လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(ခ)-မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက် များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မင်းတုန်းမြို့သည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၃ မိုင် ၄ ဖာလုံ ကွာဝေးပြီး ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၇၂ အုပ်စုတို့နှင့် ကျေးရွာပေါင်း ၁၇၆ ရွာရှိသော မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်မီးရရှိရေး လိုအပ် နေသည့် မြို့ဖြစ်ပါကြောင်း၊

(ဃ)-မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ (၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ( ၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့် တစ်မြို့နယ်လုံးရှိ ကျေးရွာများအား ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

(က)-အရှုံးပေါ်၍ ရပ်ဆိုင်းထားသော ဓာတ်မြေသြဇာစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင်‌့ ပူးပေါင်းပြီး ဓာတ်မြေသြဇာများကို ပြန်လည်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဦးနေမျိုးထက်( ကျောက်တံတားမဲဆန္ဒနယ်) (921)မြန်မာနိုင်ငံသည် တစ်ချိန်က ပြည်ပသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာထွက်ကုန်တိုးတက်မြင့်မားရေးအတွက်လည်း မဖ