(က)-SME လုပ်ငန်းများ တိုးတက်အောင်မြင်စေရန် ဘဏ်စနစ် (Comprehensive Banking System) ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
လာမည့် ၂၀၁၅ ခုနှစ်မှာ အာဆီယံကုန်ဈေးနှုန်းဆိုရမယ့် အာဆီယံအသိုက်အဝန်း ASEAN Economic Community ကို သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကုန်သွယ်ရေးတွင် ဈေးကွက်အရင်းအနှီး၊ ဝန်ဆောင်မှုနှင့် ကျွမ်းကျင်လုပ်သားကိစ္စများလည်း ပေါင်းစည်းလာမှာ ဖြစ်ပါ တယ်။ အာဆီယံ ၁၀ နိုင်ငံအတွင်းရှိ ဦးရေ ၆၀၁ သန်းအတွက် စီးပွားရေးလုပ်ငန်းအတွက် အခွင့်အရေးများ ရရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ AEC နှင့် AFTA အတွက် မျှော်မှန်းပြီး ပြည်တွင်းမှာရှိတဲ့ SME, SMI လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးဖို့ မဖြစ်မနေလိုအပ်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်မ
