စက်မှုဝန်ကြီးဌာန

(င)-မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍ အနီးစပ်ဆုံး(၅)နှစ်တာကာလအတွင်း မြွေကိုက်ခံ ရမှုအခြေအနေများ၊ BPI မှ ထုတ်လုပ်နိုင်သည့်မြွေဆိပ်ဖြေဆေး များပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက်အခြေအနေတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍ အနီးစပ်ဆုံး (၅) နှစ်တာကာလအတွင်း မြွေကိုက်ခံ ရမှုအခြေအနေများကိုသိလိုခြင်း၊ BPI မှ ထုတ်လုပ်နိုင်သည့်မြွေဆိပ်ဖြေဆေး များပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက်အခြေအနေအားသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

(က)-မော်တော်ယာဉ်ပြုပြင်သည့် လုပ်ငန်းတိုးတက်စေရန် လက်မှတ်ရကျွမ်းကျင် စက်ပြင်ဆရာ၊ သတ်မှတ်မြေနေရာနှင့် လုံလောက်သော သတ်မှတ်ပစ္စည်းကိရိယာများရှိမှသာ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့များ ဖွင့်လှစ်ပေးသည့်စနစ်မျိုး ဖန်တီးပေးခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

 

(က)-မော်တော်ယာဉ်ပြုပြင်သည့်လုပ်ငန်း Auto Service Industry တိုးတက်စေရန် လက်မှတ်ရကျွမ်းကျင် စက်ပြင်ဆရာ၊ သတ်မှတ်မြေနေရာနှင့် လုံလောက်သော သတ်မှတ်ပစ္စည်းကိရိယာများရှိမှသာ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့များ ဖွင့်လှစ်ပေးသည့်စနစ်မျိုး ဖန်တီးပေးခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

(င) စက်မှုလုပ်ငန်းအား မည်ကဲ့သို့ပြောင်းလဲပုံဖော်ဆောင်ရွက်မည်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည်‌့ ဧည့်သည်တော်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား မင်္ဂလာပါလို့ ကျွန်မ နှုတ်ဆက်ပါတယ်။ ကျွန်မကတော့ ရေနံချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း ဖြစ်ပါတယ်။ ကျွန်မ ဒီနေ့ မေးမယ့်မေးခွန်းကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ပြည်တွင်းစက်မှုလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ပြောင်းလဲပုံဖော်ကူညီဆောင်ရွက်မည်ကို သိရှိလို၍ မေးမြန်းခြင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မအနေနဲ့ ဒီမေးခွန်းကိုမေးရခြင်းမှာ ပြည်တွင်းစက်မှုလုပ်ငန်းရှင် တစ်ယောက်အနေနဲ့သော်လ

(င) ရွှေတောင်မြို့၌ စက်မှုဇုန်သတ်မှတ်ပေးရန်နှင်‌့စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသောပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဂါရဝတရားရှေ့ထားပြီးတော့ မင်္ဂလာပါလို့ ကျွန်မနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်ဖြစ်ပါတယ်။

 

(ဃ) စက်မှုရပ်ကွက်အား အဆင့်မြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်ကြီးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာပဏာမဆုတောင်းမေတ္တာ ပို့သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အတွင်းမှာတည်ထောင်ထားရှိသော စက်မှုရပ်ကွက်အား အခြားစက်မှုဇုန်များ နည်းတူ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံ‌တော်မှဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်ခင်ဗျား။

( စ ) လူနေရပ်ကွက်အတွင်းရှိ စက်ရုံများနှင်‌့စပ်လျဉ်းသည့် မေးခွန်း

 လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အရင်ဆုံး ကျွန်တော် မေးမယ့်မေးခွန်း ကတော့ ရန်ကုန်မြို့တော်အတွင်း လူနေရပ်ကွက်များမှာ စက်ရုံ၊ အလုပ်ရုံကြီးများ ယနေ့အထိ တည်ရှိ နေသည်ကို သိပါသလား။ ဒုတိယမေးခွန်းကတော့ ငမိုးရိပ်ချောင်းဘေးမှာ တည်ဆောက်ထားတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှ ပိုက်တိုင်များ ထုတ်လုပ်သည့်စက်ရုံ ကြောင့် အဆိုပါရပ်ကွက်ရှိ ရေနံ့သာလမ်းမကြီး ပျက်စီးသွားရခြင်း၊ ရပ်ကွက်သူရပ်ကွက်သားများ သွားလာရန် အန္တရာယ်ကြုံတွေ့နေရခြင်း၊ မိုးတွင်းရေလျှံသည့်အခါ ၎င်းစက်ရုံမှတစ်ဆင့် ရေများစက်ရုံ အတွင်းသိ

(က)-တိုင်းဒေသကြီး/ပြည်နယ်များတွင် နှစ်စဉ်မြွေကိုက်ခံရသည့် ဖြစ်စဉ်နှင့် မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ ဆေးဝါး လုံလုံလောက်လောက် ဖြန့်ဝေနိုင်ရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်း ကျေးလက် နေ တောင်သူလယ်သမားများ၊ အလုပ်သမားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သိလိုတဲ့ အချက်ကို ကျွန်တော့်လိုပဲ ဒေသခံပြည်သူများက သိလို ဆောင်ရွက်ပေးစေလိုတဲ့ ဆန္ဒရှိတဲ့အတွက် အများပြည်သူများ သိသာထင်ရှားစွာ သိရှိနိုင်ရန် ရည်ရွယ်ပြီးတော့ ဒီမေးခွန်းကို သက်ဆိုင်ရာဝန်ကြီး များထံ မေးမြန်းရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်နေပြည်သူများ စားဝတ်နေရေး ပြည့်စုံပြီး စီးပွားရေးတိုးတက်မှသာ မြို့နဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုကွာဟချက်လျော့နည်းပြီး ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော

(ခ)-မောင်တောမြို့နယ်၊ အလယ် သံကျော်ဒေသနှင့် အခြားမြို့နယ်များတွင် စက်မှုလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နိုင်ရေး စီစဉ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ကျွန်မတို့ရဲ့ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်ရေပြင်နဲ့ ဆက်စပ်တည်ရှိပြီးတော့ မြစ်ကြီးများ၊ ချောင်းများပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ အနောက်ဘက်ရှိ လူဦးရေအလွန်သိပ်သည်းများပြားသော အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက်မိုင်၂၅၀ ခန့် တစ်ဆက်တည်းတည်ရှိနေပါတယ်။ ရခိုင်ပြည်နယ်၏ လက်ရှိလူဦးရေကိုကြည်‌့ခြင်းအားဖြင့် တိုင်းရင်းသားမဟုတ်တဲ့ တိုင်းတစ်ပါးသားလူဦးရေမှာ အထူး သဖြင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှာ တိုင်းရင်းသားလူဦးရေထက်ပိုမိုလွှမ်းမိုးနေတာကို တွေ့ရှိရပါတယ်။ ရသေ့တောင်နှင့် စစ်တွေ၊ ပေါက်တောမြို့နယ်များတွင် တိုင်းရင်းသားများ၏ လူဦးရေ ကိ