(ဃ)-တစ်နိုင်ငံလုံးတွင် စိုက်ပျိုးလျက်ရှိသည့် သီးနှံများအလိုက် အထွက်နှုန်းတိုးတက်ရန် နိုင်ငံပိုင် ယူရီးယား ဓာတ်မြေဩဇာ စက်ရုံများမှ မည်သည့် အချိန်တွင် မည်ကဲ့သို့ ထုတ်လုပ် ပေးနိုင်မည်ကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
ကျွန်တော့်အနေနဲ့ နိုင်ငံပိုင်ယူရီးယားဓာတ်မြေ သြဇာစက်ရုံတွေကနေ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီးတော့မှ သိချင်လို့ မေးမြန်းရခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ စိုက်ပျိုးနေတဲ့ သီးနှံတွေအလိုက် နှစ်စဉ်မိမိတို့နိုင်ငံမှာ ဖူလုံဖို့အတွက် အထွက်တိုးဖို့ လိုအပ်တဲ့ ယူရီးယားဓာတ်မြေသြဇာဟာ တန်ချိန် ၂.၁၉ သန်းခန့်ရှိတယ်လို့ စိုက်ပျိုးရေးပညာရှင် တွေက တွက်ချက်ထားတာတွေ့ရှိရပါတယ်။ မိမိတို့နိုင်ငံမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံပိုင် ဓာတ်မြေသြဇာစက်ရုံ ၅ ရုံကနေပြီးတော့မှ ထုတ်လုပ်ခဲ့တာဟာ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ဝ.၁၆ သန်းပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ တစ်နိုင်ငံလုံးလိုအပ်ချက်နှင့် နှိုင
