ဆောက်လုပ်ရေးဝန်ကြီးဌာန

(ခ)-တမူးမြို့အတွင်းရှိ တမူး-ကလေး-ကလေးဝလမ်းမကြီးအား မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အတွင်းမှာ တမူး-ကလေး-ကလေးဝလမ်းမကြီးဟာ တောင်နဲ့မြောက်ဖြတ်သန်း လျက်ရှိပါတယ်။ တမူးမြို့မှာ မိုးများတဲ့ အချိန်ကာလများမှာ အနောက်ဘက်တောင်တန်းပေါ်ကနေ စီးကျလာတဲ့ ရေများဟာ အရှေ့ဘက် မြို့တွင်းသို့စီးဆင်းရန် တမူး-ကလေး ကားလမ်းမကြီးကို ဖြတ်သန်းစီးဆင်းရပါတယ်။ အဲ့လို စီးဆင်းတဲ့ အခါမှာ ကားလမ်းမကြီးကို ဖြတ်ပြီးတော့မှ အရှေ့နဲ့အနောက် ပြွန်လုံးများမြုပ်ထားမှု အားနည်းနေတဲ့ အတွက် ရေစီးဆင်းမှုများ လျင်မြန်မှုမရှိတဲ့အတွက် တောင်ခြေမှာရှိတဲ့အိမ်များဟာ ရေနစ်မြုပ်မှုများနဲ့ ကြုံတွေ့ကြရပါတယ်။ တစ်ခါတစ်ရံ နှစ်ရက်သုံးရက်ခန့်ထိ ကြာတတ်ကြောင်း တွေ့ရှိရပါတယ်။ မိုးကုန်

(ဃ)-အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်ကားလမ်းမကြီးအား ချောင်းရေတိုက်စားနေသည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် မြေထိန်းနံရံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်- ပြည်ကားလမ်းမကြီးဟာ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတို့နဲ့ အဓိကကူးသန်းသွားလာမှုအတွက် လမ်းမကြီးတစ်ခုဖြစ်ပါတယ်။ ယခုအခါမှာဆိုလို့ ရှိရင် ရန်ကုန်-ပြည် ကားလမ်းမကြီးရဲ့ မိုင်တိုင်အမှတ် (၁၁၃/၁) မှ (၁၁၃/၂)ကြားမှာရှိတဲ့ သရက်ပင် ဆိပ်ကျေးရွာအနီး ယာဉ်သွားလမ်းအနီးမှာ သဖန်းပင်ဆိပ်ချောင်းခေါ် ညောင်ချောင်းရဲ့ရေတိုက်စား

(ခ)-ပြည်-အောင်လံ လမ်းပိုင်း (၁/ ၁၈၅) တံတားအား သံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်း မစတင်မီ ရန်ပုံငွေများကို ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပြည်မြို့အထွက် ရန်ကုန်-ပြည်မန္တလေး မိုင်တိုင်အမှတ် ၁၈၄/၆၊ ၇ တွင် RPT သံပေါင်အမျိုးအစားဖြစ်သော နတ္တလင်း တံတားသည် ၁၉၅၄-၅ နှစ်ကတည်းက တံတား တစ်ခုဖြစ်ပြီး အရှည် အလျားပေ ၂၁၀ ၊ အကျယ်ပေ ၁၂ ပေရှိသော တံတားကျဉ်းတစ်ခုဖြစ်ရာ  သက်တမ်း ၆၀ ခန့်ကြာမြင့်နေပြီဖြစ်၍ ကြမ်းခင်းများ ပျက်ဆွေးခြင်း၊ ကွန်ကရစ်သားများ ကွာကျခြင်းများ ဖြစ်ပေါ်နေသည့်အတွက် တံတားဦးစီးဌာန ယာယီပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း၊ ၎င်းတံတား၏ ခံနိုင်အားသည် ၁၃.၅ တန် ရှိခဲ့သော်လည်း သံမဏိစက်ရုံကြီးသို့ို သံမဏိ သံတုံးယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ၊ နှင့် နေ့စဉ်ယာဉ်စီးရေ ၁၂၀၀ ခန့်အထိဖြတ်သန်းနေသော

(က)-စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်း မစတင်မီ ရန်ပုံငွေများကို ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော ရန်ပုံငွေများကို အေ‌ာက်ခြေအဆင့် တာဝန်ရှိသူများထံသို့ ကြိုတင်ပေးအပ်ခြင်းမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တာဝန်ရှိပုဂ္ဂိုလ်များသည် လိုအပ်သောပစ္စည်းများ ဝယ်ယူရန်  ပြင်ပမှ ငွေတိုးပေးချေးပြီး လုပ်ဆောင်နေကြရပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများတွင် ငွေအပြည့်အဝ သုံးစွဲခွင့် မရရှိသောကြောင့် စံချိန်မမီခြင်း၊  အရည်အသွေးမကောင်းခြင်း၊ အကြွေးနှင့်ဝယ်ရသည့်အတွက် လက်ငင်း ဈေးနှုန်းထက် မြင့်မားခြင်း၊ အရည်အသွေး မပြည့်သည့်ပစ္စည်းများကို

(ဂ)-ညောင်ရွှေမြို့နယ်၊ ကျွန်းတောင်မှ မောက်မယ်အထိ ၈၈ မိုင်ရှည်သောလမ်းမကို ပြည်ထောင်စု လမ်းမအဖြစ် ဖောက်လုပ်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျွန်းတောင်-ကျောက်တစ်လုံး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ်လမ်းဟာ လင်းခေးခရိုင်၊ လွယ်လင်ခရိုင်၊ တောင်ကြီးခရိုင်တို့မှ နေပြည်တော်သို့ ဆက်သွယ်ရာမှာ အတိုဆုံးလမ်း ဖြစ်ပါတယ်။ ၎င်းလမ်းမအား  ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော လမ်းမကြီးတစ်သွယ်လည်း ဖြစ်တဲ့အပြင် နိုင်ငံတော်မှ ရည်မှန်းဖောက်လုပ် လျက်ရှိတဲ့ ခရိုင်ချင်းဆက်လမ်းဖြစ်ပါတယ်။ ကျွန်းတောင်မှ ကျောက်တစ်လုံးအထိ ကတ္တရာလမ်း ဖြစ်သော်လည်း လမ်းကျဉ်းခြင်း၊ တံတားများမခိုင်ခံ့ခြင်းတို့ကြောင့် ကားကြီးများ၊ ကုန်တင်ယာဉ်များ မသွားလာနိုင်ပါ။ ၎င်းလမ

(ဃ)-ညောင်တုန်းလမ်းမကြီးအား ပြုပြင်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမကြီးဘေးရှိ ဆည်မြောင်းအိမ်ရာရှေ့ မိုင်တိုင်အမှတ် ၁ မိုင်       ၄ ဖာလုံမှ စနေမမှတ်တိုင် မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံကြားရှိ ညောင်တုန်းလမ်းမကြီးမှာ ကတ္တရာလမ်းဖြစ်ပြီး ယခုအခါ ကတ္တရာများပေါက်ပြဲပျက်စီး၍ တချို့နေရာများတွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေသည်မှာ ၁ နှစ် နီးပါးခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ ယင်းလမ်းပိုင်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနမှ BOT စနစ်ဖြင့် အေးရှားဝေါလ်ကုမ္ပဏီသို့ ကန်ထရိုက်ပေးထားသည်ဟုလည်း သိရပါတယ်။ ခရီးသွားယာဉ်ကြီးယာဉ်ငယ်များအနေဖြင့် ညောင်တုန်းလမ်းမကြီးမှ အောင်ဇေယျ တံတ

(ဂ)-သနပ်ပင်-သက္ကလ-ခရမ်း လမ်းနှင့် ကဝ-အုန်းနှဲရွာလမ်း (၂) လမ်းအား တိုးချဲ့ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပဲခူး-သနပ်ပင်-သက္ကလ-ခရမ်း-သုံးခွ-သန်လျင်ကားလမ်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရထားလမ်းဖြစ်ပါ တယ်။   အဲဒီရထားလမ်းက သံလမ်းတွေကို သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းဖောက်တဲ့အခါမှာ ဂျပန် တွေက ချွတ်ယူပြီးတော့သွားတဲ့အတွက်ကြောင့် အဲဒီရထားလမ်းဟာ ကားလမ်း ဖြစ်ခဲ့ပါတယ်။ အဲဒီကားလမ်းဟာဆိုလို့ရှိရင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့အချိန်ထိ ပဲခူးက နေ သနပ်ပင် ကားနှစ်စီး ရှောင်လို့ရပါတယ်။ နောက်တစ်ခါ ခရမ်းကနေပြီးတော့ သန်လျင် ကားနှစ်စီး ရှောင်လို့ရပါတယ်။ ကြားထဲမှာ သနပ်ပင်ကနေပြီးတော့ ခရမ်းအထိ ၃၄ မိုင်က ကားနှစ်စီး ရှောင်လို့မရ ပါဘူး။ ကားတစ်စီး သွားနေလို့ရှိရင် နှစ်စီ

(င)-ဟိုပုံး-မိုင်းပြင်း မိုင်တိုင်အမှတ် ၁၁/၀ မှ ၁၇/၀ အထိ မြေသားလမ်းပိုင်းအား ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟိုပုန်း-မိုင်းပြင်း-မိုင်းလင်း-တုံလောလမ်းဟာ ကျောက်ချောလမ်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဟိုပုန်း-မိုင်းပြင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၁၁/၀ မှ ၁၇/၀ အထိဟာ  မြေသားလမ်း ဖြစ်နေသေးတဲ့အတွက် မိုးရာသီမှာ သွားလာလို့မရတော့ပါ။ ၎င်းလမ်းပိုင်းဟာ ဟိုပုန်းမြို့နယ် မြောက်ခြမ်းနှင့် ဟိုပုန်းမြို့ကို ဆက်သွယ်ပေးတဲ့ အဓိကလမ်းပိုင်းဖြစ်နေတဲ့အတွက် ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးလိုက်ရင် ဒေသခံပြည်သူတွေအတွက် များစွာအကျိုးရှိစေမှာဖြစ်တဲ့အပြင် နယ်မြေအေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုကို မျာ