ခန္တီးတစ်ဖက်ကမ်းရှိ ဆင်သေကျေးရွာမှ လဟယ်မြို့ထိ ၅၆ မိုင်ကို ၁၉၆၂ ခုနှစ်မှ စတင်ဖောက်လုပ်ခဲ့ပါသည်ဟု သိရပါသည်။ သို့သော်လည်း ယခုအခါ နွေရာသီကာလမှသာ ကားမောင်းနိုင်ပြီး ကျန်ရာသီမှာ သွားလို့မရပါ။ မိုးတွင်းရာသီကာလတွင် ဆိုင်ကယ်ဖြင့် ခက်ခဲစွာသွားလာနေရပါတယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲသဖြင့် နိုင်ငံ့ဝန်ထမ်းများမှ သွားရော့လဟယ်လို့ နာမည်ကြီးနေရခြင်း ဖြစ်ပါတယ်။ ယခင်တပ်မတော် အစိုးရလက်ထက်တွင် တပ်မတော်အင်ဂျင်နီယာတပ်များမှ တာဝန်ယူ လမ်းဖောက်လုပ်ခဲ့ပါတယ်။ ဆင်သေကျေးရွာနှင့် နမ့်ဆလင်ချောင်းအထိ ကတ္တရာလမ်းခင်းပေးခဲ့ ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ မြေတူးစက်ကြီးများ မောင်းနှင်သွားလာကြသဖြင့် ကတ္တရာလမ်းများ ပျက်စီးနေပြီဖြစ်ပါသည်။ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။ ယခုနှစ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ တာဝန်ယူဆောင်ရွက်ရမည်ဟု သိရှိရပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တစ်နှစ်တာကာလကျော် လွန်ခဲ့သော်လည်း လမ်းတံတားများ တစ်စုံတစ်ရာပြုပြင်ပေးခြင်း မတွေ့ရသေးပါ။ ဒါကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါသည်။ ဆင်သေ-လဟယ်ကာလမ်းအား ရာသီမရွေးသွားလာ နိုင်သော လမ်းဖြစ်အောင် မည်သည့်အချိန်ကာလတွင် ဖောက်လုပ်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်းမှာရှိတဲ့ ခန္တီးမြို့နယ်နဲ့ လဟယ်မြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ခန္တီး-ဆင်သေ-လဟယ်လမ်းဟာ အတက်အဆင်းမတ်စောက်တဲ့ တောင်ပေါ်လမ်းဖြစ်ပြီးတော့ ရေလမ်း နှစ်မိုင်အပါအဝင် ၅၆ မိုင် ရှည်လျားပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလကုန်အထိ လမ်းပန်းအွခေ အနေဟာ ကတ္တရာလမ်း ၃၁ မိုင်၊ ကျောက်လမ်း ၁၁ မိုင်၊ အမာခံလမ်း ၁၁ မိုင်၊ မြေလမ်း ၁ မိုင်၊ စုစုပေါင်း ၅၄ မိုင်ဖြစ်ပါတယ်။ ခန္တီး-ဆင်သေ-လဟယ်လမ်းကို ၁၉၉၅-၁၉၉၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ ငွေအပ်လုပ်ငန်းစနစ်နဲ့ ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထိ လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်းများနဲ့ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ပြန်လည်တာဝန်ယူခဲ့ပြီး အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ၃၄ ပေအကျယ်ရရှိအောင် လမ်းချဲ့ခြင်း ၁ မိုင် ၁ ဖာလုံ၊ မြင့်တက်နေသော လမ်းပုခုံးအား ွမေညှိစြက်ဖင့် ပြုပြင်ခြင်း ၅၃ မိုင်၊ ကျောက်စီွမေကာနံရံပြုလုပ်ခြင်း ၄၀ ပေ၊ ကွန်ကရစ် တံတားတည်ဆောက်ခြင်း ၆ စင်း၊ တံတားများပြုပြြင်ခင်း ၄ စင်း တို့ဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၀၀ သန်းနဲ့ သွားလာမှုခက်ခဲ၍ အတက်အဆင်းမတ်စောက်သည့်နေရာ ၃ နေရာ၊ အရှည် ၇ မိုင်ကို ပြေပြစ်အောင် နှိမ့်ချခြင်း၊ မိုင်တိုင် ၂၄ /၅ မှ ၂၇/၅ အထိ ၃ မိုင်နှင့် မိုင်တိုင် ၂၈/၀ မှ ၃၁/၄ အထိ ၃ မိုင် ၄ ဖာလုံအား လမ်းအူကြောင်းအသစ် ဖောက်လုပ်ခြင်း၊ မိုင်တိုင် ၄၄/၆ မှ ၅၆/၀ အထိ ၁၁ မိုင် ၂ ဖာလုံ ကျောက်တောင်မိုင်းခွဲချဲ့ခြင်း အပါအဝင် လမ်းတာပေါင်အကျယ် ၃၄ ပေ ရရှိစေရန် လမ်းချဲ့ခြင်း၊ လမ်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လျှိုဖြတ် ၁၅ နေရာတွင် လမ်းဖြတ် ရေထုတ်ပြွန် ၁၅ စင်းတည်ဆောက်ခြင်းနဲ့ ၅၄ ပေအရှည် ကျောက်စီွမေကာနံရံ ၁ ခု ဆောက်လုပ်ရန် လျာထားပြီးတော့ ယခုအခါမှာ ပစ္စည်းစုဆောင်းခြင်းနဲ့ အကြိုအင်ဂျင်နီယာလုပ်ငန်းဆောင်ရွက် လျက်ရှိပါတယ်။ မိုးရာသီလည်းဖြစ်နေတာမို့ မိုးကုန်တာနဲ့အမျှ ဆက်လက်ပြီးတော့ ကျွန်တော်တို့ တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျား။ ယခုမိုးရာသီတွင် ဆက်သွယ်သွားလာမှု မပြတ်တောက်ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပွင့်လင်း ရာသီတွင် တိုးတက်ကောင်းမွန်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
