၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ

အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များ ရှင်သန်ရေး ဆိုသည့်မူအတိုင်း  ဝမ်းတွင်းမြို့နယ်အတွင်းရှိ ယက္ကန်း လုပ်ငန်းအသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ရှင်သန်နိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် (၁) နည်းပညာ (၂  ) ငွေကြေး အရင်း အနှီး၊ (၃) ခေတ်မီ စက်ကိရိယာများ၊ (၄) နိုင်ငံခြား ဈေးကွက်ဝင် အထည်များ ထုတ်လုပ်ရန် ကုန်ကြမ်း ချည်ချောများနှင့် ဆိုးဆေးများ တင်သွင်း ပေးရန် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ထွက်ရှိလာသော ကုန်ချောများ ရောင်းချနိုင်မည့် ပြည်ပ ဈေးကွက်များ ရှာဖွေပေးခြင်းနှင့် ဝမ်းတွင်းမြို့နယ် ယက္ကန်း လုပ်ငန်းရှင်များကို နိုင်ငံတော်၏ အစီအစဉ်ဖြင့် နိုင်ငံခြားသို့ လေ့လာရေး စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုပါသည်

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုလျှက်ရှိသော ထုတ်လုပ်မှုနည်းစဉ်၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နည်းပညာများအား လေ့လာလိုပါက လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသေးစား ၊အလတ်စား ယက္ကန်း လုပ်ငန်းများ ရှင်သန်နိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာများအား ပံ့ပိုး ကူညီဆောင်ရွက်ပေးရေးသည် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စားကုန်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့၏ တာဝန်အဖြစ် ခံယူပြီး အကောင်အထည်ဖော်လျှက် ရှိပါကြောင်းနှင့် နိုင်ငံခြားသို့ လေ့လာခြင်းမပြုမီ ပြည်တွင်းရှိ ခေတ်မီ ချည်မျှင်စက်ရုံကြီးများအား အချိန်မရွေးလေ့လာရေး ဆောင်ရွက်သင့်ပါကြောင်းဖြေကြား