(ဂ) အင်းခွန်ကြမ်းခင်းဈေးအရစ်ကျစနစ်ဖြင့်ချထားလုပ်ကိုင်ခွင့်ပြုရန်နှင့် သားငါးရှာဖွေရာတွင် အခွန်အခ မပေးဆောင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ချစ်ခင်လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြွရောက်လာကြတဲ့ ဧည့်သည်တော်အပေါင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပဏာမဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ ယနေ့တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသမှာကြုံတွေ့နေကြရတဲ့ ကျေးလက်မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုမှာအကျုံးဝင်တဲ့ အင်းများနဲ့ပတ်သက်တဲ့ကိစ္စ မေးမြန်းဆွေးနွေးခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်း ဖြစ်ပါတယ်။ ဒီနေ့နိုင်ငံတော်မှာရှိတဲ့ အင်းများကို ငွေကြေးချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်များထ
