ပညာရေးဝန်ကြီးဌာန

(က)-စစ်ကိုင်းမြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ပညာရေးတက္ကသိုလ်တွင် လေ့ကျင့်ရေးအခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော်တို့ နိုင်ငံဟာ ပညာရေးတိုးတက်မှုအတွက် အလွန်ပဲအရေးကြီးတဲ့ အချိန်ရောက်နေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တင်ပြမေးမြန်းမယ့်မေးခွန်းကတော့ စစ်ကိုင်းမြို့မှာ ပညာရေး ကောလိပ်တစ်ခုနှင့် ပညာရေးတက္ကသိုလ် တစ်ခုစီရှိပြီးတော့မှ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးကတော့ တည်ဆောက်ဆဲ ဖြစ်ပါတယ်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး တည်ဆောက်ပေးတဲ့အတွက်လည်း နိုင်ငံတော် အစိုးရကို အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ စစ်ကိုင်းပညာရေးကောလိပ်မှာ ကျောင်းသူကျောင်းသားများ လက်တွေ့လေ့

(က)-ပင်လောင်းမြို့နယ်၊ တင်းတောင်ကျေးရွာအုပ်စု၊ တင်းတက်ကျေးရွာ၊ အ.ထ.က(ခွဲ)မှ အ.ထ.ကကျောင်းအဖြစ်သို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပင်လောင်းမြို့နယ်အရှေ့တောင်ခြမ်း တစ်ခြမ်းလုံးရှိ တိုင်းရင်းသားမဲဆန္ဒရှင်များ လိုလား တောင့်တနေသော တင်းတက်အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။ လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တင်းတက်ကျေးရွာဟာ ပင်လောင်းမြို့ အရှေ့တောင်ဘက် ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးနှင့် မိုးဗြဲရေလှောင်ကန်ကြားမှာတည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော်တည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ပင်လောင်းမြို့နှင့် ၁၀ မိုင်ဝေးကွာပါတယ်။ အဲဒီရွာဟာ တောင်မြောက် သွယ်တန်းနေတဲ့ ပတ်ဝန်းကျင်ရွာကြီးများလည်းရှိပါတယ်။ ပင်လောင်း-လွိုင်ကော

(ဂ) လွိုင်လင် အ-ထ-က(၁) တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် အခြေခံပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူ ဦးရေ တိုးတက်များပြားလာပါသဖြင့် ကျောင်းစာသင်ခန်းများကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ရန် တိုးချဲ့ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ လွိုင်လင် မြို့နယ် အမှတ်(၁)အ‌ြခေခံပညာအလယ်တန်းကျောင်း တိုးချဲ့ကျောင်းဆောင်သစ်အား မည်သည့် အချိန်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။ 

(ဃ)-အဆင့်မြင့်တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရာတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ(လှိုင်နယ်မြေ)အား အကျိုးရှိစွာ အသုံးပြုမည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် မေးခွန်း

ရန်ကုန်တက္ကသိုလ်(လှိုင်နယ်‌ြမေ)ကို ၁၉၇၀ လောက်မှာ တက္ကသိုလ်ကြီး တစ်ခု အသစ်ကြီး တည်ဆောက်ပါတယ်။ နိုင်ငံခြားအကူအညီနဲ့ အဲဒီတက္ကသိုလ်ကြီးက စာသင်ဆောင် တွေလည်းပဲ ပြည့်စုံပါတယ်။ စာသင်ခန်းမကြီးလည်း Theatre တွေလည်းပါတယ်။ အားကစားရုံကြီး လည်း ပါပါတယ်။ နောက်အဆောင်တွေလည်းပါပါတယ်။ ဆရာတွေနေမယ့် ဝန်ထမ်းအိမ်ရာတွေလည်း ပါပါတယ်။ နိုင်ငံတကာအဆင့်မီ Campus ကြီးတစ်ခုအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ အဲဒီခေတ်တုန်း က ရန်ကုန်တက္ကသိုလ်ပြီးရင်နောက် ကျွန်တော်တို့ ပြည်လမ်းမှာရှိတဲ့ အခု ဆေးတက္ကသိုလ်ယူထားတ

(ည)-မင်းတန်း အ.ထ.က ခွဲ၊ မြစ်သာ အ.ထ.က ခွဲနှင့် ပန်းညိုအ.လ.ကခွဲအတွက် ယခု စာသင်နှစ် အမီ ဖွင့်လှစ်၍ ကျောင်းဆရာများခန့်ထားပေးရန်နှင့် မြောင်မြို့နယ်အတွင်းရှိ သက်တမ်းကြာမြင့်စွာ ဖွင့်လှစ်ထားသော ကျောင်းများအား အဆင်‌့တိုးမြှင့်ပေးရန် အစီအစဉ် ရှိ။မရှိနှင့် စပ်လျဉ်

မြောင်မြို့နယ်အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က မင်းတန်းအလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးလိုက်တဲ့ အမိန့်ရခဲ့ပါတယ်။ နောက်ဆက်ပြီး မြစ်သာတွဲဖက်အထက်တန်းကျောင်းကိုလည်း အထက်တန်း ကျောင်းခွဲအဖြစ်၊ ပန်းညိုမူလွန်ယခင်တွဲဖက်အလယ်တန်းကျောင်းကိုလည်း အလယ်တန်းကျောင်းခွဲ အဖြစ် ၂၀၁၃-၂၀၁၄ မှာ ဖွင့်လှစ်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးဌာနက ပြန်ကြားခဲ့ပါတယ်။ အဲ့ဒီလို ပြန်ကြားခဲ့တဲ့နေရာမှာ ကျွန်တော်ျတို့မြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအရ ဒေသရဲ့ လိုအပ်ချက်တွေအရ ကျောင်းတွေအဆင့်တိုးမြှင့်တာကို မဲဆန္ဒနယ်ရှင်တွေက ဝမ်းသာအဲလဲ စောင့်စား ပြီးတော့ လာမယ့်ပညာသင်နှစ်မှာ နီးရာကျောင်းတွေကို ကျောင်းအပ်ကြမယ်