ပထမဦးစွာ လူငယ်များအတွက် ပြောချင်ပါကြောင်း၊ ကော့မှူးမြို့နယ်မှ လူငယ်များသည် ရန်ကုန်မြို့ပေါ်မှ လူငယ်များကဲ့သို့ အားလပ်အချိန်တွင် အားကစားလေ့ကျင့်ရာတွင် အသုံးပြုရန်နေရာခင်းကျင်း နည်းပါးပါကြောင်း၊ လူငယ်များအားကစားစိတ်ဓာတ် ရှင်သန်နိုးကြား နေမည်ဆိုလျှင် မူးယစ်ဆေးဝါးနှင့် အခြားမကောင်းသည့် စိတ်ထွက်ပေါက်များ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးပြီးသား ဖြစ်မည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ မြို့နယ်တွင် အဆက်မပြတ် ကျင်းပပေးမည်ဆိုလျှင် တိုင်းပြည်ဂုဏ်ဆောင်လာမည့် အခြေခံအားကစားသမား ကောင်းများကိုလည်း စုစည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် လူကြီးများအတွက် စဉ်းစားလျှင်လည်း ဝန်ထမ်းများ၊ လုပ်သားအင်အားစုများ၊ လူလတ်ပိုင်းများ၊ အငြိမ်းစားလူကြီးများသည် စိမ်းလန်းသည့်မြက်ခင်း၊ အေးချမ်းသည့် ဘောလုံးကွင်းနားတွင် ကာယလေ့ကျင့်ခန်းများ လုပ်နိုင်ရန်နှင့် အပျော်ကစားနိုင်ရန်လည်း လိုနေပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနားယူနိုင်ခွင့်သည် ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးဖြစ်ပါကြောင်း၊ ထိုအခွင့်အရေးရရန်အတွက် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များနှင့်တကွ ပြည်ထောင်စုဝန်ကြီး ဌာနများတွင် တာဝန်ရှိသည်ဟု ထင်မိပါကြောင်း၊
မိမိတို့မြို့နယ်တွင်၂၀၀၀ ခုနှစ်တွင် အားကစားကွင်း တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်အထိ အားကစားပြိုင်ပွဲကို ငါးကြိမ်သာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ သုံးကြိမ်ကျင်းပနိုင်ပြီး မိမိတို့ဌာနပေါင်းစုံအဖြစ် နှစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထိုသို့ကျင်းပသည့်အခါ ခိုက်ရန်ဖြစ်ပွားမှုများနှင့်သာ အဆုံးသတ်နေပြီး အားကစားပြိုင်ပွဲများကို အောင်အောင်မြင်မြင် ကျင်းပလာခဲ့သည်မှာ နှစ်ကြိမ်သာရှိပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ၆ လပိုင်းတွင် မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အကူအညီဖြင့် ပြုလုပ်ပြီးဖြစ်သော်လည်း အားကစားပြိုင်ပွဲ ကျင်းပ၍ မရသေးပါကြောင်း၊ မိမိတို့မြို့နယ်တွင် အားကစားကွင်း မရှိသည့်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် အဆင်ပြေသလို၊ အလျင်းသင့်သလို ရပ်ကွက်အုပ်စုများ စုပေါင်းပြီး ကစားသည့် ဇမ္ဗူဟိန်းအားကစားကွင်းသာရှိပါကြောင်း၊ ရာသီစုံကစားနိုင်သော်လည်း ကွင်းအနေအထားကျဉ်းသည့် အတွက်ကြောင့် ဖြစ်ဖြစ်မြောက်မြောက် ကစား၍မရပါကြောင်း၊ ကော့မှူးမြို့၏ အရှေ့ခြမ်းတွင်လည်း ကျေးရွာအုပ်စုများ စုပေါင်းပြီး ဖောက်လုပ်ထားသည့် ကွင်းလေးရှိပါကြောင်း၊ ထိုကွင်းတွင်လည်း နွေရာသီတွင်သာ အုပ်စုပွဲကစားရပါကြောင်း၊ ထို့ကြောင့် ကော့မှူးမြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကိုယ်စား အားကစားကွင်းတစ်ကွင်း အဆင့်မီပြုလုပ်ပေးပါရန် မေးမြန်းပါသည်။
မိမိအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် အားကစားကွင်း အုတ်တံတိုင်းကို ၁၉၉၀ ခုနှစ် ကတည်းက အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကာရံပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ် နာဂစ်ကြောင့် ပြိုလဲသွားခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေနှင့် ကော့မှူးမြို့နယ်အားကစားကွင်း ပွဲကြည့်စင်တည်ဆောက်ခြင်းကို ငွေကျပ်သန်း ၄၀၊ ဘောလုံးကွင်းမြေသား မြှင့်တင်ခြင်းနှင့် ရေွမောင်းတူးခြင်းကို ကျပ်သန်း ၂၀ ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ပါကြောင်း၊ ထိုသို့ိုဆောင်ရွက်ပေးသည့်အခါတွင် Maintenance အရေးကြီးပါကြောင်း၊ Maintenance တာဝန်သည် မြို့နယ်ရှိပြည်သူများနှင့် အားကစားသမားများ၏ တာဝန်ဖြစ်ပါကြောင်း၊ ဘောလုံးကွင်း ပြင်ဆင်ပြီးချိန် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် အားကစားပွဲနှစ်ခု အကြီးအကျယ်လုပ်ပါကြောင်း၊ ကော့မှူးမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး Township Sport Spore Development Plan အရ ကော့မှူးမြို့နယ် ကျောင်းပေါင်းစုံ ဘောလုံးပွဲကို လုပ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ အားကစားကွင်း အဆင့်မြင့်တင်ရေး လုပ်ငန်းငါးခု ဆောင်ရွက်ရန်အတွက် ယခင်က ကျပ် ၁၁၄ သန်း ထည့်သွင်းလျာထား ခဲ့သော်လည်း ယခုအခါ မိမိတို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အထွေထွေ ရန်ပုံငွေမှ ၃၃.၅ သန်းဖြင့် ဘောလုံးကွင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ၂၉-၆-၂၀၁၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၇-၇-၂၀၁၈ ရက်နေ့တွင် ရာခိုင်နှုန်း ၁၀၀ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကွင်းများတွင် Sliding Door နှင့် တံခါးများ၊ ခြံစည်းရိုးများမှာအားလုံး သံတိုင်များနှင့် လုပ်ထားသော်လည်း လုပ်ဆောင်ပေးရန် လေးခုကျန်နေပါကြောင်း၊ ထိုလေးခုမှာ ဘောလုံးကွင်းမြေသားမြှင့်တင်ခြင်း၊ Gold Score Board တပ်ဆင်ခြင်း၊ ကွန်ကရစ်လျှောက်လမ်းနှင့် ပတ်လမ်းခင်းခြင်း၊ ပွဲကြည့်စင် ဘယ်/ညာကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို မိမိအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေစာရင်း တွင် အောက်တိုဘာလ၊ စက်တင်ဘာလအထိ ငွေကျပ် ၈၀.၅ သန်းအား ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရမည်ဆိုလျှင် မိမိဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ပြည်လုံးတွင်ရှိသည့် အားကစားကွင်းများကို ပြင်ရန်၊ ဂိုးတိုင်များလုပ်ပေးရန်၊ Table Tennis ဆိုလျှင်လည်း Racket ကအစ လုပ်ပေးရန် မိမိအနေဖြင့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ကျန်းမာရေးမှ အားကစားကို ၂၅.၅ ဘီလီယံ ပေးလိုက်ပါကြောင်း၊ အားကစားက ၂၂ ဘီလီယံ ရသော်လည်း အဖြတ်ခံလိုက်ရပါကြောင်း၊ အားကစားတွင် ၄.၆၇ ဘီလီယံ ထိုသို့အဖြတ်ခံရမည်ကို မိမိသိလျှင် ကျန်းမာရေးမှ ၎င်းထဲကို ထည့်မည် မဟုတ်ပါကြောင်း၊ နောက်မှသာ ကျန်းမာရေးမှအောက်ကို လုပ်ထုံးလုပ်နည်းအရ ပေး၍ရပါကြောင်း၊ ယခု အားကစားကိုများသွားသည့်အခါ အဖြတ်ခံလိုက်ရပါကြောင်း၊ အားကစားက အဘယ့်ကြောင့်များ သွားသလဲ ဆိုသည်မှာ နှစ်စဉ် မိမိတို့က ၂၀ နှင့် ၂၂ ဘီလီယံသာရပါကြောင်း၊ ၂၀၁၈-၁၉ တွင် မိမိက Exercise Medicine နှင့် National Seminar on Sports Development ၊ Seminar ၏ ထောက်ခံချက်၊ အဆိုပြုချက်များကို လုပ်ရန်ဆိုပြီး ပိုက်ဆံပိုပေးသည့်အခါ အဖြတ်ခံလိုက်ရသည့်အတွက် မတတ်နိုင်ပါကြောင်း၊ ရှိသည့်ပိုက်ဆံကို မိမိတို့သုံးမည်ဆိုလျှင် ရှိသမျှပိုက်ဆံများမှ တစ်ပြည်လုံးရှိ အားကစားကွင်းများကို ပြင်မည်ဖြစ်ပြီး Net များ၊ Table Tennis, Racket ၊ ခုံ အကုန်ဝယ်ပြီး ကျောင်းများပေးရန် အများကြီးအစီအစဉ်ရှိပါကြောင်း၊ မိမိအနေဖြင့် National Finish ကိုရရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး လုပ်ပေးမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈-၁၉ တွင် ထည့်ထားသည့် ပိုက်ဆံမရှိသော်လည်း မိမိတို့တစ်နည်းနည်းနှင့် လှည့်ပြီးတော့လုပ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
