(ဃ)-လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုနေသော ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့ အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
လုပ်ပိုင်ခွင့် အာဏာကိုအသုံးပြု၍ ငွေကြေးများအလွဲသုံးစားပြုလုပ်ခြင်း၊ လယ်မြေများကို လယ်တောင်သူမသိဘဲ ရောင်းချခြင်း၊ အများပိုင်အဆောက်အဦများကို မိမိသဘောဖြင့် ရောင်းချခြင်းပြုလုပ်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့ အရေးယူပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါတယ် ရှင်။ ကျိုးကြောင်းဖော်ပြချက်အနေနဲ့ လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး လူထုအပေါ် တွင် ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်း၊ ဥပမာ စာသင်ကျောင်းဆောက်လုပ်ခြင်း၊ လမ်းပြုပြင်ခြင်း၊ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်ခြင်း၊ ဆေးပေးခန်းဆောက်လုပ်ခြင်းစသည့် ကောက်ခံရရှိ သည့်ငွေကြေးများကို ငွေစာရင်းရှင်းတမ်းများပြုလ
