လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင် ရွက်နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြည်ထောင်စု အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲ၍ အတည်ပြုပြဋ္ဌာန်းနိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်းအား အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးမေးမြန်းရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်ဟု ဖော်ပြ ပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများအားနောင်တွင် ထပ်မံဖြစ်ပွားပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကာကွယ်နိုင်စေရေးအလို့ငှာ နောင်တွင်ပဋိပက္ခဖြစ်ပွားမှုများကို ဟန့်တားဆောင်ရွက်နိုင်ရန်နှင့် အရေးယူ ဆောင်ရွက်နိုင် ရန်တို့အတွက် ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံဥပဒေ ပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့တင်ပြအတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မှု အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ရေးဆွဲပြီး မည်သည့်အချိန် တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံ ဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲ၍ အတည်ပြု ပြဋ္ဌာန်း နိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၂၅.၆.၂၀၁၃)
မေးမြန်းသူ
ဖြေကြားသည့် ဝန်ကြီးဌာန
