ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဇ)-ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးကြိုးတံတားကြီးနှင့်စပ်လျဉ်း၍ မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကွမ်းလုံကြိုးတံတားသည် ၁၉၆၅ ခုနှစ်က တည်ဆောက်ပြီးစီးခြင်း ဖြစ်သဖြင့် နှစ်ပေါင်း ၅၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကွမ်းလုံကြိုးတံတားသည် အရပ်မျက်နှာ အနောက်မှအရှေ့သို့စီးဆင်းနေသည့် သံလွင်မြစ်ကို တောင်မြောက်ဖြတ်သန်း တည်ဆောက်ထားပြီး ၎င်းဒေသတစ်ခွင်ရှိ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဟိုပန်မြို့နေ တိုင်းရင်းသားပြည်သူများ နေ့စဉ်အသုံးပြုနေကြသော၊ တစ်ခုတည်းသော မြစ်ကူးတံတားတစ်စင်း ဖြစ်ပါကြောင်း၊ ခေတ်စနစ်မျ

(ဈ)-အိမ်မဲမြို့နယ်အတွက် အဓိကကျေးလက်လမ်းဖြစ်သည်‌့ မယ်ဇလီစာဖြူစု-မှန်ကုန်းလမ်းကို ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင်‌့မြှင်‌့တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

အိမ်မဲမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းတွင် တည်ရှိပြီး စိုက်ပျိုးရေးကို အဓိက ထားနေရသည့် ဖွံ့ဖြိုးမှုနောက်ကျနေသော မြို့လေးဖြစ်ပါကြောင်း၊ ဆန်စပါးကိုအဓိကထား စိုက်ပျိုးပြီး‌ ရေလမ်း၊ ကုန်းလမ်းမျှနေသည့်အတွက်ကြောင်‌့ သွားရေး/လာရေး အင်မတန်မှခက်ခဲနေဆဲ ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းတော်တော်များများသည် မြေသားလမ်းအဖြစ်သာ ရှိနေသည့်အတွက် တချို့က ကျောက်ကြမ်းလမ်းအဖြစ် တည်ရှိပါကြောင်း၊ အချို့က လမ်းခင်း

(ဂ)-ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြည်သူလူထု သွားလာမှုအဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါးစေရန်အတွက် Inner Ring Road ပြုလုပ်ရန် အစီအစဉ်ကို မည်သို့စီမံကိန်းချပြီး ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

အိမ်နီးချင်းနိုင်ငံများတွင် မြို့ပြလူနေမှုသည် တစ်နေ့တခြားတိုးတက်လာသည်နှင့်အမျှ Living Standard သည်လည်း မြင့်လာသည့်အတွက် ကားများအသုံးပြုမှု ပိုမိုများပြားလာပါကြောင်း၊ အသုံးပြုလာသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှာ ကားကျပ်တည်းမှုကို နှစ်ထပ်လမ်း၊ အမြန်လမ်း Inner Ring Road၊ Outer Ring Road တို့ဖြင့် ဖြေရှင်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယာဉ်ကြောကျပ်တည်းမှု လျော့ပါးစေရန် အမြန်လမ်းနှင့် ရိုးရိုးလမ်