ပညာရေးဝန်ကြီးဌာန
(က) သတင်းစာပညာဘာသာရပ်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဧည်သည့်တော် များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးရင် ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်မေးမြန်းမယ့် မေးခွန်းကတော့ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်ကဲ့သို့ ဘွဲ့လွန်ပညာများသင်ကြားပေးသည့် တက္ကသိုလ်ကြီးများတွင် Journalism သတင်းစာပညာဘာသာရပ်ကို ဘွဲ့
(ဂ) ဘွဲ့ရလူငယ်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူ နိုင်ငံသား များ၏အကျိုးကို အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပညာရေးဆိုင်ရာမေးခွန်းကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်၏မေးမြန်းချက်အား ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယ
(ဂ) ကုမ္ပဏီများသို့ဆောက်လုပ်ခွင့်ပြုထားသောကျောင်းများကဲ့သို့ ခွင့်ပြုငွေကိုချထားပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊
(ဆ) ပညာရေးအညွှန်းကိန်းများစိစစ်ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ၍ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အလယ်ပိုင်း၊ မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်း ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့်အနေနဲ့ အခြေခံပညာကျောင်းများ၏ ပညာရေးအညွှန်းကိန်းများစိစစ်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှာ ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်၏ မေးမြန်းချက်များကို ဖတ်ကြားတင်သွင်းခွင့်တောင်းခံအပ်ပါတယ် ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ
(စ) တက္ကသိုလ်ပညာသင် ထောက်ပံ့ချီးမြှင့်ငွေများ တိုးမြှင့်ပေးရန်နှင့် တက္ကသိုလ်အသီးသီးတွင် ကိုယ်ပိုင် Website များ ထားရှိရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ကိုယ်စိတ် နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေလို့ ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အကျိုးကို ရှေးရှုပြီး ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ ဤလွှတ်တော်သို့ မေးခွန်း ၂ ခုကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၉၃ ခုနှစ်၊ ဧပြီလမှ စပြီးတော့ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးကို မြို့ပေါ်မှာနေတ
(ဆ) အခြေခံပညာကျောင်းများတွင် ဝန်ထမ်းများခန့်ထားရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပြီး နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ရွှေကူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အခြေခံပညာကျောင်းများရှိ စာရေးဝန်ထမ်းများနှင့် အခြားအဆင့်ဝန်ထမ်းများ ခန့်ထားရေးနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းမှာ ဖြစ်ပါတယ်။ အခြေခံပညာမ
(စ) ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းဥပဒေနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင် ဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ဘာသာရပ် သင် ကိုယ်ပိုင်သင်တန်းဥပဒေနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံပညာရေးကော်မတီ ၁/၂၀၀၃ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဥပဒေအသစ်ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်ဆဲကာလ အတွင်း
(ခ)-ဇီဝဗေဒဘာသာရပ်ကို အဓိက သင်ယူနေကြသော ကျောင်းသား/ကျောင်းသူများအား စာမေးပွဲ ဖြေဆိုချိန်တွင် ဘောဂဗေဒဘာသာရပ်နည်းတူ ဖြေဆိုချိန် သတ်မှတ်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
ဇီဝဗေဒဘာသာတွဲတွင် သင်ယူနေသော ကျောင်းသားကျောင်းသူများအတွက် ဇီဝဗေဒဘာသာရပ်သည် အင်္ဂလိပ်လိုသင်ကြားကျက်မှတ် ရသော ဘာသာရပ်ဖြစ်သည့်အပြင် စာမေးပွဲဖြေဆိုချိန်တွင်လည်း နားရက်မရှိ တစ်ဆက်တည်း ဖြေဆိုနေရပါသဖြင့် ကျောင်းသားကျောင်းသူများသည် ကျက်မှတ်ထားရသော စာများကို ပြန်လည် နွှေးချိန်မရပါသဖြင့် စာမေးပွဲတွင် ရမှတ်များရသင့်သလောက် လုံးဝမရရှိခဲ့ကြပါ။ ဘောဂဗေဒဘာသာ တွဲ အတွဲ(၁)တွင် သင်ယူနေကြသော ကျောင်းသားကျောင်းသူများနဲ့ နှိုင်းယှဉ်လျှင်လည်း ဘောဂဗေဒ ဘာသာရပ်သည် မြန်မာဘာသာဖြင့်သာ သင်ကြားကျက်မှတ်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပြီး ၎င်းဘာသာရပ်အတွက် ဖြေဆိုရသော စာမေးပွဲဖြေဆိုရက်အချိန်မှာလည်း ဇီဝဗေဒဘာသ
(ခ)-ဝေးလံခက်ခဲသောဒေသရောက် ဆရာ ဆရာမများ၏ အဝေးသင်ဖြေဆိုခြင်းကို ခွင့်ပြုပေးနိုင်ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တက္ကသိုလ်ဝင်အောင်မြင်ပြီးတဲ့ နောက်မှာ ပညာရေးကောလိပ်၊ ဆရာအတတ်သင်ကျောင်းများ တက်ရောက်အောင်မြင်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဝေးလံဒေသများကိုတာဝန်ကျတဲ့ ဆရာဆရာမများများစွာရှိကြပါတယ်။ အဲ့ဒီပညာရေးဝန်ထမ်းများက မိမိတို့ရဲ့ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက် ပညာရေး တာဝန်ကို ထမ်းဆောင်ရင်းနဲ့ အဝေးသင်ဖြေဆိုခြင်းဖြင့် ဘွဲ့၊ ဒီဂရီများရရှိဖို့အတွက် ကြိုးပမ်းကြရ ပါတယ်။ ဒီနေရာမှာ အဝေးသင်စာမေးပွဲဖြေဆိုနိုင်ရန် အနီးကပ်တက်ရောက်ရမည့်ကာလဟာ ၁ လ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဘာသာပြဆရာဆရာမ
Pagination
- Previous page
- Page 18
- Next page
