(ဃ)-ဆီဆိုင်မှ ထီးစခါးလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ကို ဆက်သွယ် ထားသော လမ်းမကြီးမှာ တောင်ကြီး-ဟိုပုန်း-ဆီဆိုင်-လွိုင်ကော် လမ်းမကြီးဖြစ်ပါတယ်။ ၎င်းလမ်းမ ကြီးဟာ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ် အလယ်ဗဟိုမှ ဖြတ်သန်း ဆက်သွယ်ထားသော လမ်းမကြီးတစ်ခုဖြစ်ပြီး ပြည်နယ်နှစ်ခုရဲ့ မြို့တော်ကို ဆက်သွယ်ပေးထားသော အတိုဆုံးသောလမ်းမကြီးလည်း ဖြစ်ပါတယ်။ အဆိုပါ လမ်းမကြီးကို ဟိုပုန်း-ဆီဆိုင်လမ်းမကြီးနှင့် ဆီဆိုင်-ထီးစခါးလမ်းပိုင်းဟူ၍ နှစ်ပိုင်းရှိပါတယ်။ ယခင်ကာလ နယ်မြေမအေးချမ်းမှုကြောင့် ပြုပြင် ထိန်းသိမ်းရန် အခြေအနေမပေးသော်လည်း
