ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၃၂ မိုင်နားနှင့် အချို့သော နေရာများတွင် မော်တော်ယာဉ်များ အထူးသဖြင့် ခရီးသည်တင် Express ကားများအား ညပိုင်းတွင် မှောင်ရိပ်ခိုကာ ခဲများဖြင့် ပစ်ပေါက် သည့်ဖြစ်စဉ်များ ကြုံတွေ့နေရကြောင်း သတင်းများ ကြားသိရှိရပါတယ်။ အဆိုပါ ခဲပေါက်သူများမှာ ခဲပေါက်ပြီးသည်နှင့် ထွက်ပြေးမသွားဘဲ ထိုနေရာတွင် ရပ်စောင့်၍ ကားရပ်သွားလျှင် တစ်ခုခု လုပ်ရန်စောင့်ဆိုင်းနေကြောင်းနှင့် ပစ်ပေါက်ခံရသောကားများမှာ မိမိတို့ကား ဘာဖြစ်လဲဆိုတာကို ရှေ့သို့ ၃၊ ၄ မိုင် မောင်းနှင်ပြီးမှ အောက်သို့ ဆင်းကြည့်ရကြောင်း သတင်းများ ကြားသိရှိရပါတယ်။ မေးခွန်းအနေနဲ့ ကျွန်တော်မေးလိုတာကတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပါသဖြင့် သက်ဆိုင်ရာက မည်သို့သော လုံခြုံရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးတစ်ရုံး အမြန်လမ်းရဲစခန်း ၁၄ ခု ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်း တစ်လျှောက် ၃၆၆/၃ မိုင်အထိ တာဝန်ယူဆောင်ရွက်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃၂ အနီးမှာ ခရီးသည်တင်မှန်လုံယာဉ်များကို ညပိုင်းမှာ မှောင်ရိပ်ခိုကာ ခဲများနဲ့ပစ်ပေါက်မှုနဲ့ စပ်လျဉ်းလို့ မေးခွန်းပါဖြစ်စဉ်ကို စိစစ်ခဲ့တဲ့နေရာမှာ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် ဝန်ထမ်းကြိုပို့ယာဉ်အမှတ် ၃ဂ/၁၈၀၈ က ရန်ကုန်မှ နေပြည်တော်သို့ထွက်ခွာလာစဉ် ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင် ၁၃၂ အရောက်မှာ အရက်သောက်စားထားရှိပြီး မူးယစ်နေ တဲ့လူသုံးဦးအနက် တစ်ဦးမှခဲနဲ့ပစ်ပေါက်ခဲ့လို့ ယာဉ်ရဲ့ယာဘက်ဘေးမှန်အနည်းငယ် ကွဲအက်ပျက်စီး သွားခဲ့ကြောင်း ဖြစ်စဉ်အား အရေးယူပေးရန် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နေ့လယ်တစ်နာရီ အချိန်မှာ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်ကျော်မှ တိုင်စာပေးပို့ တိုင်တန်းလာတဲ့အတွက် ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခင်းဖြစ်စဉ်က ယာဉ်မောင်းအနေဖြင့် ချက်ချင်းသတင်းပို့ တိုင်တန်းခြင်းမရှိဘဲ အခင်းဖြစ်ပြီး ၂၃ ရက်အကြာမှ လာရောက်တိုင်တန်းခဲ့တဲ့အတွက် တရားခံကို ဖမ်းဆီးရမိရန် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မှုမရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာလည်း ခဲများဖြင့်ပစ်ပေါက်သည့်ဖြစ်စဉ်မှာ အထူးသဖြင့် ခရီးသည်တင် Express ကားများအား အဓိကထား၍ လုပ်ဆောင်နေကြပြီး အဆိုပါလူများမှာ ညပိုင်းတွင် မှောင်ရိပ်ခိုကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ကြခြင်းဖြစ်ပြီး အနည်းဆုံး လူ ၄၊ ၅ ဦးပါရှိပါကြောင်း နေရာခွဲ၍ ကားများအား ခဲနဲ့ပစ်ပေါက်လျက်ရှိကြောင်း အဆိုပါလူများမှာ ခဲပစ်ပေါက်ပြီးသည်နှင့် ထွက်ပြေး မသွားဘဲ ထိုနေရာတွင် ရပ်စောင့်၍ ကားရပ်သွားလျှင် တစ်ခုခုလုပ်ရန် စောင့်ဆိုင်းနေကြောင်းနှင့် ပစ်ပေါက်ခံရသော ယာဉ်များမှာ မိမိယာဉ်ဘာဖြစ်သည်ကို ရှေ့သို့ ၃၊ ၄ မိုင်မောင်းနှင်ပြီးမှ အောက်သို့ ဆင်းကြည့်ရသည်ကို ကြားသိရကြောင်းဖြင့် ဖော်ပြခဲ့ပါတယ်။ ခဲဖြင့်ပစ်ပေါက်မှုများက မှန်ကန်မှု ရှိပေမဲ့လည်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက လက်ထောက် အထွေထွေမန်နေဂျာ ဦးခင်ကျော်နဲ့ ယာဉ်မောင်းဖြစ်သူ ဦးဌေးမြင့်တို့ကို စစ်ဆေးပေါ်ပေါက်ချက်များ အရ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေမှုများဆိုတဲ့ အကြောင်းအရာက မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိ ရပါသည်။ သို့ပေမဲ့လည်း တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိ ပါတယ်။
အမြန်လမ်းရဲတပ်ဖွဲ့အနေနဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတစ်လျှောက် ယာဉ် များကို ခဲများ၊ လေးခွများဖြင့် ပစ်ခတ်မှုနဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူက ချက်ချင်း အမြန်လမ်း ရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် တရားခံဖမ်းဆီးရမိပြီး အရေးယူနိုင်ခဲ့တဲ့ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်များကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ၁၁း၃၀ အချိန်က မန္တလေးတိုင်း နယ်ြမေ အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၂၉၄/၆ မှာ အာကာသယာဉ်လိုင်းအမှတ် ၆ဂ/၅၇၉၅ ကို ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် ကားဘယ်ဘက်နောက်မှန်တစ်ချပ် ကွဲသွားလို့ ပြစ်မှု ကျူးလွန်သူတရားခံ ကြီးအောင်ပါ နှစ်ဦးကို စုံစမ်းဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က စကားအင်းအမြန်လမ်းရဲစခန်းနယ်ြမေမှာ ရွှေမန္တလာခရီးသည်တင်ယာဉ်ကို ဝင်းကို (၂၈) နှစ် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်နေသူမှ အရက်မူးပြီး လက်သီးဆုပ်ခန့်ရှိတဲ့ ခဲနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၆ အရ အရေးယူပြီး တရားစွဲဆိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂/၅ အနီးမှာ နစ်ဆန်းယာဉ်အမှတ် ၃ဂ/၅၈၃၀ ကို အရက်ပုလင်းဖြင့် ပစ်ပေါက်သူ ဇော်မင်းထိုက် (၂၀) နှစ် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်နေသူကို ချက်ချင်းဖမ်းဆီးရမိတဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉(က) အရ တရားစွဲဆို တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှာ Elite ခရီးသည်တင်မှန်လုံယာဉ်ကို နွားကျောင်းရင်း လေးခွနဲ့ ပစ်ခတ်ရာမှန်ကို ထိမှန်ခဲ့တဲ့အတွက် စုံစမ်းရာ အသက်(၁၀)နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့အတွက် မိဘအုပ်ထိန်းသူများကို ခေါ်ယူကာဆုံးမသတိပေးခဲ့ပြီး ရဲစခန်းမှာ ဝန်ခံကတိ လက်မှတ်ရေးထိုးကာ မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မေလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် (၁၁၃/၅)မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ စူပါရု(ဖ်)ဗင်ယာဉ်ကို လူငယ် တစ်ဦးမှ ခဲနဲ့ပစ်ပေါက်နေကြောင်း ပြောကြားတဲ့အတွက် သတင်းရလျှင်ရချင်း ဖြူးအမြန်လမ်းရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ ကတုံး(ခ)ထွန်းထွန်းလင်း (၁၅) နှစ် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ကို တွေ့ရှိ၍ဖမ်းဆီးခေါ်ဆောင်စစ်ဆေးရာ အရက်သေစာသောက်စားပြီး လမ်းကြုံလိုက်ဖို့ ကားကိုတားပေ မယ့် ရပ်မပေးလို့ ဘီယာဗူးခွံများနဲ့ ပစ်ပေါက်ခဲ့ကြောင်း ယာဉ်ကိုထိမှန်ခြင်း မရှိကြောင်းသိရှိရတဲ့ အတွက် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး ကလေးသူငယ်ဖြစ်နေတဲ့အပြင် ယာဉ်များကို ထိမှန်ခဲ့ခြင်းမရှိတဲ့ အတွက်ကြောင့် ၎င်း၏အုပ်ထိန်းသူအလုပ်ရှင်နဲ့ အလုပ်သမားခေါင်းဆောင်များကို ခေါ်ယူ၍ နောက်နောင်ထိုသို့မပြုလုပ်ရန် ခံဝန်ကတိပြုလုပ်ထားရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၁၈/၃ အနီးမှာ ရန်ကုန်က နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ရွှေစင်စြင်္ကာခရီးသည်တင်ယာဉ်အမှတ် ၆ဃ/၉၄၁၀ ရဲ့ရှေ့ကို လူနှစ်ဦးစီးနင်းမောင်းနှင်တဲ့ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းတာကို တွေ့ရှိရတဲ့အတွက် ယာဉ်ကို အရှိန်လျှော့ပေးစဉ် လမ်းလယ်ကျွန်းဓာတ်တိုင်အောက်မှာ ထိုင်နေတဲ့လူငယ်တစ်ဦးက ခဲနဲ့ ပစ်ပေါက်ခဲ့ လို့ ပြူတင်းပေါက်ထိမှန်ကာ ကွဲကြေသွားကြောင်း လှည်းကူးမြို့နယ်၊ အမှတ်(၃) အမြန်လမ်းရဲစခန်းကို ယာဉ်မောင်းက ချက်ချင်းသတင်းပေးပို့ တိုင်တန်းခဲ့တဲ့အတွက် စုံစမ်းဖော်ထုတ် ခဲ့ရာ ၂၀၁၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန် ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိခဲ့တဲ့ အတွက် ထိရောက်တဲ့ ပြစ်ဒဏ်များရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။ အမြန်လမ်းမကြီးတလျှောက် မှာရှိတဲ့ အမြန်လမ်းရဲစခန်းများအနေနဲ့ သက်ဆိုင်ရာမိမိနယ်မြေအစမှအဆုံး ခရီးသွားမော်တော်ယာဉ် များ/ပြည်သူများကို ခဲများ/လေးခွများနဲ့ ပစ်ပေါက်ခံရမှုမရှိစေရေးအတွက် မိမိလက်အောက် ရဲကင်း များမှာရှိတဲ့ တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး တပ်ဖွဲ့များမှ ထုတ်ပေးထားတဲ့ မော်တော်ယာဉ်များ/ ဆိုင်ကယ် များကို အသုံးပြုကာ ကင်းပုန်းဝပ်ခြင်း၊ လှည့်ကင်းဆောင်ရွက်ခြင်းများ၊ လုံခြုံရေးဆောင်ရွက်ပြီး လမ်းကြောင်းတလျှောက် မှောင်ရိပ်ခိုသူများ၊ မူးယစ်ပြီး လမ်းပေါ်သွားလာနေသူများ၊ အြခေအနေမဲ့ များကို စိစစ်အရေးယူလျက် ရှိပါတယ်။ ဒါ့အပြင် အမြန်လမ်းရဲစခန်းမှူးများမှ ကျေးရွာ ၉၃ ရွာမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးဟောပြောခြင်းများကို ၂၇၃ ကြိမ် ကွင်းဆင်းပြီး စည်းရုံးရေး အသွင်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အမြန်လမ်းမကြီးပေါ်မှာ သွားလာလျက်ရှိတဲ့ ယာဉ်များကို ခဲ၊ လောက်လေးခွအစရှိသည်များနဲ့ ပစ်ပေါက်မှုမရှိစေရေးအတွက် မှာကြားအသိပေးဆောင်ရွက်လျက် ရှိတဲ့အပြင် ဖော်ထုတ်ဖမ်းဆီးရမိပါကလည်း ကြီးလေးတဲ့ပြစ်ဒဏ်များ ချမှတ်ခြင်းခံရမည်ကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက် လျက်ရှိပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ ဖြတ်သန်း သွားလာတဲ့ယာဉ်များ လုံခြုံရေးအကူအညီတောင်းခံလိုပါက အနီးဆုံးဆက်သွယ်ရမယ့် ရဲစခန်း၊ ရဲကင်း များရဲ့ ဖုန်းနံပါတ်များပါရှိတဲ့ ၄ x ၃ ပေ ဗီနိုင်းများကို မိုင်တိုင် ၇၅/၀ နဲ့ ၈၂/၅ တို့မှာ တစ်ခုစီ စိုက်ထူထားရှိပြီးဖြစ်ပါတယ်။ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုသွားလာ လျက်ရှိတဲ့ မော်တော်ယာဉ်တွေအနေနဲ့ မိမိရဲ့ယာဉ်ကို ခဲ၊ လေးခွများဖြင့် ပစ်ပေါက်ခြင်းခံရပါက တာဝန်ရှိသူယာဉ်မောင်းများမှ နီးစပ်ရာ ရဲစခန်း/ရဲကင်းများကို ချက်ချင်းသတင်းပေးပို့ တိုင်တန်းဖို့ လိုအပ်တယ်။ အမြန်လမ်းရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ထိန်းသိမ်းရေးဆောင်ရွက်ခြင်း၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ခြင်း၊ ယာဉ် တိမ်းမှောက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနဲ့ ပျက်စီးဆုံးရှုံးမှုများအတွက် နီးစပ်ရာဆေးရုံ/ ဆေးခန်းသို့ ပို့ဆောင်ပေးခြင်း၊ လမ်းပေါ်မှာ ပိတ်ဆို့နေတဲ့ယာဉ်များကို အမြန်ဆုံးရွှေ့ပြောင်းပို့ဆောင် ပေးခြင်း၊ ယာဉ်ချို့ယွင်းပျက်စီးမှုရှိပါကလည်း ကူညီလုပ်ဆောင်ပေးခြင်းစသည်ဖြင့် ခရီးသွားပြည်သူ များရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်မဖြစ်စေရေးဆောင်ရွက်မှုများအပြင် မည်သည့်အခက်အခဲ လိုအပ်ချက်များကိုမဆို နေ့စဉ် ၂၄ နာရီ မပြတ်အကူအညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အမြန် လမ်းမကြီးတလျှောက်မှာနေတဲ့ ကျေးရွာများမှာ နေထိုင်ကြတဲ့သူများက ယာဉ်များကိုခဲပေါက်မှုဖြစ်ပွား ရခြင်းကတော့ တောသဘာဝအရ ကျွဲ၊ နွားများ၊ တိရစ္ဆာန်များနဲ့ ငှက်များပစ်ရာမှာလည်း ဖြတ်သန်းသွားလာ တဲ့ယာဉ်များကို မတော်တဆထိမှန်မှုများရှိခဲ့ကြတဲ့အတွက် အမြန်လမ်းမကြီးနဲ့ ဆက်စပ်လျက်ရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့များအနေနဲ့လည်း အမြန်လမ်းမကြီးနဲ့ ဆက်စပ်ကျေးရွာများမှာ မှုခင်းအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများနဲ့ လုံခြုံရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းများ ပြုလုပ်ထားရှိတဲ့အပြင် အမြန်လမ်းမကြီးနဲ့ နယ်နိမိတ်ထိစပ် နေတဲ့ နယ်ြမေရဲစခန်း ရဲကင်းများအနေဖြင့် ပညာပေးဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
