ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

(စ) အားကစားနည်းစနစ်မှူးခန့်ထားရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသောပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်အားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့နိုင်ငံရဲ့ လူမှုရေးဦးတည်ချက် လေးရပ်ထဲက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးဆိုတဲ့ ရည်မှန်းချက်ဟာ ကျန်းမာမှလည်း ပညာရည်မြင့်မားနိုင်ပြီး ပညာရည်မြင့်မားမှလည်း ကျန်းမာရေးကို အလေးထားရကောင်းမှန်းသိမှာဆိုတဲ့ အပြန်အလှန်အထောက်အကူပြုနေတဲ့ သဘောကို ဖော်ဆောင် ထားတာပါ။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃-၉-၂၀၁၁

(င) အားကစားကွင်းအဆင့်မြှင့်တင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

မင်္ဂလာအပေါင်းနှင့်ပြည်‌့စုံခညောင်းပါတဲ့အချိန် အခါသမယမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြား ထားတဲ့ဧည်‌့သည်တော်များအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေလို့ ကျွန်တော် ဦးစိုင်းထွန်းစိန်၊ မိုင်းပြင်းမဲဆန္ဒနယ်မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနဲ့ အားကစားကဏ္ဍတိုးတက်မြင့်မားရေးနှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုကို တင်ပြ မေးမြန်းလိုပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ အားကစားဝန်ကြီးဌာနရဲ့

(ဃ) ပြည်သူ့အားကစားပြိုင်ဝင်းနှင့်စပ်လျဉ်းသည်‌့မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍တက်ရောက်လာကြသော ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရ မြင်းခြံခရိုင်ပြည်သူ့အားကစားပြိုင်ဝင်းပြုပြင်ရေး မေးခွန်းအားမေးမြန်းသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အနည်းငယ်ရှင်းလင်းတင်ပြခွင့်ပြုပါ ခင်ဗျား။ မြင်းခြံခရိုင်ပြည်သူ့အားကစားပြိုင်ဝင်းဘောလုံးကွင်