(ဂ)-ရေနံအလုပ်သမားများ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ခံစားခွင့်ရရှိနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး(စကု)မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဆိုပြီး ရေနံမြေနှစ်ခုရှိပါကြောင်း၊ ၎င်း ရေနံမြေများတွင် အလုပ်လုပ်နေကြသည့် ရေနံမြေအလုပ်သမားများနှင့် တွေ့ဆုံသည့်အခါ ဥပဒေနှင့်အညီ ရခွင့်ရှိသည့်အခွင့်အရေးများ အပြည့်အဝမရရှိကြောင်းကို ကြားသိခဲ့ရပါသည်။ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် ရှစ်နာရီထက်ပိုမိုပြီး တာဝန်ထမ်းဆောင်နေရခြင်းများ ဆောင်ရွက်နေရသော်လည်း အချိန်ပိုကြေး မရခြင်း၊ တရားဝင်ရုံးပိတ်ရက်များကို ဝန်ထမ်းတိုင်းခံစား
