ပြည်ထဲရေးဝန်ကြီးဌာန

(ဂ)-ခရိုင်အဆင်‌့အထိ အကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော သင်တန်းပေးခြင်း၊ အင်အားတိုးချဲ့ဖွဲ့စည်းနိုင်ခြင်း ရှိ။မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်စေရန် မေးခွန်းတစ်ခုကို ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ရိုသေလေးစား အပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများဟာ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ် လျက်ရှိနေပါတယ်ခင်ဗျား။ အဲ့ဒီဖြစ်ရပ်များဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့အခါမှာ လွန်စွာအနှောင့်အယှက် ဖြစ်စေပါတယ်။ ဤကိစ္စရပ်တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ ဖြေရှင်းနိုင် ရန်လည်း လိုအပ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါကြောင့် ဒီမိုကရေစီဝါရင့်နိုင်ငံများမှာ အကြမ်းဖက်မှ

(ဃ)-နိုင်ငံတော်မှ လွတ်လပ်ရေးမော်ကွန်းဝင်အဆင့်အလိုက် လူပုဂ္ဂိုလ်အရေအတွက် မည်မျှရှိခဲ့ပြီး မည်မျှ ကွယ်လွန်၍ မည်မျှကျန်ရှိပါသနည်း၊ အဆိုပါပုဂ္ဂိုလ်များအား တစ်လုံးတစ်ခဲတည်း ချီးမြှင့်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ နိုင်ငံတော်၏ လွတ်လပ်ရေးရရှိရန်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး နှစ်ပေါင်းများစွာ သက်စွန့်ဆံဖျား ဆောင်ရွက် ခဲ့ကြသည်ကို တစ်နိုင်ငံလုံး အသိဖြစ်ပါကြောင်း၊  အမျိုးသားခေါင်းဆောင်ကြီး အပါအဝင် လွတ်လပ်ရေးရယူရန်အတွက် ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီး ကို နိုင်ငံတော်သမ္မတကြီးက ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်စသဖြင့် ချီးမြှင့်ခဲ့ကြောင်း၊ ထိုပုဂ္ဂိုလ်များသည် အသက်အရွယ်အားဖြင့်  အိုမင်းလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးဖူလုံမှုမရှိဘဲနှင့်ဘဝကို အခက်အခဲ အမျိုးမျိုးရင်ဆိုင်ဖြတ်ကျော်နေရသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင

(က)-ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စသည့် မြေကွက် ပေါ်၌ နေထိုင်သော မိသားစုအိမ်ထောင်စု ၇၀ ဝန်းကျင်၏ မူလနေထိုင်အိမ်တွင် နေထိုင်ခွင့်ရရှိရေး ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၂) ရပ်ကွက် ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စသည့် မြေကွက် ပေါ်၌ နေထိုင်သော မိသားစု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်၏ မူလနေထိုင်ရာအိမ်တွင် နေထိုင်ခွင့် ရရှိရေး ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းပဲ ဖြစ်ပါတယ်ရှင့်။ အကျိုးအကြောင်း ဖော်ပြချက်အနေနဲ့ ဘားအံမြို့အမှတ်(၂) ရပ်ကွက် ကွင်းအမှတ်(၄) ဈေးတန်းကွက်၊ ကွင်းအမှတ်(၅) ဈေးဟောင်းကွက် ဖော်ပြပါ ဦးပိုင်အမှတ် ၇ ခုမှ မိသားစု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်ဟာ မြေပိုင်ရှ

(ခ)-ယာဉ်မတော်တဆဖြစ်ပွားမှုများတွင် တာဝန်သိပြည်သူများမှ အချိန်နှင့်တစ်ပြေးညီကူညီစောင်‌့ရှောက် ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ယနေ့ နိုင်ငံတော်မှာ တိုးတက်များပြားလာသောလူဦးရေနဲ့အညီ မော်တော်ကား၊ မော်တော်ဆိုင်ကယ် စသည့် စက်တပ်ယာဉ်များမှာလည်း တိုးတက်များပြားလာသည်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ယာဉ် အစီးရေတိုးတက်များပြားလာသည်နဲ့အညီ ယာဉ်မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများမှာလည်း နိုင်ငံ အဝှမ်းမှာ နေ့စဉ်နဲ့အမျှကြားသိခဲ့ရပါတယ်။ သေဆုံးသူများရှိသလို ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူများထဲမှ အချို့သည်ဆေးရုံသို့အချိန်မီရောက်ရှိခြင်းမရှိသည့် အတွက် မသေသင့်ပဲသွေးလွန်၍သေဆုံးနေရသည်ကိုလေ့လ

(ဃ)-တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အိမ်ဂရန်များ လျှောက်ထားမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ အိမ်ဂရန် အဟောင်း၊ အသစ်၊ ခွဲစိတ်ဂရန်များ ပြုလုပ်ရာမှာ ကြန့်ကြာမှုများ ရှိနေပါတယ်။ ယခင်က ဂရန်များ လျှောက်ထားရာတွင် မြေ ၁ ဧကအောက်ကို ခရိုင်အဆင့်တွင် လည်းကောင်း၊ ၁ ဧကနှင့်အထက် ၅ ဧကအထိကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လည်းကောင်း လျှောက်ထားရယူနိုင်ခဲ့ပါတယ်။ သို့သော် ယခုအခါမှာ ၁ ဧကမှ ၅ ဧကအထိ ဂရန် အသစ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်အထိ တင်ပြနေရသည့်အတွက် ဂရန်သစ် လျှောက်ထားသူ ပြည်သူလူထုမှာ များစွာအခက်အခဲတွေ့ကြုံနေရပါတ

(ဂ)-National Road Safety Council ဖွဲ့စည်းခြင်းရှိ၊မရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို ထပ်မံတိုးချဲ့ဖွဲ့စည်းရန် ရှိ၊ မရှိ။ စည်းကမ်းဖောက်ဖျက်၍ အရေးယူဒဏ်ရိုက်ထားခြင်းမှ ရရှိသောဒဏ်ငွေများကို မည်သည့်နေရာများတွင် သုံးစွဲနေသည်နှင့် စပ်လျဉ်

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကို လေ့လာခဲ့ရာမှာ ဖြစ်ပွားမှုအကြိမ်ရေ ၈၀၀၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၁၄၀၀၀ ကျော်နှင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ တစ်ရက်ပျမ်းမျှ ယာဉ်မတော်တဆမှု ၃၁ ကြိမ်ခန့်ဖြစ်ပွားပြီး လူ ၅၃ ဦးကျော် ဒဏ်ရာရရှိကာ နေ့စဉ်သေဆုံးမှု ၉ ဦးခန့်ရှိနေကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် UN ကလည်း WHO အား ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုကို HIV, AIDS

(စ)-၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ နှင့် စပ်လျဉ်းသည့် မေးခွန်း

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဆိုတဲ့ မေးခွန်းကိုမေးရတာ ရည်ရွယ်ချက် ၂ ချက် ရှိပါတယ်ရှင်။ ပထမရည်ရွယ်ချက်တစ်ချက်ကတော့ ကျွန်မတို့မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော်ရှိတဲ့အနက် မြန်မာအမျိုးသမီးဦးရေကထက်ဝက် ကျော်ကျော်ရှိနေပါတယ်။ ဒီ့အတွက် ကျွန်မလည်း မြန်မာအမျိုးသမီးဖြစ်နေတဲ့အတွက် ထက်ဝက်ကျော် သောမြန်မာအမျိုးသမီး များရဲ့ အားလုံးထဲမှာမှ ပြည့်တန်ဆာဘဝနဲ့ခက်ခဲစွာဘဝကိုရပ်တည်နေရတဲ့ အမျိုးသမီးများရဲ့ဘဝကို တည်ဆဲဥပဒေအတွင်းမှာ သိက္ခာရှိရှိရပ်တည်စေချင်တဲ့ဆန္ဒနဲ့ နောက်တစ်ချက် အဲ့ဒီအမျိုးသမီးများရဲ့ ဘဝကို ကာကွယ်စောင့်ရှောက်ပေးချင်လို့ ဒီမေးခွန်းကိုမေးရခြင်း ရည်ရွယ်ချက် (၁) ဖြ

(င)-မြို့နယ်ရဲတပ်ဖွဲ့စခန်း များတွင် သက်ဆိုင်ရာမြို့နယ်အတွင်း ရဲသတင်းပေး (Informer) များ ထားရှိပြီး ဆောင်ရွက်လျက်ရှိသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း များမှာ သက်ဆိုင်ရာမြို့နယ်အတွင်း ရဲသတင်းပေးလို့ခေါ်သော Informer များထားရှိ ဆောင်ရွက်မှု အခြေအနေကို မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ဒီမေးခွန်းဖြစ်ပေါ် လာရတဲ့အခြေခံအချက်တချို့ကို ကျွန်မအားတင်ပြခွင့်ပြုပါ။ ၂၈-၁၁-၂၀၁၂ ရက်နေ့ က ကျွန်မတို့ တာမွေမြို့နယ်အတွင်းမှာ ဖုန်းပျောက်တဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပြီး မသင်္ကာသူ ကလေးငယ်တစ်ဦးကို တာမွေမြို့နယ်ရဲစခန်းက နယ်ထိန်းနှင့်အဖွဲ့က ၂၈-၁၁-၂၀၁၂ ရက်နေ့ ညနေဆောင်းမှာ လက်ထိပ်ခတ် ပြီးခေါ်ဆောင်သွားခဲ့ပါတယ်။ ခေါ်ဆောင်သွားပြီး ရဲစခန်းအတွင်းမှာရှိတဲ့ အခန်းတစ်ခုမှာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ အဲဒီ