လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(စ)-မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုရှိ လျှပ်စစ်မီးမရရှိသေးသော နောင်လွန်း၊ နောင်လေ၊ မိုက်ပုတ်၊ ဆန်ကွယ်နောင်ချို ကျေးရွာ ၄ ရွာအား ၃၃ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန် မြို့နယ်အတွင်း လင်းခေး-မိုင်းပန်လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများနှင့်မြို့များသို့ ၂၀၁၄ ခုနှစ် မှစပြီး လင်းခေးမြို့ဓာတ်အားလိုင်းမှ ၃၃ ကေဗွီဓာတ်အား လိုင်း ဖြင့်ဆွဲယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး သုံးစွဲလျက်ရှိပါကြောင်း၊ ယခု မိုင်းပန်-တာဆန်း-မိုင်းတုံ ၃၃ ကေဗွီဓာတ်အားလိုင်း သွယ်တန်းနေပြီဖြစ်၍ မိုင်းပန်-တာဆန်း-မိုင်းတုံ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာများပါ လျ

(င)-အုတ်တွင်းမြို့နယ်၊ စစ်တောင်း မြစ်ကမ်းပါးရှိ ကျေးရွာများအား ၁၁ ကေဗွီ ဓာတ်အားပေးလိုင်း သွယ်တန်းပြီး ကမ်းပါးတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

အုတ်တွင်းမြို့နယ်သည် အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းကြီး အရှေ့ဘက်တွင် စစ်တောင်း မြစ် တို့ရှိပါကြောင်း၊  စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာများသည် ကမ်းပါးပြိုသည့်ဒဏ်ကို ခံရသည့် အပြင် လူနေမှုဘဝ တိုးတက်ခြင်းမရှိဘဲ နိမ့်ကျနေဆဲဖြစ်ပါကြောင်း၊ ရွာပေါင်း ၂၃၀ ကျော်ရှိသည့် အနက် ၂၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားရရှိပြီး အများစုသည် ကိုယ်ထူကိုယ်ထ မီးလင်းရေး အတွက် အိမ်ထောင်စုတစ်စုကို ၈ သိန်းမှ ၁၀ သိန်းခန့်

(ဃ)-မြန်မာနိုင်ငံအတွင်း ဖြန့်ဝေ တပ်ဆင် အသုံးပြုနေသော အိမ်သုံးလျှပ်စစ် ဒီဂျစ်တယ်မီတာ (Ever တံဆိပ်) များအား ဈေးနှုန်းစိစစ်လျှော့ချပြီး ရောင်းချပေးရန် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

၂၀၁၀ ခုနှစ်၊ ပြီးခဲ့သည့်အစိုးရ လက်ထက်တွင် Under Lock မီတာစနစ်မှ Digital မီတာစနစ်ကို ပြောင်းလဲရန် လုပ်ဆောင်ခဲ့ပါကြောင်း၊ ၎င်းအတွက် လိုအပ်သည့် မီတာများကိုဝယ်ယူရန် တင်ဒါခေါ်ခဲ့ပါကြောင်း၊ ပြည်သူများသည် ဒီဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင်ရာတွင် Ever တံဆိပ်မီတာများကို ဝယ်ယူတပ်ဆင်ရမည်ဟု သိရှိလာပြီး လျှပ်စစ်ဌာန၏ ထောက်ခံမှုအပြည့်အဝ ရထားသည့် မီတာဖြစ်ကြောင်း သိရှိရပါသည်။ Ever တံဆိပ်မီတာများကို မြန်မာ့စီးပွားရေး ဦးပ

(ဂ)-ကလေးမြို့နယ်တွင် အိမ်သုံးမီတာဘောက်စ်များ လုံလောက်စွာ ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိတို့မြို့နယ်၏ လျှပ်စစ်သမိုင်းကိုတင်ပြရလျှင် ၁၉၅၅ ခုနှစ်တွင် ကလေးဝမြို့နယ်၊ သစ်ခြောက်၊ ကျောက်မီးသွေးမိုင်းမှတစ်ဆင့် လျှပ်စစ်မီးအချိန်ပိုင်း စတင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် ဒီဇယ်အင်ဂျင်ဖြင့် အချိန်ပိုင်းမီးလင်းပေးခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ဇီးချောင်းရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သော်လည်း အစပိုင်းတွင် လျှပ်စစ်မီးထွက်ခဲ့ပြီး နောက်ပိုင်း စက်ရုံမလည်ပတ်နိုင်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင်

(ခ)-မင်းဘူးမြို့ မန်းတာဘိုင်ဓာတ်အားပေး စက်ရုံတွင် နှစ်ကာလကြာမြင့်နေပြီဖြစ်သော OCB Feeder များ အား အသစ်များလဲပေးရန်နှင့် မင်းဘူးမြို့ကို သီးခြား 1 Feeder ထုတ်ပေးရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်မင်းဘူးမန်းတာဘိုင်ဓာတ်အားပေး စက်ရုံသည် မင်းဘူးမြို့နယ်အတွင်းရှိ စကုမြို့နယ်၊ ငဖဲမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့အပြင် သရက်ခရိုင်တွင်ရှိသည့် မင်းလှမြို့နယ်ကိုပါ လျှပ်စစ်ဓာတ်အားများ တစ်ဆင့်ပြန်လည် လွှတ်ပေးနေရပါကြောင်း၊ မန်းတာဘိုင်တွင်ရှိသည့် 33 KV OCB Feeder များသည် နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းနေပြီ ဖြစ်သည့်အတွက် မကြာခဏလျှပ်စစ်မီးပြတ်ခြင်းများ ကြုံတွေ့နေ

(စ)-၂၀၁၉-၂၀၂၀အတွင်း တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၂၀၁၈-၂၀၁၉တွင် ကာမိုင်း၊ တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်းအတွက် လိုအပ်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

(ခ)-ဖလမ်းမြို့နယ်ရှိ ရိခေါဒါရ်မြို့တွင် နေထိုင်သည့် ပြည်သူများအား ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်ရန် ၅၀၀ KVA မီးစက်(၁)လုံး သို့မဟုတ် ၁၂၅၀ KVA မီးစက် (၁)လုံး ချထားပေးပါရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ရိခေါဒါရ်မြို့ကို အမှတ်(၁)နှင့်အမှတ်(၂)ရပ်ကွက်ဖြင့် ရပ်ကွက်နှစ်ခုဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အမှတ်(၂)ရပ်ကွက်သည် အမှတ်(၁)ရပ်ကွက်ထက် လူဦးရေ ၅ ဆခန့် ပိုမိုများပြားလျက်ရှိပါကြောင်း၊ အမှတ်(၁)ရပ်ကွက်တွင် လျှပ်စစ်ဦးစီးဌာနမှ ၅၀၀ KVA မီးစက်တစ်လုံးဖြင့် တစ်ရက်လျှင်လေးနာရီ လျှပ်စစ်ဓာတ်အားပေးလျက်ရှိပြီး လျှပ်စစ်ဓာတ်အားခမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးဆောင်ရပါ ကြောင်း၊ အမှတ်(၂)ရပ်ကွက်မှ တစ်ဘက်နိုင်ငံ နယ်စပ်မြို့မှ နှစ်

(ဃ)-နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် တိုးတက်သုံးစွဲလျက်ရှိရာ လာမည့် (၂၀၁၈၊၂၀၁၉၊၂၀၂၀၊၂၀၂၁) ခုနှစ်တို့တွင် ဓာတ်အားမပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် ထုတ်လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့ အစီအစဉ်ချပြီး လုပ်ဆောင်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံတွင် နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်သုံးစွဲ လျက်ရှိရာ လာမည့် (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ခုနှစ်တို့တွင် ပြည်သူများကို လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် လျှပ်စစ်ထုတ်လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့ အစီအစဉ်ချပြီး လုပ်ဆောင်နေသည်က