စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(ဃ)-ဝမ်ပေါင်ကျေးရွာရှိ နမ့်ဝုန်းချောင်းရေကို လက်လုပ်ဆည်ဖြင့် သွယ်တန်း၍ ဧက ၁၀၀ ခန့်အား ဆည်ရေများပေးနေမည့်အစား သံကူကွန်ကရစ်မပါ သာမန်ကျောက်စီ ကွန်ကရစ်ဆည်ကို နမ့်ဝုန်းချောင်းမှ တည်ဆောက်သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဃ)-မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာ၊ နမ့်ဝုန်းချောင်းရေကို လက်လုပ်ဆည်ဖြင့် သွယ်တန်း၍ ဧက ၁၀၀ ခန့်အား ဆည်ရေများပေးနေမည့်အစား ခိုင်ခံ့တောင့်တင်းသော သံကူ ကွန်ကရစ်မပါ သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဝုန်းချောင်းမှ တည်ဆောက်သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ)-ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူ တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမှန်တကယ် နစ်နာသူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ)-ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူ တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမည်လွဲမှားရရှိသူများထံမှ ငွေများကို အမှန်တကယ် နစ်နာသူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ) လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှ ချို့ယွင်းလျက်ရှိသောမြောင်းလက်တံများအား ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြု အပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်အနေနဲ့ မြင်းမူမဲဆန္ဒနယ်ြမေအတွင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနကနေ တည်ဆောက်ပေးထားခဲ့တဲ့ မြစ်ပေါက် လျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ ဆပ္ပကုန်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ ကျွဲရိုက်လျှပ်စစ်မြစ်ရေတင် စီမံကိန်း၊ လက္ကပင်လျှပ်စစ်မြစ်ရေတင်
(က) တောကျွဲအင်းကျေးရွာအုပ်စုအတွင်း လယ်ယာမြေများနှင့် လူနေအိမ်များနှစ်စဉ်ရေလွှမ်းခံရခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဆွေ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော့်အနေနဲ့ ကျေးရွာနေလူထုတောင်သူလယ်သမား များတင်ပြလာသော အခက်အခဲများနဲ့ပတ်သက်၍ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအုပ်စုအတွင်း လွန်ခဲ့သော ၁၉၉၉ ခု နှစ်မှစ၍ နှစ်စဉ်မိုးရာသီရောက်ချိန်၌ ရေလွှမ်းမိုးမှုဒဏ်ကို လယ်သမား
Pagination
- Previous page
- Page 17
- Next page
