(င)-ထန်တလန်မြို့နယ်ရှိ ပညာရေးမှူးရုံးအား (၁၀၀ ပေ x ၃၀ ပေ x ၂၄ ပေ) သွပ်မိုး RCC နှစ်ထပ်အသစ် ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ကျောင်းဖြင့် ကျောင်းပေါင်း ၁၁၃ ကျောင်းကို နိုင်ငံတော် အစိုးရမှ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းကျောင်းများကို စီမံအုပ်ချုပ်သည့် ထန်တလန်မြို့နယ် ပညာရေးမှူးရုံးကို ၁၉၈၄-၈၅ ဘဏ္ဍာရေးနှစ်တွင် အ.ထ.က(၁)ထန်တလန်သိပ္ပံခန်းအမည်ဖြင့် အဆောက်အဦ ၃၀ ပေ x ၃၀ ပေ x ၁၂ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်အတွက် ရန်ပုံငွေ ၁၇၅၀၀၀ ကျပ်ဖြင့်လည်းကော
