လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင် ဖြစ်ပါတယ်။ မေးမြန်းထားတဲ့မေးခွန်းကတော့ ကျေးလက်နေပြည်သူများရဲ့ စားဝတ်နေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ပေါ့ရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ဒေသ ဖွံ့ဖြိုးရေးအတွက် မြစ်ချောင်းများကို လိုင်စင်စီဆွဲဝယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ကိစ္စနဲ့ပတ်သက် ပြီးတော့ မေးခွန်း မေးမြန်းထားတာဖြစ်ပါတယ်။ တကယ့်ပြည်သူတွေရဲ့ လိုအပ်ချက်၊ ဆန္ဒသဘောထားများကို တစ်ဆင့်တင်ပြမေးမြန်းတဲ့ မေးခွန်းဆိုလည်းမမှားပါ။ ဥက္ကဌကြီးခင်ဗျား။ ပကတိအခြေအနေကို အနည်းငယ်ဖတ်ကြားတင်ပြခွင့်ပြုစေလိုပါတယ်။ ရခိုင်ပြည်နယ်ဟာ ပင်လယ် ကမ်းရိုးတမ်းဒေသ တစ်ခုဖြစ်ပါတယ်။ မြို့နယ်အများစုဟာ ဘင်္ဂလားပင်လယ်နဲ့တိုက်ရိုက်ထိတွေ့ နေတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ပေါက်တောမြို့နယ်ဟာ မြစ်ချောင်းပေါများတဲ့ မြို့နယ်တစ်မြို့နယ် ဖြစ်တဲ့အတွက် အခုလိုလေလံပစ်တဲ့နှစ်မှစပြီးတော့ မြို့နယ်အတွင်း မြစ်ချောင်း ၂၇ ခုကို လေလံခွန်အဖြစ် သတ်မှတ်ပြီးတော့ လေလံဆွဲဝေခဲ့ပါတယ်။ ယခင်ကာလက မြစ်ချောင်းများကို လေလံဆွဲဝေခြင်းမရှိခဲ့ပါ။ ၁၉၈၈ နောက်ပိုင်း ငွေရှင်ကြေးရှင်၊ စီးပွားရေးဝိသမလောဘသမားတွေရဲ့ ဝိသမလောဘသမား တွေဟာ အဖွဲ့အစည်းဌာနဆိုင်ရာအကြီးအကဲများနဲ့ ချဉ်းကပ်ပြီးတော့လေလံဆွဲဝယ်ခြင်းများကို ပြုလုပ်လာခဲ့တာ ယနေ့အထိဖြစ်ပါတယ်။ လေလံဆွဲဝယ်ရရှိသူများအနေဖြင့်လည်း သူတို့ကိုယ်တိုင် ရေလုပ်ငန်း လုပ်ကိုင်နေကြ သူများမဟုတ်ပါဘဲနဲ့ သူတို့လေလံဆွဲဝယ်၍ ရရှိတဲ့ရေခွန်များမှာ ရေလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားများထံမှ အခကြေးငွေများကို အဆမတန်ကောက်ခံခြင်း၊ ငွေကြေးမပေးနိုင်ပါက ငါးဖမ်းပိုက်များ သိမ်းဆည်းခြင်း၊ တရားစွဲအရေးယူခြင်း ပြဿနာများဖြစ်ပွားလျက်ရှိနေတာကို တွေ့ရပါတယ်။
ဥက္ကဌကြီးခင်ဗျား၊ ကျွန်တော်လွှတ်တော်အတွေ့အကြုံတွေနယ်ဆင်း ပြီးတော့ရှင်းလင်းတဲ့အခါမှာလည်း ကျေးလက်နေပြည်သူများအနေဖြင့် သူတို့ရဲ့လိုအပ်ချက်တွေကို၊ ဆန္ဒသဘောထားတွေကို တင်ပြကြပါတယ်။ ငါတို့ ငါးလေးတစ်ကောင်ရှာစားမဲ့ နေရာမရှိတော့ဘူး။ အရင်တုန်းက တာတမံတွေအတွင်းမှာ ချောင်းတွေ၊ မြောင်းတွေရှိတယ်။ ရှာစားလို့ရခဲ့တယ်။ အခုမရှာရတော့ဘူး။ အကုန်းလုံးသူ့တာကိုယ့်တာဆိုပြီးတော့ ပုစွန်မွေးတဲ့ ပုစွန်တာတွေဖြစ်နေကြပါတယ်။ တာတမံတွေမှာမရှာရတော့ ရွာချောင်းတွေ၊ မြစ်တွေမှာ ရှာမယ်လုပ်တော့လည်း သူလေလံဆွဲဝယ် ထားတာ၊ ငါလေလံဆွဲဝယ်ထားတာဆိုပြီးတော့ မရှာရပြန်ဘူး။ ဒီလိုဖြစ်နေကြတဲ့အတွက် ငါတို့ဘဝဟာ အစားဆင်းရဲ၊ အနေဆင်းရဲဖြစ်ကြရတယ်။ ဆင်းရဲတွင်းနက်သထက် နက်နေကြရတယ်။ တချို့ရင် ရှာဖွေလုပ်ကိုင် စားသောက်မယ့်နေရာမရှိလို့ မလေးရှားတို့၊ ထိုင်းတို့ အခြေတို့ကို ရောက်သွားကြရပါ တယ်ဆိုပြီးရင်ဖွင့်ကြပါတယ်။
ဥက္ကဌကြီးခင်ဗျား၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ ၁၉၃ ဇယား ၅ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့်အခွန်အခ များမှာလည်း မပါဝင်တာတွေ့ရပါတယ်။ အပိုဒ် ၅ အပိုဒ်ခွဲ (က) မှာ ရေချိုလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံရမည့် ဘဏ္ဍာတော်ကြေး၊ အပိုဒ် ၅ အပိုဒ်ခွဲ (ခ) မှာလည်း သတ်မှတ်ထားသော အကွာအဝေးအတွင်း ငါးဖမ်းလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေးဆိုပြီးတော့ ပါရှိပါတယ်။ ဥက္ကဌကြီးခင်ဗျား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး အရင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီလိုမြစ်ချောင်းတွေကို လေလံပစ်တဲ့ကိစ္စ ကတော့ ဝန်ကြီးဌာန အနေနဲ့ မလုပ်ဘူး။ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေက သူတို့အစီအစဉ်နဲ့ လုပ်ကြတယ်ဆိုလို့ပြောပါတယ်။ နောက်တစ်ခါ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရန်ကုန်မှာရောက်တုန်း ဆွေးနွေခဲ့ပါတယ်။ ဒီလေလံဆွဲဝယ်ရတာဟာ ပြည်နယ်အတွက်အခွန်အခတွေ၊ ပြည်နယ်ရန်ပုံငွေတွေ ဒီကမှရတာဆိုပြီးတော့ပြောပါတယ်။ အမှန်ပြောရရင် တကယ်လေလံဆွဲတဲ့နေရာမှာ ငွေ ၁၀၀ မှာ ပြည်နယ်ရန်ပုံငွေအဖြစ် ၅၀ လောက်တောင် မဝင်ဘူးလို့သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကိုအကြံပေး လိုက်ပါတယ်။ တကယ့်အခွန်အခ အမှန်ရအောင် ဆိုရင် ရေလုပ်သားတွေရဲ့ ငါးဖမ်းပိုက်၊ ငါးဖမ်းကွက်တဲ့ပေါ်မှာ သူတို့လည်း မနစ်နာရအောင် တစ်ဖက်မှ နိုင်ငံတော်ဘဏ္ဍာလည်းရအောင် ညှိနှိုင်းကောက်ခံသွားမယ်ဆိုရင် ဒီထက်တောင် အခွန်အခတွေပိုရနိုင်ပါတယ် လို့ကျွန်တော်ပြောပြလိုက်ပါတယ်။ မြို့နယ်ငါးလုပ်ငန်း ဦးစီးအနေနဲ့လည်းတွေ့ဖြစ်ပါတယ်။ သူက ဒီနှစ်လေလံခွန်တွေကို တချို့ကို ဗဟိုငါးဖမ်းကွက်နဲ့ အလုပ်လုပ်ထားတယ်လို့ပြောပါတယ်။ ငါးဖမ်းကွက်တွေကို လျှော့တယ်လို့ပြောပါတယ်။ ပင်လယ်နဲ့ နီးစပ်တဲ့ မြစ်ကြီးတွေကို လုပ်တာပဲဖြစ်ပါတယ်။ တကယ်မြို့နယ် အတွင်းပိုင်းမှာရှိတဲ့ ပြည်သူများရှာဖွေ စားသောက်နိုင်တဲ့ မြစ်ချောင်းတွေကျတော့ ယခင်အတိုင်းပဲ ဖြစ်နေပါတယ်။
လေးစားရပါသော ဥက္ကဌကြီးခင်ဗျား။ အထက်ကတင်ပြခဲ့သလို ကျေးလက်နေပြည်သူများရဲ့ စားဝတ်နေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြစ်ချောင်းများကို လိုင်စင်စီဆွဲ ဝယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန် စပ်လျဉ်းသည့်မေးခွန်းနဲ့မေးခွန်းကို ပြည်သူဆန္ဒနှင့်အညီ အခုလို မေးမြန်းရခြင်းဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။