စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ
စပါးတစ်တင်း တစ်ကျပ်ဈေးမှ စပါး တစ်တင်း သုံးထောင်ကျပ်ခန့် ဖြစ်လာချိန်တွင် ကိုလိုနီခေတ်ကာလအတိုင်း မြေခွန် ကောက်ခံမည်ဆိုပါက နိုင်ငံတော်အနေ ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရသည့် ကုန်ကျစရိတ်နှင့် အဆပေါင်း များစွာ ကွာခြားနေသောကြောင့် ယနေ့ခေတ် အခြေအနေနှင့် လိုက်လျောညီထွေ မရှိတော့သဖြင့်တောင်သူလယ်သမားများအတွက် ဝန်ထုတ် ဝန်ပိုး မပိစေသော သင့်တင့် မျှတသည့် မြေယာခွန် တိုးမြှင့် ကောက်ခံရန် အစီအစဉ် ရှိ/မရှိ၊ မရှိ လျှင်မည်သည့်အတွက်ကြောင့်နည်း။ ရှိလျှင် မည်သို့ ဆောင်ရွက်သွားမည်ကို သိလိုပါသည်။
၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ
သထုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေး သိပ္ပံကို ၁၉၆၇ ခုနှစ် မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ “စိုက်ပျိုးရေးကိုအခြေခံ၍ အခြား စီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” လို့ ဖော်ညွှန်းထားသည်နှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် အဆင့်မြင့် စိုက်ပျိုးရေး နည်းပညာကောင်းများကို တတ်ကျွမ်းသောသူများ မွေးထုတ်နိုင်ရန် အလို့ငှာ အောက်မြန်မာပြည်၌ ဖွင့်လှစ်ခဲ့သော သထုံ စိုက်ပျိုးရေး သိပ္ပံအား စိုက်ပျိုးရေး တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်။ တိုးမြှင့် ပေးမည်ဆိုပါက မည်သည့်အချိန် တိုးမြှင့်မည်နှင့် မပြုလုပ်နိုင်ပါက မည်သည့် အတွက်ကြောင့် မပြုလုပ်နိုင်သည်ကို သိ
၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မိုးညိုမြို့နယ်တွင် လယ်မြေဧက ၁၇၆၉၂ ဧက ဖော်ထုတ် လုပ်ကိုင်နိုင်ရေး မျှော်မှန်းချက်ဖြင့် မြစ်မခချောင်း ရေကာတာ ၂၄ မိုင်ကို ဆည်မြောင်းဦးစီးဌာနမှ ဖို့လုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ရေတံခါး ၊ ရေနုတ်မြောင်းများတည်ဆောက်ထားခြင်း မရှိပါသဖြင့် ရေကာတာအတွင်း မိုးရေများ သိုလှောင်ကာ လယ်မြေများ ၊ ဂရန်အင်း များ နှစ်ပတ်လည် ရေနစ်မြှုပ်ကာ စိုက်ပျိုးထုတ်လုပ်မှုနှင့် သားငါး ထုတ်လုပ်မှု အခက်အခဲများ
ဖြစ်ပေါ်နေရာ မျှော်မှန်းချက် မအောင်မြင်ဖြစ်နေရပါသည်။ သို့ပါ၍ အဆိုပါ ရေကာတာအတွင်း ရေတံခါး၊ ရေနုတ်မြောင်းများ
၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ
မိုးမိတ်မြို့နယ်၊ ရေတံခွန်ချောင်းမကြီးမှ တစ်ဆင့် ပိန်းချောင်းသို့ လည်းကောင်း၊ ယင်းမာချောင်းသို့ လည်းကောင်း ရေလွှဲဆည် ပြုလုပ်မည်ဆိုပါက ပသင်ကျေးရွာ အုပ်စုနှင့် မကျည်းပင်ကျေးရွာအုပ်စု မှ လယ်မြေဧက ၈၆၃.၆၃ဧက သည် အချိန်မရွေး စိုက်ပျိုးနိုင်ပြီး ကောင်ရာကျေးရွာနှင့် ရွှေသဲ ကျေးရွာများတွင် လည်းကောင်း၊ ကိုးအင်း ဒေသ၊ နန့်ပန်းဒေသတို့တွင်လည်း ခန့်မှန်းခြေ မြေလွတ်မြေရိုင်း ဧရိယာဧက ၃၀၀၀ မှ ၄၀၀၀ အထိ လယ်ယာ မြေပေါ် ထွက်နိုင်မည်ဟု မြင်တွေ့ရပါသည်။ သို့ပါ၍ ရေတံခွန် ချောင်းမကြီးအား ရေလွှဲဆည် ပြုလုပ်ရန် ကျွမ်းကျင်
တောင်သူလယ်သမားများအားနှစ်စဉ်ချေးငွေဆပ် စနစ်အစားနှစ်ရှည်(၂)နှစ်ဆပ်စနစ်ဖြင့်ခွင့်ပြုပေး ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ကောင်းများဖြင့် စိုက်စရိတ်များ ထုတ်ချေးပေးလျှက် ရှိရာ ယနေ့အစိုးရသစ် လက်ထက်တွင် စိုက်ပျိုးစရိတ်ကို နှစ်စဉ် တိုးပြီးချေးပေးခဲ့သည့် အတွက် လယ်တစ်ဧကကို ၁ သိန်းအထိ တိုးမြှင့်ချေးပေးခဲ့ရာ နိုင်ငံတော် အစိုးရအပေါ် တောင်သူ လယ်သမား များက ကျေးဇူးတင်လျှက် ရှိနေကြပါကြောင်း၊ သို့သော်လည်း ချေးငွေပြန် ဆပ်ရသည့် စနစ်မှာ သီးနှံပေါ်ချိန် နှစ်စဉ်ပြန်ဆပ်ရသည့် စနစ်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် သီးနှံပျက်စီးချိန်၊ ရာသီဥတုကြောင့် စိုက်ချိန်နောက် ကျပြီးသီး
မြောက်ယမားဆည် လက်ယာ တူးမြောင်း ရေသောက် ဧရိယာ ဧက ၉၀၀၀ စီမံကိန်းအား ရပ်ဆိုင်းရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲ မြို့နယ်ရှိ မြောက်ယမားဆည် လက်ယာ တူးမြောင်းရေသောက် ဧရိယာ ဧက ၉၀၀၀ စီမံကိန်းအား မူလပထမရေး ဆွဲထားသည့် စီမံကိန်းအစီအစဉ် မြေပုံဟောင်းအတိုင်း ဖောက်လုပ်နေခြင်း မဟုတ်ပါကြောင်း၊ မြေပုံဟောင်းအရဆိုပါက ယခုထက်ပို၍ ရေသောက် ဧရိယာ ဧက ပိုမိုရရှိနိုင်သော်လည်း ယခုဖောက်လုပ်နေသော လုပ်ငန်းစဉ်အရ ဆိုပါက ရေသောက်ဧရိယာ များစွာလျော့ပါးသွားမှာလည်း ဖြစ်ပါကြောင်း၊ စာရင်းကိန်း ဂဏန်း အရ ရေသောက်ဧရိယာ ဧက ၉၀၀၀ ဟုဆိုသော်လည်း ရေရရှိနိုင်မှု အနေအထားမရှိသော လယ်ယာမြေ ဧရိယာ ဧက၂၀၀၀ ခန့်ရှိနေပါကြောင်း၊ လက်ယာတူးမြောင်း မဖောက်မီက ဒေသ၏ ရေစီးရေလာသည် ကောင်းမွန် ခဲ့ပြီး နှစ်စဉ် စိုက်ပျိုး အောင်မြင်လျ
Pagination
- Previous page
- Page 21
- Next page
