(စ) ပုလဲမြို့နယ်၊ မဟူတောင်ဒေသဓာတ်ငွေ့သိုက်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ယူရီးယား ဓာတ်ငွေ့စက်ရုံတည်ဆောက်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဟန် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နှင့်တောင်သူလယ်သမားများအကျိုးကို ရှေးရှုပြီးတော့ ဤလွှတ်တော်သို့ မေးခွန်းလွှာတစ်ခုကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့မေးခွန်းကို ဖတ်ကြားတင်ပြခွင့်ပြုပါခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျာ
