုက်ဧက ၇၀၀၀