(ဂ)-လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာ့နိုင်ငံတော်တော်များများတွင် စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ အောင်မြင်ချောမွေ့စွာ ပြောင်းလဲခြင်း ကဲ့သို့သော သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ဂုဏ်ပြု မင်္ဂလာ ယူသည့်အနေဖြင့် ပြည်သူအပေါင်းအား ရွှင်လန်းဝမ်းမြောက်ဝမ်းသာ ရှိကြစေရန် ရည်ရွယ်၍ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အစဉ်အလာများ ရှိခဲ့ပါသည်။ ယခုလည်း ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးကို အောင်အောင် မြင်မြင် ချောချောမွေ့မွေ့ဖြင့် ကူးပြောင်းနိုင်ခဲ့ပြီဖြစ်
