ဆောက်လုပ်ရေးဝန်ကြီးဌာန

(င)-ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ချောင်းကူးတံတား (၃၀၀)ပေအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ စေတီတောင်ကျေးရွာသည် လူနေအိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဈေး၊ လုံခြုံရေးကင်းစခန်းစသည့် ကျေးရွာဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံပြီး ဘူးသီးတောင်မြို့နယ်၏မြို့နယ်ခွဲ အဖြစ် လျာထားခြင်းခံရသောကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊

(က)-ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၇၆) မိုင်တွင် ဆောက်လုပ်ထားသော 76 MILE MINI REST CAMP နှင့် ပတ်သက်၍ ယခုလေးလမ်းသွား အမြန်လမ်းမကြီးကို ခြောက်လမ်းသွား (သို့) ရှစ်လမ်းသွားအဖြစ် တိုးချဲ့မည်ဆိုပါက ထိုအဆောက်အအုံနှင့် လွတ်ကင်းမှုရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၇၆ မိုင်တွင်ဆောက်လုပ်ထားသော 76 Mile Mini Rest Camp သည် နိုင်ငံတော်ဘတ်ဂျက်ငွေ အမြောက်အမြားသုံးစွဲ၍ ကျခံဆောက်လုပ်ထားသော်လည်း အများပြည်သူများအတွက် အကျိုးမရှိ ဖြစ်နေပါသောကြောင့် အောက်ပါအချက်များကို သိလိုပါသဖြင့် သက်ဆိုင်ရာကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊  76 MILE MINI REST CAMP ကို ပြည်‌ထောင်စုအစိုးရ သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မည်သည့်အစိုးရအဖွဲ့၏ ခွင့်ပြုချက် အရ ဆ

(ဃ)-ရွှေကျင်မြို့နယ်၊ ဝင်းခနိန်ကျေးရွာအုပ်စု၊ မဓမချောင်းကိုဖြတ်ကူး၍ ဝင်းခနိန်-အလယ်ကျွန်းကျေးရွာ ချင်းဆက်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်းနှင့် မဓမချောင်းနှစ်ခုကြားက ဒေသဆိုလျှင် ချောင်းနှစ်ချောင်း၏ ကြားထဲတွင်ရှိနေသည့်အတွက် သွားရေးလာရေးခက်ခဲပါကြောင်း၊ ကျေးရွာအုပ်စု တစ်စုတည်းတွင် ချောင်းများခြားနေသည့်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စကစအများကြီး အခက်အခဲရှိပါကြောင်း၊ ရွှေကျင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ရွှေကျင်ချောင်းနှင့် မဓမချောင်းနှစ်ချောင်းသည် ဒေသခံများစိုက်ပျိုးရေး၊ သွာ

(ဇ) ကမာကလုတ်တိုက်နယ်အတွင်းရှိလယ်ယာမြေများအား စစ်တမ်းကောက်ယူခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ခင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောက်တန်းမြို့နယ်ကျေးရွာအုပ်စု ၁၁ စုအတွင်းရှိ မိဘပြည်သူများသိရှိလိုမှုကို ဤလွှတ်တော်မှတစ်ဆင့် မေးခွန်းဖြင့်မေးမြန်းရခြင်း ဖြစ်ပါတယ်။ ကျောက်တန်းမြို့နယ်ရဲ့ ကမာကလုတ်တိုက်နယ် ကျေးရွာအုပ်စု ၁၁ စုအတွင်းရှိ ကျေးရွာများတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာ

(ဆ) သံလွင်တံတား၏လုံခြုံရေးအရပိတ်ချိန်အားလျှော့ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါတယ်ရှင်။ ကျွန်မကတော့ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ ဖြစ်ပါတယ်။ ကျွန်မအနေဖြင့် ကရင်ပြည်နယ်  လမ်းပန်းဆက်သွယ်ရေး နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းလိုခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ဘားအံ-ရန်ကုန်ကားလမ်းဟာ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အရေးကြီးဆုံးသော လမ်းဖြစ်ပါတယ်။  ထိုလမ်းကို ခရီးသည်တင်ကားများ၊ ကုန်တင်ကားများသည် သံလွင်တံတား(ဘားအံ)ကို ဖြတ်သန်း သွားလာနေကြရပါတယ်။ လုံခြုံရေးအကြောင်းပြ

(ခ) သက်ကယ်ချောင်းတံတားရေလည်တိုင်အား ပြင်ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။  ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦကျော်ဝင်း ဖြစ်ပါတယ်။ သက်ကယ်ချောင်းတံတား ရေလည်တိုင် အားပြင်ဆင်ပေးရန်မေးခွန်းနှင့်စပ်လျဉ်းလို့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အဓိကအသုံးပြုနေသော သက်ကယ်ချောင်းမြစ်တွင် တည်ဆောက် နေသည့် သက်ကယ်ချောင်းမြစ်ကူးတံတား၏ ရေလည်တိုင်အကျယ်ပေ ၁၂၀ သည် ခရီးသည်တင် လိုင်းသင်္ဘောများ၊ ကုန်တင်တွဲသင်္ဘောကြီးများသွားလာရေးအတွက် ရေ

(ဃ) နမ့်လုံချောင်းတံတားကို ရေတိုက်စားခြင်းမှကာကွယ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ တယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မိုင်းဖြတ်မြို့နယ်မဲဆန္ဒရှင်များရဲ့ ကိုယ်စား အကျိုးပြုမယ့်မေးခွန်းတစ်ခုကို မေးမြန်းတင်ပြလိုပါတယ်။ အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော့်မေးခွန်းကို စာဖြင့်ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ မိုင်းဖြတ်မြို့ဟာ